ကမ္ဘာဦးကတည်းက လူမျိုးတိုင်း ဘာသာတိုင်း၌ ၄င်းရို့၏ ဒဏ္ဍာရီ ဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထုများ ရှိခဲ့ကြသည်။ အလားတူပင် ရခိုင် လူမျိုး၌လည်း ဒဏ္ဍာရီဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထုတစ်ခုရှိသည်။ သို့ရာတွင် ယင်းရုပ်ထုကို ကမ္ဘာကပင် မဆိုထားနှင့် မြန်မာနိုင်ငံ၌ပင် လူအများစုက မသိကြသေးပါ။၎င်းကို ရှိဟောင်း ဇေတီပုထိုးများ၏ ကျောက်ဆစ်လက်ရာများတွင် ပုံသဏ္ဍာန် အမျိုးမျိုးရှိသော ရှိဟောင်းလက်ရာ အမွီအနှစ်အဖြစ် တွေ့နိုင်ပါသည်။ ယင်း သတ္တ၀ါကို ရခိုင် လူမျိုးရို့က “ဗျာလ” ဟုခေါ်ဆိုကြသည်။ အဆိုပါ သတ္တ၀ါ မှာရခိုင် လူမျိုးရို့၏ရှေ့ရိုး စဉ်ဆက် တစ်လျှောက် ရှိခဲ့သော ဒဏ္ဍာရီဆန်သော သတ္တ၀ါဖြစ်သည်။
၎င်း ‘ဗျာလ’ ကို သတ္တ၀ါ ကိုးမျိုး၏ ကောင်းမြတ်သော ခွန်အား စွမ်းအင်ရှိသော သတ္တ၀ါတို့၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားသည်။ယင်းသို့ သတ္တ၀ါ ကိုးမျိုး၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားခြင်းကြောင့် ‘န၀ ရူပ ဗျာလ’ ဟုလည်းခေါ်သည်။ အဆိုပါ ‘န၀ ရူပ ဗျာလ’ ရုပ်တွင် ပါရေသတ္တ၀ါ ကိုးမျိုး၏ အစိတ်အပိုင်း များမှာ -
• ၁. ဆင်နှာမောင်း
• ၂. သမင်မျက်လုံး
• ၃. ကြံ့ဂြို
• ၄. ကြက်တူရွေး(ကျီး)လျှာ
• ၅. ခြူး (ငါးကြင်းကွက်)
• ၆. ဒေါင်းအမြီး
• ၇. မြင်းနားရွက်
• ၈. ကျားအစွယ်
• ၉. ခြင်္သေ့လက်ဝါး တို့ဖြစ်သည်။
ထိုကဲ့သို့ ထူးခြားသော စွမ်းအင်ရှိသော အစိတ်အပိုင်းများကို တစ်ကောင်တည်း ဖြစ်အောင် ပေါင်းစပ် ထားခြင်းမှာလည်း ဗျာလ သတ္တ၀ါ ၏ ထူးခြားမှုကို ရည်ညွှန်းထားရေ အဓိပ္ပါယ် ဖြစ်သည်။ ဗျာလတွင် ပါရေအစိတ်အပိုင်းများ အနက် ကြက်တူရွေး (ကျီး) လျှာသည် စကား ပရိယာယ် ကြွယ်ဝခြင်းကို လည်းကောင်း ၊ ဒေါင်းအမြီးသည် လှပ တင့်တယ် ခြင်းကို လည်းကောင်း ၊ မြင်း နားရွက်သည် အကြား အာရုံ ထက်မြက်ခြင်း ကိုလည်းကောင်း ၊ သမင်မျက်လုံး သည် အမြင်အာရုံ စူးရှခြင်းကို လည်းကောင်း ၊ငါး(ခြူး) ၏ ကိုယ်ထည်သည် လျင်မြန် ဖျတ်လတ်ခြင်းကို လည်းကောင်း ၊ ကြံ့ဂြို ၊ ကျားစွယ် ၊ခြင်္သေ့ လက်ဝါး ၊ ဆင်နှာမောင်း သည် စွမ်းအင် ကြီးမားခြင်းတို့ကို လည်းကောင်း အသီးသီး ကိုယ်စားပြုပါသည်။
အဆိုပါ သတ္တ၀ါ ကိုးမျိုးတို့၏ အစိတ်အပိုင်းဖြင့် တန်ဆာ ဆင်အပ်သော သတ္တ၀ါအား ထားခြင်းဖြင့် “အဗျာလော- ဘေးဥပါဒ်ကို မဖြစ်စီတတ်ဘဲ ၊ လာဘော - လာဘ်လာဘကိုသာဖြစ်စေတတ်၏“ ဟု ရခိုင်လူမျိုးတို့ ယုံကြည်ထားကြသည်။
ဗျာလကို ရခိုင် ဝေသာလီခေတ် သာသနိက အဆောက်အအုံ များတွင် စတင်တွေ့ရှိ ရသည်။ ယင်းထကရှေ့ကျသော ရုပ်ထုများလည်း ရှိကောင်း ရှိနိုင်ပါလိမ့်မည်။ မင်္ဂလာ အခမ်းအနားများ၌ သုံးစွဲသော အသုံးအဆောင် ပစ္စည်းများတွင် အနည်းငယ်တွေ့ရပါသည်။ ရခိုင်လူမျိုးရို့၏ေ၇ှ့ဟောင်း အထိမ်းအမှတ် တခုဖြစ်သော ‘န၀ ရူပ ဗျာလ’ ကို ကျောင်းကန်၊ ဇေတီ ပုထိုးများတွင် လည်းကောင်း ၊ ထင်ရှားသော အဆောက် အဦး များတွင် လည်ကောင်း၊ စွမ်းအင် ကိုးမျိုး ပေါင်းစု ထားသော အစောင့် အရှောက် သတ္တ၀ါ အဖြစ် ထားလေရှိပါသည်။
…………………..
Showing posts with label ဆောင်းပါး. Show all posts

Tuesday, November 27, 2012
Thursday, November 15, 2012
ဘုရားစူးပါ့စေ တကယ့်အဖြစ်လေး
အခုတလော သတင်းတွေမှာ ပင်စင်စားတွေ အသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့် တာ အတော်ကြာနေပါပြီ။ မြန်မာပြည်မှာ ငွေတန်ဖိုး အဆမတန် ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတ ရာ၊ ငွေနှစ်ရာ ဆိုတာက ကလေးမုန့်ဖိုးပဲရှိပါတယ်။
ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီ အချိန်က အဖိုးရဲ့ ပင်စင်လစာက ၃၀၀ ကျော်လောက်ရတယ်တဲ့။ အဖွားက ပြည်တွင်းအခွန်ကနေ ပင်စင်ယူလိုက်တော့ ပင်စင် လစာ ၂၀၀ နီးပါးရပါတယ်။ အဖိုးနဲ့ အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီးဆီကမှ လက်ဖြန့်စရာ မလိုဘဲ သူ တို့ဖာသာ နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား ပေးတဲ့ခေတ်ပါ။ သား သမီးတွေက သိတတ်လို့ ကန်တော့ရင်တော့ ငွေပိုငွေလျံအဖြစ် လှူနိုင်တန်းနိုင်ပါတယ်။
ကျမ ဘကြီး ဘဏ်လုပ်ငန်းကနေ ပင်စင်ယူတော့ ၁၉၉၁ ခုနှစ်မှာပါ။ သူရတဲ့ ပင်စင်လစာ ငွေ ၆၀၀ ရာက သုံးမ လောက်တော့ သူ့ဇနီး စုဆောင်းထားတဲ့ ငွေလေးကို အရင်းအနှီးပြုပြီး အတိုးအများကြီးမယူဘဲ နှစ်ဦး နှစ်ဖက် အလုပ် ဖြစ်ယုံ ဈေးသည်တွေကို ငွေတိုးချရသတဲ့။ အဒီအချိန်က ဆန်တပြည်ကို ၂၅ ကျပ်လောက်ဖြစ်နေပါပြီ။ ထမင်းစားချိန် ဧည့်သည်လာရင် ထမင်းစားခေါ်ဖို့ ဝန်မလေးကြသေးပါဘူး။ ကျမ အဖွား အမြဲပြောပြောနေတတ်တာက ကမ္ဘာမှာ မြန် မာလူမျိုးက ဧည့်ဝတ်ကျေတဲ့ လူမျိုးတွေတဲ့။
ကျမအဖေ ပင်စင်ယူတော့ ၁၉၉၄ ခုနှစ်မှာပါ။ ကျမကျောင်းပြီးတဲ့ နှစ်မှာ အဖေ ပင်စင်ယူလိုက်ပါတယ်။ အဖေ့ ပင်စင် ငွေ ၆၀၀ ကျပ်နဲ့ ဘယ်လိုမှ မရပ်တည်နိုင်တော့ပါဘူး။ ကျမ လည်းကျူရှင်သင်၊ အဖေ လည်းကျူရှင်သင်တော့မှ ကျောင်းနေဆဲ မောင်နဲ့ ညီမ အဆင်ပြေပါတယ်။ လက်ဖက်ရည် တခွက်ကို ၃ ကျပ်လောက် ဖြစ်နေပြီဆိုတော့ လက် ဖက်ရည် အရမ်းကြိုက်တဲ့ ကျမ အမေ လက်ဖက်ရည်လျော့သောက်နေရပါပြီ။
၁၉၉၅ ကနေ ၂၀၀၁ အထိ ကျမက နိုင်ငံရေးအကျဉ်းသား အဖြစ်ထောင်ထဲမှာ ရှိနေစဉ် ၁၉၉၆ မှာ ကျမ အဖေဆုံးပါး သွားပါတယ်။ ဆက်လက်ခံစားပိုင်ခွင့်အဖြစ် ကျမ အမေက လစဉ် ငွေ ၃၀၀ ကျပ် ရရှိပါတယ်။ အမေကံကောင်းတာက ကျမရဲ့မောင်ရော၊ ညီမရော၊ အမကပါ၊ တဦးတည်း ကျန်သောမိခင်ကို စောင့်ရှောက်ကြလေတော့ အမေ မျက်နှာ မ ငယ်ရပေမဲ့၊ အကယ်၍ အဖေ့ ပင်စင်ငွေ ၃၀၀ ကျပ်နဲ့သာ အမေရပ်တည်ရမယ်ဆိုရင် ဘယ်လိုမှ ရပ်တည်နိုင်မှာ မ ဟုတ်ပါဘူး။ ဆန်တပြည်ကို ၅၀ ကျပ်နဲ့ ၆၀ ကျပ် ကြားထဲမှာ ရှိပါတယ်။ ကက အငှားယာဉ်တွေပေါ်ကာစဖြစ်လို့ ခရီး စနဲ့ ခရီးဆုံးကို ငွေ၂၀၀ ကျပ် ကျသင့်တဲ့အချိန်ပါ။
၂၀၀၃ မှာ ကျမ အမေဆုံးတော့ အမေမထုတ်ဖြစ်တဲ့ ပင်စင်လစာ ၆ လစာ ကျန်ခဲ့ပါတယ်။ တကယ်လို့သွားထုတ်မယ် ဆိုရင် ထောက်ခံစာ ယူရမယ်၊ သေစာရင်း အိမ်ထောင်စုစာရင်း ဘာညာလိုအပ်တာတွေနဲ့ မကာမိလို့ ကျမတို့ ညီအမ တွေလဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အဲဒါက ကျမတို့ မိသားစု ရင်ဆိုင်ဘူးတဲ့ ပင်စင်စား ဘဝတွေပါ။ အဲဒီ အချိန် ရောက်တော့ ဆန်တပြည်တောင် ၅၀၀ ကျော်လောက်ရှိပါတယ်။ အမေရတဲ့ ငွေ ၃၀၀ ဟာ ကလေးမုန့်ဖိုးသာသာ ပါ ပဲ။
၂၀၀၈ ခုနှစ် ကျမတို့ မိသားစုလိုက် မြောက်ဒဂုံဘက်ကို ပြောင်းရွေ့ နေထိုင်ခဲ့ ရပါတယ်။ မန္တလေး လမ်းဈေးမှာ ကျမ ကြုံခဲ့ဘူးတဲ့ အကြောင်း ပြောပြချင်မိလို့ပါ။ မန္တလေးလမ်းထိပ်မှာ မနက် ၉ နာရီနဲ့ ၁၀ နာရီ ကြားဆိုရင် အသားခပ်လတ် လတ် အဝတ်အစားနွမ်းပါးပေမဲ့ သန့်သန့်ရှင်းရှင်းနဲ့ အဖွားကြီးတယောက် ဒန်ဖလား ပြောင်ပြောင်လေး ရှေ့ချပြီး ထိုင် နေလေ့ ရှိပါတယ်။ တခြားတောင်းစားသူတွေလို တဂျီဂျီနဲ့ တောင်းတာမျိုးမဟုတ်ဘဲ ငြိမ်ငြိမ်သက်သက် ထိုင်နေတာပါ။ ၁၀ နာရီကျော်လာရင် စစ်ကိုင်းလမ်းမှာရှိတဲ့ ကျမရဲ့ဆိုင်ဘက်ကို အမြဲလမ်းလျောက် လာတတ်ပါတယ်။ တခါကတော့ ကျမဆိုင်ထဲ ဝင်လာပြီး မုန့်ဟင်းခါး ၂၀၀ ဖိုး ရောင်းပါလို့ သူက ပြောပါတယ်။ ကျမဆိုင်က အလုပ်သမားတွေက တပွဲ ၃၀၀ ရောင်းလို့ ၂၀၀ ဖိုးဆိုရင် မရောင်းရဲဘူးလို့ ပြောပါတယ်။ ကျမ ဈေးကပြန်လာတာနဲ့တိုးလို့ ကျမက ရောင်းပေး လိုက်ပါပြောမှ ဆိုင်က ကလေးတွေက ရောင်းပေးလိုက်ပါတယ်။
သူက မုန့်ဟင်းဖတ် မပါလဲရတယ်၊ မုန့်ဟင်းရည် ပိုထဲ့ပါလို့ ပြောပါတယ်။ ကျမက အဲဒီ အဖွားကြီးကို စိတ်ဝင်စား နေ တာ ကြာပြီမို့လို့ အဖွားခဏ ထိုင်ပါလို့ ပြောပြီး မေးလိုက်ပါတယ် “အဖွားက အိမ်မှာ ထမင်းနဲ့စားမလို့လား” ဆိုတော့ အဖွားကြီးက ခေါင်းညိတ် အဖြေပေးပါတယ်။ ကျမကလဲ စိတ်ထဲမှာ အလှူလုပ်ချင်စိတ် ပေါ်လာလို့ ဒီမှာ အဝစားသွား ပါလားလို့ ပြောလိုက်ပါတယ်။ အဖွားက ခေါင်းခါ ငြင်းဆန်ပြီး အိမ်မှာအဖိုးကြီး ဆာနေလိမ့်မယ်တဲ့။ ကျမလဲ ဆိုင်က ကောင်မလေးတွေကို ပိုထည့်ခိုင်းလိုက်ပါတယ်။ အဲဒီ တုန်းက ဆန်တပြည်ကို အညံ့ဆုံး ဆိုရင်တောင် ၉၀၀ လောက် ပေးရပါတယ်။
တရက်မှာတော့ အဖွားကြီးက သူဗိုက်ဆာလွန်းလို့ မုန့်ဟင်းခါး အကြွေးရောင်းဖို့ ပြောပါတယ်။ ကျမလဲ သနားလို့ သူ့ ကို ထည့်ပေးလိုက်ပါတယ်။ ပိုက်ဆံ ပြန်ရဖို့ ကျမ မမျော်လင့်ပါဘူး။ ဒါပေမဲ့ နောက်နေ့မှာ သူက ရာတန်အနွမ်းလေး ၂ ရွက် လာပေးပါတယ်။ ကျမက ပြန်လှူလိုက်လို့ ကျမကို ဆုတွေ တသီချည်းပေးပါတယ်။ လူတော်တော် များများက အ ကြွေးယူသွားရင်တောင်းမှ ပေးပါတယ်။ အဲဒီလို လူမျိုးထဲ အဖွားမပါ ပါဘူး။
သူ့ကို ကျမနေ့တိုင်းတွေ့ပါတယ်။ ကျမဆီမှာ သူဘယ်တော့မှ အလကားမစားပါဘူး။ ၂၀၀ ကျပ်တော့ သူက ပေးပါ တယ်၊ ကျမဆိုင်မှာ ရပ်ကွက်လူကြီးနဲ့ သူ့ကတော်က မကြာခဏ အလကားအားပေးပေမဲ့ အဖွားကတော့ ငွေ ၂၀၀ ကျပ်ကို ပေးသွားတတ်ပါတယ်။
ကျမရဲ့ ဆိုင်နားမှာဘပဲ အသက် ၇၆ နှစ် ရှိနေပြီဖြစ်တဲ့ တပ်မတော်က အနားယူထားတဲ့ အဖိုးကြီးလဲ ရှိပါတယ်။ သူက ပါလီမန်ဒီမိုကရေစီ ခေတ်ကိုလဲ မှီတဲ့လူပါ။ ဗေဒင်ဟောစားပါတယ်။ အဖိုးက သွေးတိုးကြောက်လို့ မုန့်ဟင်းခါးမစားပါ ဘူး၊ သက်ကြီးရွယ်အိုဆိုတော့ ရေနွေးလိုချင်လို့ လာဝယ်တာပါ။ ကျမက ရေနွေး အလကားပေးနေကြပါ။ အဖိုးက ကိုယ်ချင်းစာ စကားပြောရှာပါတယ်။ ညီး လောင်စာဖိုး ကုန်မှာပေါ့တဲ့။ အဖိုးမှာ သားတယောက် ရှိတယ်တဲ့။ သူ့သားက တလကို ငွေ ၂ သောင်း ထောက်ပံတယ်တဲ့။ အဖိုးက သူ့ပိုင်တဲ့အိမ်ကို တခြမ်းခြမ်းပြီး ငှားထားတယ်တဲ့။ အဲဒီကနေ တလကို ငွေ ၂ သောင်းရတယ်။ ဗေဒင်ဟောတာက သိပ်များများစားစား မရပါဘူး။
အဖိုးက နေမကောင်းရင် ဆေးခန်းမပြဘူး။ ကွမ်းယာဆိုင်မှာရောင်းတဲ့ ဆေးတွဲပဲ ဝယ်သောက်တယ်။ ကျမ ကွမ်းယာ ဆိုင်မှာ မုန့်သွားတယ်တုန်း အဖိုးနဲ့တွေ့တော့ ကျမက အဖိုးနေမကောင်းဘူးလား လို့မေးလိုက်တော့ အဖိုးက သွေးတိုး နေလို့တဲ့၊ ကျမက ဆေးခန်းပြပါလားလို့ပြောတော့ အဖိုးက “ဆေးခန်းတခါ သွားရင် ငွေ ၁၅၀၀၊၂၀၀၀ လောက် ကုန် တာ သမီးရဲ့ သွေးတိုးတိုင်း ဆေးခန်းပြေးရရင် အဖိုး ထမင်းတောင် စားရမှာ မဟုတ်ဘူးတဲ့။ ပင်စင်စားတွေရဲ့ ဘဝ ဟာ အတော်ကို အောက်ကျနောက်ကျ နိုင်ကြပါတယ်။ တယောက်ထဲနေတဲ့ အဖိုးက ထမင်းလခ တလကို ၂ သောင်း ၅ ထောင် ပေးနေရပါတယ်။ ချွေတာတဲ့ အနေနဲ့ နေ့တိုင်းလက်ဖက်ရည် မသောက်ဘဲ တထုပ် ၇၅ ကျပ်တန် ကော်ဖီမစ် ကိုပဲ အိမ်မှာ ဝယ်သောက်ပါတယ်။ လက်ဖက်ရည် တခွက်ကို ၂၅၀-၃၀၀ လောက်ပေးရပါတယ်။
ဒီလိုနဲ့ ကျမဟာ အမြဲတန်း ဂရုစိုက်နေမိတဲ့ လူ ၂ ယောက် ရှိလာခဲ့ပါတယ်။ အခုတလော ကျမဆိုင်ရှေ့က အဖွားဖြတ် မသွားတာ သတိပြု နေမိပါတယ်။ ကျမ ရင်ထဲမှာ စိတ်ပူနေမိတာ အမှန်ပါဘဲ။ ဒီလိုနဲ့ အဲဒီရက်တွေ အတွင်းမှာပဲ ကျမ ရဲ့ ကိစ္စတခုရှိလို့ တောင်ဒဂုံဘက်ကို သွားရပါတယ်။ အတော် တိုက်ဆိုင်တယ်လို့ပြော ရမှာပါ။ ကျမသွားတဲ့ လမ်းထဲ က တဲအိမ်တလုံးရဲ့ အိမ်ရှေ့ မျက်နှာစာမှာ ထိုင်နေတဲ့ အဖွားကိုတွေ့ပါတယ်။ ကျမ ထိတ်ကနဲ ဝမ်းသာသွားပါတယ်။ ဒါကြောင့် အဲဒီ ရပ်ကွက်ထဲက အမကို မေးလိုက်မိပါတယ်။
အမက ညီမ… ဖွားမိနဲ့ သိလားတဲ့၊ ကျမက သိတယ်လို့ ပြောတော့ အမက “ဖွားမိက သနားဖို့ကောင်းတယ်တဲ့၊ သူ့ ယောက်ကျားက တောကျောင်းဆရာ၊ သူတို့ခေတ်က ၇ တန်းအောင်ရင် တောပိုင်းမှာ မူလတန်းဆရာလုပ်လို့ ရတယ်လေ။ ပင်စင်စားကြီးပေါ့၊ သားထောက်သမီးခံလဲမရှိဘူး၊ ဖွားမိက ပညာမတတ် ရှာဘူး။ သူ့ခင်ပွန်းကိုပဲ မှီခိုနေရတာ။ အဖိုးကြီး အိပ်ရာထဲ လဲနေတာ၂ နှစ် နီးပါးကြာနေပြီ။ ပင်စင်လခတွေက မလောက်မငှဆိုတော့ နေကောင်းနေတုန်း ကဆိုရင် အဖိုးဂျာနယ်လေးဘာလေး ရောင်းတယ်လေ။ အခုတော့ ဖွားမိဘဲ လုပ်ကိုင်ကျွေးမွေး နေရတာတဲ့၊ အသက် ကြီးမှ ပင်ပင်ပန်းပန်း လုပ်နေရတယ်တဲ့။ အဲဒီ အမက ဖွားမိလုပ်တဲ့ အလုပ်ကို သေချာသိပုံမရလို့ ကျမလဲ ပြောမပြခဲ့ ပါဘူး။
ကျမ ပြန်ခါနီးတော့ ဖွားမိအိမ်ကို ဝင်လိုက်ပါတယ်။ အိမ်လေးက ယိုင်ယိုင်နဲ့နဲ့လေးပါ။ အိမ်မိုးထားတဲ့ ဓနိတွေလဲ ပေါက် ပြဲ နေပါတယ်။ ထရံတွေလဲ ဆွေးမြေ့ နေပါတယ်။ အိမ်မှ တကဲ့ကို အိမ်ဖြစ်တယ်ဆိုရုံလေးပါပဲ။ အဖွား ဘာဖြစ်လို့ ဆိုင်ဘက် မလာတာလဲလို့ ကျမက မေးတော့ အဖွားက “နေမကောင်းဘူး သမီးရယ်တဲ့၊ ကျမ အိမ်ထဲကို လှမ်းကြည့် လိုက်တော့ အိမ်ထဲက အိပ်ယာလေးပေါ်မှာ ပိန်ပိန်လှီလှီ အဖိုးတယောက် အိပ်နေပါတယ်။ ကျမ အိမ်ထဲကို လှမ်း ကြည့်တာကို အဖွားက သိသွားတော့ “အဲဒါ အိမ်သားလေ၊ သူနေမကောင်းတာ ကြာပြီ၊ အရင်ကတော့ ဆေးခန်းမှန် မှန်သွားနိုင်တယ် အခုတော့ ဆရာဝန် မပြနိုင်တာတောင် ကြာသွားပြီ” တဲ့ ။ ကျမက ဘာရောဂါလဲမေးတော့ ကျောင်း ဆရာ ဘဝတုန်းက ရှူခဲ့ရတဲ့ မြေဖြူမှုန့်တွေကြောင့်ရော၊ ဂျာနယ်ရောင်းတုန်းက မနက်စောစောထ ဂျာနယ်တိုက်မှာ ဂျာနယ်သွားယူရတော့ ပင်ပန်းတာတွေရော ပေါင်းသွားတာပေါ့လေ။ သွေးတိုး၊နုလုံး၊ ရင်ကျပ်၊ အို…အစုံဘဲ။ ပိုက်ဆံ ချမ်းသာရင်တော့ သက်သက်သာသာ နေနိုင်မှာပေါ့။ အင်း အခုတော့ သူလဲ ခံစားရတာမသက်သာ၊ အဖွားလဲ သူ့ကို မြင်ရတာ မသက်သာဘူး သမီးရယ်တဲ့။
ကျမ လည်း တတ်နိုင်သလောက် ငွေလေးကို အဖွားလက်ထဲ ထည့်ပေးတော့ အဖွားမျက်လုံးမှာ မျက်ရည်တွေ ဝဲနေပါ တယ်။ ကျမလဲ ချမ်းသာတာ မဟုတ်လေတော့ အများကြီး မပေးနိုင်ပေမဲ့ ကျမ မိဘတွေသာဆိုရင် ဆိုတဲ့ အတွေး ကြောင့် ကျမ ပေးခဲ့မိပါတယ်။ ဒီငွေဟာ သူ့တို့အတွက် တညနေစာ အဟာရကိုသုံးဆောင်နိုင်မယ်လို့ ကျမ ထင်မိပါ တယ်။ ဒါဆို ကျမ အိုမင်းလို့ မစွမ်းနိုင်သူတွေကို လှူရကျိုးနပ်ပါတယ်။ လက်ဖက်ရည်ဖိုးကိုတော့ လျော့ရမှာပေါ့။ ကျမ လဖက်ရည် မသောက်ရတာက ပြဿနာတခု မဟုတ်ဘူးလေ။
အခုတော့ ကျမရဲ့ အဖိုးနဲ့ အဖွားလဲ ပင်စင်လခနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တဲ့ အခါမှာ သားသမီး မြေးမြစ်တွေကို မှီခို နေ ရပါတယ်။ တခါတလေတော့ သားသမီး မြေးမြစ်တွေနဲ့ တစုံတရာ သဘောထားကွဲလွဲခဲ့ရင် ကိုယ့်အခန်းထဲမှာ ကိုယ့်ဖာ သာပဲ ဝမ်းနည်းနေကြရတဲ့ အိုမင်းမစွမ်းတွေ ဖြစ်နေပါပြီ။ ငယ်ဘဝ အတွေ့အကြုံတွေကို စားမြုံပြန်ရင်း ရသေ့ စိတ်ဖြေ နေကြရတဲ့ ဘဝတွေပါ။
ကျမရဲ့ ဘကြီးတွေ ကြီးဒေါ်တွေလည်း ကိုယ်ဖာသာကိုယ် မရပ်တည်နိုင်ကြတော့ သားသမီး မြေးမြစ်တွေကိုပဲ အား ကိုး နေကြပါတယ်။ ကျမရဲ့ ကြီးဒေါ်ကပြောပါတယ် “ အသက်ရှည်တယ်ဆိုတာ လူတွေ လိုချင် တမ်းတ တဲ့ အရာဖြစ် ပေမဲ့ မြန်မာပြည်က အသက်ကြီးရွယ်အိုတွေ ဆိုတာက ဝဋ်ဒုက္ခကြီးတဲ့ လူတွေပဲ ဖြစ်ရမယ်တဲ့လေ။ ကိုယ်တိုင်လဲ မ ချမ်းသာ၊ သားသမီးမြေးမြစ်တွေကိုလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
ကြီးဒေါ်ရဲ့ အယူအဆ အတိုင်းဆိုရင်တော့ အသက် ၅၈ နှစ်နဲ့ လူ့လောက ကိုကျောခိုင်းခဲ့တဲ့ ကျမရဲ့ အဖေနဲ့အမေ က ဝဋ်ဒုက္ခနည်းသူတွေများလား ဆိုတဲ့အတွေးနဲ့ ကျမရင်ထဲမှာ မတင်မကျ ခံစားရပါတယ်။
ခင်ငြိမ်းသစ်

Saturday, October 6, 2012
( ဘာသာရေး ) မာနအကြောင်း
မာနဓာတ်ခံရှိသူသည်
တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော်လို၏။
ကြွတတရှိ၏။ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအဆင်း၊ ရောဂါကင်းခြင်း စသောဂုဏ်တို့ဖြင့် သူများထက်သာနေသောအခါ ..
“ငါက သင်တို့နှင့် တူသလား၊ ငါနှင့် အဖက်တန်သလား”ဟု ကိုယ့်ကိုယ်ကို အထင်ကြီးကာ သူတစ်ပါးကို အထင်သေးတတ်၏။
သူများထက်မသာဘဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံ ရှိနေသူတို့မှာ ..
“သင်နဲ့ငါနဲ့ ဘာထူးသေးသလဲ၊ သူ့လောက်တော့ ငါလဲရတာပဲ”ဟု တန်းတူထားလျက် မာန်တက်ပြန်၏။
ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြန်လျှင်လည်း မာနဓာတ်ခံရှိနေသူမှာ..
“
သူတို့က ငါ့ထက်သာကော ငါကဘာအရေးစိုက်ရမှာလဲ၊ ကိုယ်ရှိမှ ကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ၊
ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုန်း”ဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။
အများဖြစ်တတ်သောမာန်များနှင့် ပယ်ရှားနိုင်ဖို့ နည်းလမ်း
ဇာတိမာန်
အမျိုးကောင်းသည့်အတွက် မာန်မာနတက်နေခြင်းကို “ဇာတိမာန်”ဟုခေါ်သည်။ ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်။
သို့သော် မာန်တက်လောက်၊ ဟန်ကြီးပန်ကြီး လုပ်လောက်အောင် တစ်ဘက်သားကို ခြေဖ၀ါးအောက်ကဟု ထင်လောက်အောင် အမျိုးကောင်းပါ။
ရှေးက မဟာသွေး မဟာမျိုးဖြစ်၍ တကယ်အမျိုးကောင်းသည်ပင် ဆိုဦးတော့ အမျိုးမြတ်သူက မာနမဖက်ဘဲ ညက်ညက်ညောညော အပြောချိုကာ ....
အရာရာမှာ လိုက်လျောပါမူ အောက်တန်းကျသူတို့က ပိုမို၍ ချစ်ခင်ကြည်ညို ရိုသေကြမည် မဟုတ်ပါလော။
“အရောဝင်တော့ အရိုသေတန်”ဆိုသကဲ့သို့ အချို့ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုအသေတန်ကောင်း တန်ပေလိမ့်မည်။
သို့သော် ထိုအရိုအသေတန်မူအတွက် ထိုသူ အပြစ်သာ ဖြစ်၍ ထိုသူပင် နစ်နာပေလိမ့်မည်။
ဤသို့ အရာရာ ရှေ့နောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင် သတိဆောင်ကြပါကုန်။
ဓနမာန်
အထိုက်အလိုက် ဥစ္စာရှိသူတို့၏ မာန်ကို “ဓနမာန်” ဟုခေါ်၏။ ယခုအခါ အတော်အတန် ဥစ္စာရှိသူတွေ ရှိပါပေသည်။
သို့သော် ဥစ္စာနည်းပါးသူများနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကားမပြောနိုင်လောက်အောင် မကုန်မခန်းပေါများကြသည် မဟုတ်ပါ။
“မမြင်ဖူးတော့ မူးမြစ်ထင်”ဆိုသလို မိမိကိုယ်ကို သူဋ္ဌေးသူကြွယ်ဟုပင် ထင်စေဦးတော့ ..
ဆင်းရဲသူ ဆင်းရဲသားတို့အပေါ်မှာ သဘောကြီးကြီးထား၍ သနားကြင်နာ ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်မရှိပါသလော။
မိမိပစ္စည်း၌ ဘေးအန္တရာယ် မထူအောင် အကူအညီပင် ရနိုင်သေးသည် မဟုတ်ပါလော။
ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ ချိုသာသော စကားအသုံးသည် ဆင်းရဲသားတို့အတွက် အမြိန်ရှက်ဆုံး အမြိုက်ဆေး တစ်မျိုးပင် ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ရှေးက ဒါနကုသိုလ်အကျိုးပေး၍ တစ်သက်လျာအတွက် ရရှိသော စည်းစိမ်ဥစ္စာလေးကို နောင်သံသရာ အရေးဝယ် ..
အမျိုးအနွယ် အောက်ကျသွားဖို့အကြောင်း မကောင်းသောမာန၏ အောက်ခံကားပုံသဖွယ် မဖြစ်စေဘဲ ...
ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားရာဖြစ်အောင် ကြိုးစား၍ သတိဆောင်ကြပါကုန်။
ယခုတစ်ဘ၀ ကြီးကျယ်သော စည်းစိမ်သည် ဘေးအန္တရာယ် အလွန်များလှ၏။ ဘေးအန္တရာယ်ကင်းစေကာမူ တစ်သက်လျာမျှသာ သုံးစွဲနိုင်ပါသည်။
“ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ မင်းစည်းစိမ်ကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။” (အနန္တသူရိယ အမတ်)
စာပေပညာ၏ လမ်း ၂သွယ်
ယခုခေတ် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော လောကီပညာတို့သည် နဂိုကပင် အသက်မွေးဖို့လမ်းကို မှန်းပြီးဖြစ်၍ စိစစ်ဖွယ် မလိုပါ။
သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပိဋကတ်စာပေပညာမှ လမ်း ၂-သွယ် ဖြာနေပုံကို ထင်ရှားပြဦးမည်။
အောက်လမ်း
စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်။ လှူဒါန်းချင်သူ ပေါလာလိမ့်မည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းတို့ အကောင်းအမွန်ရလိမ့်မည်။
သူတစ်ပါးအပေါ် မောက်မော်နိုင်မည်။ ဤသို့ စသည်ဖြင့် လောဘ၊ ဒေါသ၊ မာန်မာနကို အခြေခံ၍ စာပေသင်ကြားကြ၏။
တတ်မြောက်သောအခါ၌လည်း မူလရည်ရွယ်ချက်အတိုင်း လာဘ်ပေါအောင် ကြိုးစား၍ သူတစ်ပါးအပေါ် မောက်မော် စော်ကားတတ်၏။
ထိုသူ၏ ပညာသင်ကြားမူ ပညာတတ်သိမူ အောက်လမ်းသွားဖို့အကြောင်း မကောင်းမူ ချည်းသာ ဖြစ်သည်။
ထိုကဲ့သို့ စိတ်ထားဖြင့် စာပေသင်ကြားမည့်အစား အိပ်နေခြင်းကပင် တော်သေး၏ဟု ကျမ်းဂန်၌ဆိုသည်။
အထက်လမ်း
စာပေတတ်လျှင် ဘုရားရှင်၏ တရားတော်ကို သိရလိမ့်မည်။ သူတစ်ပါးအား တစ်ဆင့်ပို့ချမည်။
စာပေပိဋကတ်တည်းဟူသော မှန်အပြင်ဝယ် အစဉ်မပြတ် ကြည့်ရူ၍ မိမိစိတ်နေစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်မည်။
ဤသို့ စသော ရည်ရွယ်ချက်ဖြင့် သင်၍တတ်မြောက်သော အခါလည်း ပစ္စည်းလာဘ်လာဘ ဒကာဒကာမပေါများမူကို ဂရုမစိုက်ဘဲ မူလရည်ရွယ်ရင်းအတိုင်းပင် ကြိုးစား၏။
ထိုပုဂ္ဂိုလ်၏ စာပေသင်ကြား တတ်မြောက်မူမျိုးကား အထက်လမ်းသို့ တက်လှမ်းဖို့အကြောင်း အကောင်းချည်းသာ ဖြစ်ပါသည်။
အချို့မှာကား စာပေမတတ်ခင်က စိတ်ထားမတတ်၍ စာမေးပွဲအောင်လိုခြင်း၊ နာမည်ကြီးလိုခြင်း စသော ရည်ရွယ်ချက်များ ရှိသော်လည်း ..
စာပေတတ်မြောက်သောအခါ အရာရာ စိတ်ပြောင်း၍ စိတ်ကောင်း နှလုံးကောင်း ရှိ၏။ ထိုပုဂ္ဂိုလ်ကား ရေမပြည့်ခင် ဘောင်ဘင်ခတ်နေသော ရေအိုးသည် ရေပြည့်သောအခါ ငြိမ်သက်လာသလို ဖြစ်သည့်အတွက် ...
အထက်တန်းသို့ တက်လှမ်းဖို့အကြောင်း လမ်းကောင်းရသူပင် ဖြစ်သည်။ ငယ်ရွယ်သူ ဟူသမျှတို့ စာတတ်သောအခါ ဤကဲ့သို့ လမ်းကောင်းရကြပါစေ။
အဆင်းမာန်
အလှဂုဏ်အတွက် မာန်တက်ခြင်းကို “အဆင်းမာန်”ဟုခေါ်၏။ ရှေးဘ၀က ဒေါသနည်းပါးခြင်း၊ ပန်းစသည်တို့ကို လှူဒါန်းခြင်း၊
ဘုရားကျောင်းဝင်း စသည်တို့၌ အမိုက်သုတ်သင်ရှင်းလင်းခြင်း စသော ကုသိုလ်ကောင်းမူကြောင့် ယခုဘ၀၌ ပရိသတ်အလယ် ...
တင့်တယ်ဝင်းစက် အဆင်းထွက်ခြင်းမှာ မာန်တက်မည်ဆိုလျှင် တက်လောက်ပါပေသည်။
သို့ရာတွင် မိမိအဖြစ်ဟောင်းကို ပြန်ပြောင်း၍ မှန်းဆသောအခါ ဒေါသကင်းစင် စိတ်ကြည်လင်၍ ရေလှူပန်းလှူခြင်း စသော ...
ကုသိုလ်ကောင်းမူရှင် သူတော်စင် ဖြစ်ခဲ့ဖူးရကား ယခုဘ၀ရောက်မှ အလှဂုဏ် မာန်တက်၍ သူတစ်ပါး အဖက်မထင်နိုင်အောင် ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ။
လှပသော ကိုယ်တွင်း၌ သန့်ရှင်းသော စိတ်အစဉ်ကို မွေးမြူကာ အရာရာ သိမ်မွေ့လျက် ဣနြေ္ဒရှင် သူတော်စင်ဖြစ်အောင် သတိထား၍ ကြိုးစားသင့်ပါသည်။
အချုပ်သတိပေးချက်
အချုပ်မှာ နိဗ္ဗာန်စံဝင်ပြီးသော သူတော်စင်ကြီးတို့သည် ယခုပြခဲ့သော ဇာတိမာန်စသည်တို့ တက်မည်ဆိုလျှင် မိုးထိအောင် လှေကားမထောင်ဘဲ တက်နိုင်ကြပေ၏။
မာန်တက်လောက်အောင်ပင် ဘုရင်မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားရသော မင်းညီမင်းသားများဖြစ်ကြသည်။
ပညာဘက်ကလည်း မဟော်သဓာတသုခမိန်စသည့်ဖြင့် ကမ္ဘာ့စံချိန် ချိုးတော်မူခဲ့သည်။
အမျိုးသမီးများဘက်ကလည်း ဥပ္ပလ၀ဏ်၊ ခေမာ၊ ယသော်ဓရာ စသော သူတော်ကောင်းအမျိုးသမီးတို့မှာ ..
အမျိုးဥစ္စာ ပညာဘက်၌ သာမက အလှဘက်ကလည်း တစ်ကမ္ဘာလုံး မျက်နှာဖုံးများပင် ဖြစ်ကြပေသည်။
ထိုမျှလောက် အထက်တန်းကျသော အမျိုးသား အမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ စသည်တို့အတွက် မာန်မာနမတက်ကြပါဘဲလျက်
..
“သည်လိုယုန်တော့ ခြုံ တိုင်းတွေ့နိုင်”တဲ့ အစား “တံငါစာ၍ ငါသာသာ” ရှိသူများ ရှိစုမဲ့စု စု၍ရသော ဇာတိ ပညာ ဥစ္စာ အဆင်းဖြင့် ..
ကြက်ဆူပင်မင်းမူနေခြင်းမှာ နက်နက်နဲနဲတွေးလျှင် လေးလေးပင်ပင် ရှက်ဖွယ်ပါတကား။
ထို့ကြောင့် နှလုံးလေပင့်၍ ဘ၀င်မြင့်သူအလား ထောင်လွှား တက်ကြွ မာန်မာနဖြစ်ခြင်းသည် သူတစ်ပါးတို့ မြင်ပြင်းကတ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေရုံသာမက..
နောက်နောက်ဘ၀တို့၌ အမျိုးညံ့ဖို့အကြောင်း မကောင်းသက်သက် ဖြစ်ရကား ဇာတိ ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သလောက် ..
အထက်တန်းရောက်နေသော်လည်း နောက်နောက်ဘ၀ အဆင့်ဆင့်၌ မြင့်သည်ထက်မြင့်ဖို့ အရေးကိုသာ ရွယ်ကိုး၍
..
“အစွယ်ကျိုးသောမြွေ၊ ဦးချိုကျိုးသောနွား၊ ခြေသုတ်ပုဆိုးအလား”ကဲ့သို့ တက်ကြွသော မာန်စွယ်ကို နုတ်ပယ် နှိမ်ချိုးနိုင်ကြပါစေသား။
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
မူရင်းနေရာလေး ပါ :)
Saturday, August 18, 2012
ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ် ( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )
ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ် ( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း ) ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေး ဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရ သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္မများစွာ ရောက်ခဲ့ကြသည်။ ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။
သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာ အဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။ ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။
ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက် ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည် ဖြစ်၏။
ဒီဘက်ကမ်းမှ မြစ်ကို ဖြတ်၍ ဟိုဘက်ကမ်း သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန် ကူးရမည်သာ ဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်း မရောက်ပေ။ ရောဂါ အနာ စွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့် အနာရောဂါ မပျောက်ပေ။ ဆရာဝန် ညွှန်ကြားသည့် ဆေးကို သောက်ရမည်သာဖြစ်၏။ ဆရာဝန် တားမြစ်သည်ကို လိုက်နာရမည်သာ ဖြစ်၏။ သို့မှ အနာရောဂါ ပျောက်ပေမည်။
သစ်သီးစားချင်လျက် သစ်ပင်ပေါ် မတက်ဘဲ သစ်ပင် ရှိခိုးနေသလို-ဟိုဘက်ကမ်း သွားချင်လျက် လှေရှာ၍ မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို-အနာရောဂါ ပျောက်လိုလျက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော သတ္တ၀ါတို့သည် ကိုးကွယ်ရာ အမှန်ကို မရကြသည့်အတွက် ချမ်းသာသုခ မရသည့်အပြင် ပို၍ပင် ဆင်းရဲဒုက္ခရောက်နေကြသည်။
( ကျင့်သုံးမှုနှင့် သတိတရား )
ကိုးကွယ်ရာအမှန်ကား အကျင့်တရား။(စရဏ) ပင် ဖြစ်၏။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏။
ဟိုဘက်ကမ်း ရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏။
အနာရောဂါ ပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏။
ထိုနည်းတူစွာ ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။ ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏။ မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ ထင်ရှားပါသည်။
ဒုစရိုက်ဟူသည် အပြစ်လည်း သင့်၏။ ဒုက္ခလည်း ပေးတတ်သည်။ သုစရိုက်ဟူသည် အပြစ်လည်း ကင်း၏။ သုခကိုလည်း ပေးတတ်သည်။ သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရုံသာ ဖြစ်၏။
တရားကျင့်သူကို တရားက ပြန်၍ စောင့်ရှောက်ပါသည်။ (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ )
ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။ ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။
ဤကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်းအကြောင်းရင်းကိုလည်း သိရမည်။ သုခနှင့် သုခ၏ အကြောင်းရင်းကိုလည်း သိရမည်။
( ကျင့်ကြံမှုနှင့် အမှန်တရား )
ဤအမှန်တရား လေးပါးကို သိစေသော အကျင့်မျိုးကို ဗုဒ္ဓ၀ါဒ ခေါ်သည်။
ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion) မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy) မျိုးလည်း မဟုတ်ပေ။ စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့ Religion နှင့် Philosophy နှစ်မျိုးစလုံးမှာ မရှိပေ။ ဗုဒ္ဓ၀ါဒမှာ စရဏ (အကျင့်) က ပဓာန ဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်၏။
လူဖြစ်ဖို့ ခက်၏။ သဒ္ဓါနှင့် ပညာ ပြည့်စုံသော လူ ဖြစ်ဖို့ ပို၍ခက်၏။ ထိုထက် ပို၍ ခက်သည်ကား စရဏ (အကျင့်) ဖြစ်၏။ သစ္စာသိဖို့ကား အခက်ဆုံးဖြစ်၏။ သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏။
စရဏ ကို ကျင့်ဖို့ သစ္စာကို သိဖို့ရန် သဒ္ဓါ ပညာ ပြည့်စုံသောလူတို့ တရားမှန်ကို နာကြားရဖို့လည်း အခက်ကြီးတပါးပင် ဖြစ်၏။ ထို့ကြောင့် ဗာရာဏသီဆရာတော်ကြီးနှင့် မိမိတို့သည် အာရှခြောက်နိုင်ငံ (ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာ) သို့ သုံးလနှင့် သုံရက်ကြာ ခရီးထွက်၍ ဘာသာ သာသနာ အရေးများကို နား, မျက်စိ မီသလောက် လေ့လာခဲ့ကြသည်။
၁၃၄၃-ခု တန်ဆောင်မုန်းလဆုတ် ၁၂-ရက်နေ့မှ စတင်ထွက်ခဲ့၍ ထိုနှစ် တပို့တွဲလကွယ်နေ့ မြန်မာပြည်သို့ ပြန်ရောက်သည်။ စင်ကာပူနှင့် မလေးရှားမှာ ၂-ပွဲ၊ ထိုင်းနိုင်ငံ ၇-ပွဲ၊ နီပေါ ၅-ပွဲ၊ အိန္ဒိယ ၂-ပွဲ၊ သီရိလင်္ကာ ၆-ပွဲ အသီးသီး တရားဟောခဲ့ပါသည်။ မလေးရှား နီပေါ အိန္ဒိယ သီရိလင်္ကာ တရားပွဲများမှာ တရာဟောပြီးလျှင် မေးခွန်းတွေ များစွာ မေးကြသည်။
( ဗုဒ္ဓ၀ါဒသည် ဘာကို အခြေခံသလဲ )
ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်း သုံးစွဲပြောဆိုနေကြပါတယ်။ သူတို့ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရားအားလုံး Religion လို့ ဆိုနေကြတာပါပဲ။ အများပြောကြတဲ့အတိုင်းဆိုရင် ဗုဒ္ဓ၀ါဒလည်း Religion အထဲ ပါဝင်နေပါလိမ့်မယ်။ ဗုဒ္ဓ၀ါဒကို Religion မဟုတ်ဘူးလို့ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဗုဒ္ဓ၀ါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ၀ါဒမျိုး မဟုတ်ပါဘူး။
အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကို ဗုဒ္ဓ၀ါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရား ပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါတယ်။
ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ၀က္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-
အို-၀က္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး) ကို ကြည်ညို၍နေခြင်းဟာ ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊-ဟု နှင်ထုတ်ခဲ့ထူးပါတယ်။ ၀က္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။
( ဗုဒ္ဓကို ဘယ်လို ယုံကြည်အားကိုးသလဲ )
ဗုဒ္ဓ၀ါဒမှာ သဒ္ဓါကို လက်မခံဘူးတော့ မဟုတ်ပါဘူး။ သဒ္ဓါကို အရေးကြီးတဲ့ သဘာဝတရားတခု အနေနဲ့ လက်ခံပါတယ်။ ဥပမာ-အနာရောဂါ ရနေတဲ့ လူမမာဟာ သူ့ကို ဆေးကုတဲ့ ဆေးဆရာရဲ့ အရည်အချင်းကို ယုံကြည်ထားရသလိုပါပဲ။ ထို့ပြင် ပညာသင်နေတဲ့ ကျောင်းသား တပည့်ဟာ မိမိအား ပညာသင်ပေးနေတဲ့ ဆရာ့အရည်အချင်းနှင့် မေတ္တာ၊ ကရုဏာကို ယုံကြည်ထားရသလိုပါပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓအပေါ်မှာ ဒုက္ခအားလုံးးမှ လွတ်မြောက်ရေး လမ်းစဉ်၊ ချမ်းသာစစ် ချမ်းသာမှန် ရရှိရေး လမ်းစဉ်တွေကို ရှာဖွေပေးတဲ့ ပုဂ္ဂိုလ်အဖြစ်ဖြင့် ယုံကြည်ကြတယ်။ အားကိုးကြတယ်။
သို့သော် ယုံကြည်အားကိုးနေကြတဲ့ သတ္တ၀ါတွေရဲ့ အပြစ်တွေ၊ အညစ်အကြေးတွေ၊ ဆင်းရဲဒုက္ခတွေကို ဗုဒ္ဓက တန်ခိုးတော်နဲ့ ပယ်ဖျောက်ပေးလိမ့်မယ်၊ ချမ်းသာသုခအားလုံး ပစ်ချပေးလိမ့်မယ်၊ ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ဆွဲခေါ်ကယ်တင်သွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့ ဗုဒ္ဓကို ယုံကြည်အားကိုးနေကြတာ မဟုတ်ပါဘူး။
( ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ )
ဗုဒ္ဓကလည်း-သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါ အားလုံး ဆေးကြောသုတ်သင်ပေးမယ်၊ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ငါ ပို့ဆောင်ပေးမယ်-လို့ ဘယ်တော့မှ ဘယ်တုန်းကမှ အာမခံချက် မပေးပါဘူး။ ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း မပေးနိုင်ပါဘူး။
တစုံတယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ မရှိပါဘူး။ တကယ်စင်စစ်တော့ တစုံတယောက်သည် အခြားတစုံတယောက်ကို သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က တယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။
ထို့ကြောင့် ကျောင်းဆရာ တယောက်ဟာ ကျောင်းသားတယောက်ကို သင်ကြားပြသသလို ပါပဲ။ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။ မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ တရားကို အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားက လွဲလို့ တခြား အားကိုးစရာ မရှိပါဘူး-တဲ့။
( လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ )
ဗုဒ္ဓဘာသာဝင်တယောက်သည် ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်နေပေမယ့် စစ်ရှုံးလို့ လက်နက်ချ အရှုံးပေး၊ အညံ့ခံ လိုက်တာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်လာတာနဲ့ပဲ လွတ်လပ်စွာ တွေးတောကြံစည် စဉ်းစား ဝေဖန်ခြင်းတို့ကို စွန့်လွှတ်ရတာမျိုး မဟုတ်ပါဘူး။ မိမိစိတ်ထဲမှာ အချုပ်အနှောင်မရှိ လွတ်လပ်စွာ ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ဘယ်လောက်အထိ လွတ်လပ်ပါသလဲဆိုရင် ကိုယ်ကိုယ်တိုင် ဗုဒ္ဓ ဖြစ်လာသည်အထိ မိမိရဲ့ အသိဉာဏ်များကို ပွားများနိုင်ပါတယ်။ တို့ချဲ့နိုင်ပါတယ်။
ဗုဒ္ဓ၀ါဒရဲ့ အစကတော့ သမ္မာဒိဋ္ဌိ ပါပဲ။ သမ္မာဒိဋ္ဌိ ဆိုတာ အသိဉာဏ် မှန်ကန်ဖို့၊ အယူအဆ မှန်ကန်ဖို့ ပါပဲ။ ဒုက္ခ နှင့် ဒုက္ခအကြောင်းမှန်ကို သိရှိနားလည်ရမယ်။ ဤအချက်တို့ကို သိရှိနားလည်ဖို့ရန် မိမိတို့၏ စိတ်၊ စေတသိက် တို့ရဲ စွမ်းရည်သတ္တိကို လွတ်လပ်စွာ အသုံးချဖို့ လိုအပ်ပါတယ်။ ထိုသစ္စာတရားတို့ကို ရှာဖွေပေးခဲ့တဲ့ ဗုဒ္ဓက ကောသလတိုင်း ကေသမုတ္တိရွာသား ကာလာမလူမျိုးတို့အား အောက်ပါအတိုင်း ဟောထားခဲ့ပါတယ်။
( ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း )
ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။
၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။
၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။
၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။
( ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ )
ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။
ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ာကပါ။
ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။
သီတဂူ ဆရာတော်။
(http://buddhismworld.ning.com/) မှကူးယူဖော်ပြသည်။

မလုံခြုံသာ ဘ၀တွေနဲ့ ရပ်တည်နေရ အဝေးရောက် မြန်မာများ
သန်ခေါင်ယံ ချိန်ကို ကျော်လွန်လို့ နံနက်ချိန်ခါကို ရောက်ရှိနေပါပြီ ။ ခုချိန်ထိ တစ်ရေးမှ အိပ်လို့ မရနိုင်ခဲ့ပါဘူး ။
ညနေက အဖြစ်ပျက်လေးက တဒင်္ဂလေးဆိုပေမယ့် ကျွန်မအတွက် သိပ်ကို ခံပြင်းစရာကောင်းနေပါတယ် ။ ဘယ်သူကို
အပြစ်တင်ရမလဲ အဓိက မှားနေတာ ဘယ်သူတွေလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ချာချာလည်နေပါတော့တယ် ။ ကျွန်မ ခင်ပွန်းသည်
ရှိရာ မလေးရှား နိုင်ငံကို ရောက်ရှိနေပါတယ် ။ မနက်ဆို ခင်ပွန်းသည်က အလုပ်သွားရတာမို့ တနေကုန် ကျွန်မ တစ်ယောက်ထဲ
သာ အိမ်မှာ ကျန်နေခဲ့ရပါတယ် ။အမျိုးသားမပါဘဲလည်း ကျွန်မဘယ်ကိုမှ မသွားတတ်ပါဘူး ။ဒီနေ့တော့ ဗိုက်အရမ်းဆာတာနဲ့
တစ်ယောက်ထဲ တိုက်အောက်ကို ဆင်းလာခဲ့ပါတယ် ။ တိုက်အောက်က မလေး လင်မယားရောင်းတဲ့ ကြက်ကင်ဆိုင်လေးဆီကို
ဦးတည်လျှောက်လှမ်းလာခဲ့ပါတယ် ။ ဆိုင်ကိုရောက်တော့ ကြက်ကင်တစ်ခုပေး ဖို့နဲ့ တစ်ကင်ကို ဘယ်လောက်ကျတယ်ဆိုတာ
အင်္ဂလိပ်လို မေးလိုက်ပါတယ် ။ သူက ကျွန်မကို မလေးလို ပြန်ဖြေတယ် ။ ကျွန်မလည်း * ငါမလေးစကား နားမလည်ဘူး * လို့
အင်္ဂလိပ်လို ပြန်ပြောတော့ မလေးမက ဘယ်နိုင်ငံက လာတာလဲလို့ ပြန်မေးတယ် ။ ကျွန်မလည်း မြန်မာနိုင်ငံက လာတယ်လို့ ပြန်ဖြေ
လိုက်တယ်ဆိုရင်ဘဲ ဘေးမှာရပ်နေတဲ့ ဖိလစ်ပိုင်မတစ်ယောက် လူကို လှောင်စရာလို အထင်သေးစရာတခုလို မြန်မာဆိုတဲ့
နာမည်ကို သူစကားထဲ လေးခါလောက်ပါတယ် ။ သူမလေးလို ပြောလို့ သူပြောတာကို ကျွန်မနားမလည်ပေမယ့် သူအမူယာကို
ကြည့်တာနဲ့ မြန်မာလူမျိုး ဆိုတာကို လှောင်နေတယ်တိုတာ ကျွန်မသိပါတယ် ။ မလေးဆိုင်ရှင်မက ကျွန်မကို မလေးနိုင်ငံ သား
အိန္ဒိယလူမျိုးလို့ထင်နေတာလို့ ပြောပါတယ် ။ စိတ်ထဲမှာ ဆိုင်ရှင် အမျိုးသမီး ပြောတာတွေကို ခေါင်းထဲ ၀င်တချက် မ၀င်တချက်ပါဘဲ ။
ဘေးက ဖိလစ်ပိုင်မကိုဘဲ ဒေါသတွေ အချောင်းချောင်းထွက်နေမိပါတယ် ။ သူကြည့်တော့ home made လုပ်နေတဲ့ ပုံစံပါ ။ ဒီလို
မိန်းမက ဘာလို့ မြန်မာဆိုတာ နဲ့ အထင်တစ်သေး လူကို ကြည့်တာလည်း ။ အဓိက ဘာကြောင့်လဲ ။ အိမ်ကို ဘယ်လို ပြန်ရောက်
လာမှန်းကို မသိပါဘူး ။ မလေးရောက်ထဲက စနိုးစနောင့် ကိစ္စတွေပါ ခေါင်းထဲကို ဆက်တိုက် ၀င်ရောက်လာပါတယ် ။ တက္ကဆီ စီး၇င်
ကားပေါ် သိပ်စကားမပြောဖို့ အမျိုးသားမှာတတ်ပါသေးတယ် ။ ဘာလို့လဲမေးတော့ မြန်မာဆိုတာ မသိစေချင်လို့တဲ့ ။ အောင်မလေး
လို့တောင်ရင်ထဲက တလိုက်မိပါတယ် ။ ကျွန်မလို မနေ့တစ်နေ့မှ ရောက်လာသူအဖို့ မြင်တကာ ဆန်းပြားပြီး မေးစရာတွေချည်းမို့
သူမှာပေမယ့် ကျွန်မမေးချင်တာတွေကို မေးမိတာပါပဲ ။ တခါမှာတော့ မြို့ထဲက အပြန် ကျွန်မတို့ ကားငှားစီးလာတယ် ။ ငှားလာတာ
မီတာ ကားပါပဲ ။ လမ်းမှာ ထုံးစံအတိုင်း ကျွန်မသိချင်တာတွေ မေးလိုက်ပြောလိုက်နဲ့ တိုက်ရှေ့ရောက်တော့ ကျသင့်ငွေထက် ပိုတောင်း
ပါလေကော ။ အမျိုးသားနဲ့ စကားများတာပေါ့ ။ ကားလော့တွေပါချထားလိုက်ပါသေးတယ် ။ ကျွန်မ ကြောက်တော့ တော်တော် ကို
ကြောက်သွားမိပါတယ် ။ အမျိုးသား ပြောတဲ့စကားမများဖို့ဆိုတာ ဒါကြောင့်ပြောတယ်ဆိုတာကို လက်တွေ့သိလိုက်ရပါတယ် ။ နောက်
ကြုံဆုံရတာလေးတွေ ရှိပါသေးတယ် ။ အမျိုးသား အလုပ်ကနေ စောစောပြန်ရောက်ချိန် တရုတ်ဆိုင်မှာ ကြက်ဆီထမင်းသွားစားကြတဲ့
နေ့ပေါ့ ။ တရုတ်ဆိုင်ဆိုတာ ဆိုင်ထဲမှာ ဆိုင်ခန်းတွေ အများကြီးရှိကြတယ်။ ကျွန်မတို့ လင်မယား ကြက်ဆီထမင်းမှာလိုက်ကြတယ်။
ရောင်းတဲ့သူက မြန်မာလူမျိုးပါ ။ သိပ်ကို အံ့သြခဲ့ရတယ် ။ ကျွန်မတို့ ရှေ့က မှာတဲ့ တရုတ်တွေ ပန်းကန်ဆီ မျက်လုံးက အော်တိုမစ်တစ် ကြည့်
မိလိုက်ပါတယ် ။ *အားပါး.မိုက်တယ် ကြက်သားတုံးတွေက အကြီးကြီးတွေဘဲ * စိတ်ထဲက ပြောမိလုက်ခြင်းပါ ။ ဟော် ! ကျွန်မတို့
ပုဂံတွေလည်းသယ်လာပါပြီ။ ဟင်! ဆိုတဲ့ အာမေဋိတ်သံက အပြင်ထိ ထွက်ကျသွားတယ် ။
*အမျိုးသားက ..ဘာဖြစ်တာလဲ မိန်းမ *
*ဘာဖြစ်ရမှာလည်း ပိုက်ဆံပေးရတာချင်းတူတူ ငါတို့ကျတော့ ကြည့်ပါအုံးဟာ အရိုးပေါ်အရည်တင်ကြက် ..တရုတ်တွေ ၀ိုင်းကြတော့
ကြည့်လိုက် စူကားနေတာ ..*
*သြော်! မိန်းမရေ ဒီလိုဘဲ လူတွေက ကိုယ်လူမျိုးချင်းဆို မြန်မာမှန်းသိတောင် အဖက်မတန်သလို မခေါ်ချင်သလိုဘဲလေ .. နောက်ဆို မင်းပိုသိလာမှာပါ ..စိတ်လျော့ စားစရာရှိတာ စား*
နောက်တခါ ထပ်ကြုံလိုက်ရတာကတော့ တော်တော်ကို ဆိုးပါတယ် ။ မြန်မာဘုန်းတော်ကြီး ကျောင်းကို ကျွန်မရောက်ခဲ့ပါတယ် ။ ကျောင်း
ထိုင်ဆရာတော်နဲ့ ကျွန်မတော်တော်လေးကို ခင်ပါတယ် ။ဘုန်းဘုန်းဆီ ရောက်တော့ မင်္ဂလာဆောင်တစ်ခု ဆွမ်းကျွေးက ပြန်လာတာ
ဖြစ်ကြောင်းကို ပြောပြတာကို ကျွန်မနားထဲ မှတ်မိနေလိုက်ပါတယ် ။ နှစ်ရက်လောက်အကြာ ဘုန်းကြီးကျောင်းကို ကျွန်မနောက်တစ်
ခေါက်ထပ်ရောက်ခဲ့ပြန်ပါတယ် ။ ဒီမှာဘဲ ဘုန်းဘုန်းက ခိုင်လေးရေ စာရေးဆရာမကို ပြောပြရအုံးမယ် မလေးအရှုပ်တော်ပုံကို ဆိုကာ
တနေ့က ဘုန်းဘုန်းဆွမ်းကျွေးကြွတဲ့ မင်္ဂလာဆောင်က သတို့သမီးက နောက်နေ့မှာဘဲ တစ်ခြားကောင်လေးနောက်ကို လိုက်ပြေးသွား
တယ်တဲ့ ရှင်။ ဘုရား ဘုရား လို့ကို ရင်ထဲက တလိုက်မိတဲ့အထိ အံ့သြထိတ်လန့်ခဲ့ရပြန်ပါတယ် ။ နောက်ဆုံးတစ်ခု ကျွန်မတို့ ရိုးရာ
မြန်မာဝတ်စုံကို လွမ်းလို့ တစ်ခါတစ်ရံလေး ၀တ်ချင်ရင်တောင် မြန်မာဆိုတာ သိမှာဆိုးတာနဲ့ မ၀တ်ရဲကြပါဘူး ။ အိမ်ထဲမှာ ဒါမှမဟုတ်
ဘုန်းကြီးကျောင်းတွေက အလှူတွေမှာ တစ်ခါတစ်ရံမြင်ရပါတော့တယ် ။ မလေးရောက် နိုင်ငံခြားသားချင်းတူတူတောင် ကျွန်မတို့
လူမျိုးတွေ ဘာကြောင့် ပိုအနှိမ်ခံ အထင်သေးခံနေရတာလည်း ။ အိန္ဒယလူမျိုးတွေ တော်တော်များမှာ ဆာလီတွေ ၀တ်နေကြတာပါပဲ။
သူတို့ ဘာတခုမှ တွေးကြောက်မနေပါဘူး ။ ကျွန်မတို့ မြန်မာလူမျိုးတွေကျမှ သူများထက် ပိုကြောက်နေရ ပို အထင်သေးခံနေရ တဲ့
ဖြစ်ရပ်တွေကို ကျွန်မတို့ အမြင်တိုင်းလေး သုံးသပ်ကြည့်ချင်ပါတယ် ။ မည်သူကိုမှ ထိခိုက်ပုတ်ခတ်လိုစိတ်မရှိပါ ။ သုံးသပ်အဖြေရှာ
ကြည့်ယုံလေး သက်သက်ပါ ။ အဓိက ခေါင်မလုံတော့ လေဒဏ် ၊ မိုးဒဏ် ဆိုတဲ့ ပတ်ဝန်းကျင်ရာ ရာသီဥတု ဒဏ်တွေကို ကျွန်မတိှု့
ခံစားရတာပေါ့ ။ ဒုတိယအချက် ကိုယ်ကိုတန်ဖိုးမထားတတ်ခြင်းတွေကို မလေးရောက် တော်တော်များမှာ လက်တွေ့တွေ့မြင်နေရပါ
တယ် ။ ကျွန်မတို့ တူတူနေတဲ့ အိမ်က ကလေးတွေဆို တလကို လခ မလေးငွေ 1500 ၀န်းကျင်လောက်ရရှိကြပါတယ် ။ ဒါပေမယ့်
သူတို့ အိမ်ကို တလ ငါးသောင်းတောင် မပို့နိုင်ကြပါဘူး ။ လွတ်လပ်မှုဆိုတာရယ် ၊ ပင်ပမ်းမှု ဆိုတာကို အကြောင်းပြကာ ရှာလိုက်
ကုန်လိုက်နဲ့ ကို သံတရာကျောလည်မှာ တ၀ဲတ၀ဲလည်နေပါတော့တယ် ။ သူတို့ ဟာနဲ့ သူတို့ကို ချာလပတ်ရမ်းနေပါတော့တယ် ။
အနေကြာလာတော့ အသိများလာတယ် ။ သူငယ်ချင်းတွေ လာလည်လိုက် သူတို့ဆီပြန်လည်လိုက် ။ လည်တယ်ဆိုတာ စကားပြော
ယုံပြောကြတာ မဟုတ်ပြန်ဘူးလေ ။ စကားလေးပြောကောင်းဖို့ဆို သောက်ကြ စားကြ ။ ဒီတော့ ဘယ်မှာလာ ဆု မိပါတော့မလဲ။
အပြစ်တင်နေခြင်းမဟုတ်ပါဘူး ။ သုံးသပ်ကြည့်မိတာလေးပါပဲ ။ အိမ်ထောင်ရှိတဲ့ မိန်းကလေးကိုလည်း စိတ်ဝင်စားလို စိတ်ဝင်စား
တော်တော်ကို ရှုတ်ထွေးပွေလီမှုတွေများပြားလွန်းလှပါတယ် ။ သူများအထင်သေးတာ ခံနေရာ ခြင်းက ပထမအချက် ... ကျွန်မတို့
နိုင်ငံရဲ့ လုံလောက်တဲ့ ကာကွယ်မှု မရှိခြင်း ၊ မလေးရောက် မြန်မာနိုင်ငံသားများရဲ့ ပျက်ယွင်းနေတဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တိတွေ
ပြန်လည် ပြုပြင်ပေးဖို့ အထူးလိုအပ်နေခြင်း ၊ လူမျိုးခြင်းစည်းလုံးမှု အင်အားတွေ အင်မတန်နည်းပါးနေခြင်းတွေက အဓိက ကျနေမယ်
လို့ သုံးသပ်မိပါတယ် ။ မလေး ၊ စင်ကာပူ အကုန်လုံးကို မြန်မာ ပွဲစားနိုင်ငံလို့ တင်စားလို့ရအောင် ပွဲစားတွေ သိပ်ကို ကြောက်ဖို့ကောင်း
ပါတယ် ( အမှန်ကန် လုပ်ပေးနေသော ပွဲစားများကို မဆိုလိုပါ ) ။ စီးပွာရေး လုပ်တယ်ဆိုတာကို လက်ခံပါတယ် ။ စီးပွာရှာ တဲ့နေရာ
မှာ ကိုယ်ချင်းစာ တရားလေးကို လက်ကိုင်ထားမယ်ဆို ပိုပြီးမင်္ဂလာရှိမယ်လို့ ထင်မြင်ယူဆိမိပါတယ် ။ မလေးနဲ့ စင်ကာပူတောင်
ကွာခြားချက် အနည်းငယ်ရှိပါတယ် ။ စင်ကာပူနိုင်မှာအလုပ်လုပ်ဖို့ဆိုတာ ထိုင်သင့်တဲ့ ငွေအရင်းနှီးရှိသူတွေ သွားနိုင်ကြပါတယ် ။အနည်း
ဆုံး သိန်း 30 လောက်ကုန်မှ ရောက်နိုင်ကြတဲ့ အတွက် အလယ် လတ်တန်းစား လူမျိုးတွေ သွားကြခြင်းများပါတယ် ။ မလေးရှားနိုင်ငံ
ဆိုတာတော့ တော်တော်များ အခြေခံလူတန်းစားတွေ တောရွာတွေက ပိုများကြပါတယ် ။ အကြွေးနဲ့ သုံးသိန်းလောက်ပေးရင် မလေးမှာ
အလုပ်လုပ်နိုင်ကြပြီမို့ မရှိ ရှိတာလေးတွေနဲ့ ရောက်လာကြရတယ် ။ ဒီရောက်တော့ ပြောတာတမျိုး ရတာတမျိုးတွေဖြစ် အလုပ်တွေက
အဆင်မပြေ စိတ်တွေဆင်းရဲနေကြရတဲ့သူတွေ တပုံတပင်ပါပဲ ။ အိမ်မှာ ကျန်နေသူတွေကလည်း တ၇ွာထဲ ဘယ်သူကတော့ဘယ်လောက်
ပို့တယ် မင်းကတော့ မပို့နိုင်ဘူးဆို ဖုန်းတွေလာ ။ တကယ်ကို စိတ်ဆင်းရဲစရာတွေပါ ။ ဒီမှာဆိုတာက တစ်စက်၇ုံထဲ ဆိုပေမယ့်
ရတဲ့လခတွေ အများကြီး သွားခြားတတ်ပါတယ် ။ အံ့သြမိတာက ဒီလူ လူမျိုးတွေဆီက ပိုက်ဆံတွေကိုမှ ညာယူရက်တဲ့ ပွဲစားဆိုတဲ့ လူ
မျိုးတွေကိုပါ ။ သူတို့မို့ မရှိဆင်းရဲသား ကိုယ်လူမျိုးချင်းဆီက ငွေကို လိမ်ညာယူရက်တာကို တစ်ကယ်ကို အထင်သေးမိပါတယ် ။
မိမိတို့ လုပ်နေတဲ့ လုပ်ရပ်တွေ မှန်ကန်နေလား လုပ်သင့်နေလား ဆိုတာကို ပွဲစားကိုကို မမတွေ နှာဖူးပေါ် လက်တင်လို့ သေချာလေး
တွေးကြည့်ကြပါအုံး ။ လူမျိုးချင်း ဂုတ်သွေးစုပ်နေကြတာပါပဲ ။ မပတ်ဘဲနေလို့လဲမရ ။ ပတ်သတ်ရပြန်တော့လဲ ကြောက်စရာကောင်း ။
မလေးရဲကိုလည်းကြောက်ရ ။ လူမျိုးတူချင်း ဂုတ်သွေးစုပ် ဘီလူးတွေလဲကြောက်ရ ။ဘယ်မှာ စိတ်ချမ်းသာစရာကောင်းနေပါသနည်း။
ဒါတွေကို ကျွန်မတို့ ဘယ်လို တုံ့ပြန်ရင်ဆိုင်ကြမလဲ ။ ကျွန်မတို့နိုင်ငံသက်ဆိုင်ရာ လူကြီးတွေအနေနဲ့ အဝေးရောက် အလုပ်သမားတွေ
အပေါ် ကာကွယ်စောက်ရှောက်မှုတွေ ဒီထက်ရှိမယ်ဆို အထူးဝမ်းသာစရာဖြစ်မိမှာပါ ။ မြန်မာလူမျိုးချင်း ရိုင်းပင်းကူညီစိတ်လေးတွေ
ဆိုတာ ဒီလိုနေရာတွေမှာ ပိုလိုအပ်နေပါတယ် ။ မလေးရောက် မြန်မာလူမျိုးများအနေနဲ့ ဘယ်နေရာကိုဘဲ ရောက်ရောက် မြန်မာ ဆိုတဲ့
တန်ဖိုးရှိတဲ့ စည်းကမ်း ဘောင်လေးတွေကို မမေ့မလျော့ ထိန်းသိမ်းတန်ဖိုးထားကြခြင်း ဖြင့် မြန်မာဆိုတာ ဘယ်နိုင်ငံ ဘယ်နေရာမှာ
ဖြစ်ဖြစ် ခေါင်းမော့ ရင်ကော့နိုင်သူတွေအဖြစ် တင့်တင့်တယ်တယ် ရပ်တည်နိုင်သူတွေ အဖြစ်ကို ကျွန်မတို့ အမြန်ဆုံးပိုင်ဆိုင်ပါရစေလို့

့နေ့စဉ်ရက်ဆက် ဘုရားရှင်ကိုယ်တော်မြတ်ဆီမှာ ဆုတောင်းမိရင် ကျမကို အမှားလိုများ ဆိုကြလေမလား။
Wednesday, August 8, 2012
တဖက်ကမ်းက ကျမအိမ် (ကြည်ကြည်ကျော်မြ)
သံတိုင်တွေကိုကျော်တက်၊ မြောင်းတခုကိုကျော်ဖြတ်၊ စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်ကျော်လိုက်ရင် ကျမမွေး၊ ကျမ ကြီးပြင်းခဲ့တဲ့၊ ကျမရဲ့ဇာတိမြေကိုရောက်နိုင်တာပေါ့။ ကျမဟာ ဒီဘက်ကမ်းနဲ့ ဟိုဘက်ကမ်းကို အခေါက်ပေါင်းများစွာ ဖြတ်သွားနေကျ၊ ဟိုဘက်ကမ်းက အမေ၊ ဒီဘက်ကမ်းက ကျမ…နိုင်ငံ နှစ်နိုင်ငံဖြစ်ပေမယ့်လည်း ဝေးတယ်လို့ မထင်ခဲ့ ပါဘူး။ မနက် ဒီဘက်ကမ်းမှာ အလုပ်လာတက်၊ ညဆို ဟိုဘက်ကမ်းက အမေ့ရင်ခွင်ထဲ သွားကွေးလို့ ရသေးတယ်။
အစမှာ ကျမဟာ သူများအိမ်မှာ အိမ်ဖော်လုပ်ပါတယ်။ တလ လခ ၃၀၀ ယွမ်။ တလ တလ လိုအပ်တဲ့ အသုံးဆောင်တွေ ၀ယ်၊ ကျန်တဲ့ငွေ အမေ့ကိုအပ်။ ကျမတို့ သားအမိ ကြည်နူးပျော်ရွှင်လို့။ ဒီအိမ်မှာ အလုပ်လုပ်တာ လအချို့ရှိတော့ ကောင်လေးတယောက်နဲ့ သိခဲ့တယ်။ ကျမထက် အသက်နည်းနည်း ကြီးမယ်။ သူလည်း ဒီဘက်ကမ်းမှာ လာ အလုပ် လုပ်တာပဲ၊ သူဟာ ကျမနဲ့ တော်တော်ရင်းနှီးလာတယ်။ ကျမနဲ့ အတူတူ သွားလည်တယ်။ သူက ကျမကို လက်ဆောင် တွေ အမြဲဝယ်ပေးတယ်။ ကျမတို့ အမေ့ဆီ အတူတူသွားတယ်၊ အမေကလဲ သူ့ကိုခင်ပါတယ်။ သူက ကျမကို အိမ်ဖော် မလုပ်စေချင်ပါဘူး။ ကျမကို ဒီထက်ကောင်းတဲ့ အလုပ်ရှာပေးမယ်လို့ ပြောလာတယ်။ တရက်မှာ သူက ကျမကို အလုပ် အသစ်ရှာပေးဖို့ သူဋ္ဌေးနဲ့ သူ့အခန်းမှာ တွေ့ဖို့ ချိန်းလိုက်တယ်။ အဲဒီနေ့က သူက ကျမကို လှလှပပ ၀တ်လာဖို့မှာပါတယ်။
ကျမတို့ အဲဒီ သူဋ္ဌေးနဲ့အတူ ထမင်းစားကြတယ်၊ ဖျော်ရည်သောက်ကြတယ်။ အဲဒီသူဋ္ဌေးက ကျမကို အခု လက်ရှိအလုပ် ကထွက်ဖို့။ သူ့ဆီ အလုပ်လာတက်ဖို့တွေ ပြောပါတယ်၊ သူ့ဆီမှာ အနည်းဆုံး လခ ၈၀၀ ယွမ် ရမယ်။ ဆုငွေဆိုတာ ရှိဦး မယ်။ အဲဒါတွေအထိတော့ ကျမ မှတ်မိသေးတယ်။ နောက်ဘာတွေ ဆက်ဖြစ်တယ်ဆိုတာကိုတော့ ကျမ မမှတ်မိတော့ပါ ဘူး။ မနက် နိုးလာတော့ အိပ်ရာပေါ်မှာ ကျမ တယောက်တည်း။ ကျမကိုယ်ပေါ်မှာ အ၀တ်ဆိုတာ တခုမှမရှိ၊ ဘုရား… ဘုရား… မနေ့ညက ဘာတွေ ဖြစ်ခဲ့ပါလိမ့်၊ ကုတင်နားက စားပွဲပေါ်မှာတော့ ငွေ ၅၀၀ ယွမ် တင်ထားတာတွေ့တယ်။ ကျမကို အလုပ်ရှာပေးတဲ့လူကိုလဲ မတွေ့။ သူအလုပ်လုပ်တဲ့ နေရာမှာလဲ သူမရှိ၊ ဒီကိစ္စကို ကျမ ဘယ်သူ့ကိုမှ မပြောရဲ။ တယောက်တည်း ကြိတ်ငိုနေခဲ့ရတယ်။ လက်ရှိအလုပ်က မထွက်ဖြစ်သေးတာကိုပဲ ကျေးဇူးတင်မိတယ်။ လက်ရှိအလုပ် လေးကိုပဲ ဆက်လုပ်နေမိတယ်။
ဒီရက်တွေမှာ နေလို့ထိုင်လို့ မကောင်းဘူး၊ မိန်မကိုယ်က ယား ယားနေတယ်၊ အနံ့ကလဲ မကောင်း။ ဘယ်သူ့ကိုပြောပြီး ဘယ်မှာ ပြရမယ်မှန်းလဲ မသိဘူး။ အနာတွေလည်း ပေါက်လာတယ်။ ရောဂါက တရက်ထက်တရက် ပိုဆိုးလာတယ်၊ ကျမ ဆေးခန်းလေး တခုမှာ သွားပြတယ်။ သူပြောတဲ့ ရောဂါကိုလည်း ကျမ နားမလည်ပါဘူး။ ငွေအများကြီးကုန်မှ သက် သာမယ် ဆိုတာကိုပဲ သိလိုက်တယ်။ ဟိုဘက်ကမ်းက အမေ့ဆီလည်း မရောက်ဖြစ်၊ ငွေမပို့ ဖြစ်တာကြာပြီ။ ငွေအများ ကြီးရအောင် ဘယ်မှာ သွားရှာမလဲ။ ဒီအတွက် ကျမစိတ်တွေ လေနေတယ်။ အလုပ်မှာ ခဏခဏ မှားတော့ အိမ်ရှင် အ ဆူအပြော အမြဲခံရ တော့တယ်။ ကျမ အလုပ်လုပ်ရတာ အဆင်မပြေတော့ပါဘူး။ ဒီ့ထက် ငွေပိုရမဲ့အလုပ် ကျမအတွက် လိုနေပြီမဟုတ်လား။ ကျမ အဲဒီ အလုပ်က ထွက်လိုက်တယ်။
ကျမ အလုပ်သစ်လိုက်ရှာတယ်။ ရတဲ့အလုပ်ကလဲ အရင်အလုပ်နဲ့ ၀င်ငွေက မကွာ။ အလုပ်မရရင် ဟိုဘက်ကမ်းက အမေ့ဆီမှာ ခိုနေလို့ရပေမယ့် ကျမရောဂါ ဘယ်လိုလုပ်မလဲ။ အမေ့ဆီ သွားနေရင် အမေက ရောဂါဖြစ်နေတယ် ဆိုတာ ချက်ချင်းသိမှာ။ ပြန်လို့ မဖြစ်ဘူး။ မဖြစ်ဘူး။
ဟိုသူဋ္ဌေးကို ကျမ သတိရလာတယ်၊ ကျမ သူ့ကို မုန်းတယ်။ ဒါကြောင့်လည်း သူပေးခဲ့တဲ့ လိပ်စာအတိုင်း သူ့ဆီကို လိုက် မသွားခဲ့တာပေါ့၊ အခုတော့ ၀င်ငွေကောင်းတဲ့ အလုပ်တခုရဖို့အတွက် ကျမ သူ့ဆီကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ နေရာကို ရောက်တော့ အဲဒီသူဋ္ဌေးဆိုတဲ့လူကို တွေ့လိုက်တယ်။ သူက ကျမကို ဘာမှမဖြစ်ခဲ့သလိုပဲ နှုတ်ဆက်နေပါ တယ်။ ကျမ သူ့ကို တွေ့လိုက်တော့ ရင်ထဲက ဒေါသတွေ မပေါက်ကွဲမိအောင် ထိန်းလိုက်ရတယ်။ သူက ကျမကို အလုပ် ပေးပါတယ်။ အဲဒီအလုပ်က ကိုယ့်ခန္ဓာကိုယ်ကို ရောင်းရမယ့်အလုပ်၊ ကျမ အဲဒီအလုပ်ကို မလုပ်ချင်ပါဘူး။ ဒီအလုပ်က လွဲရင် မင်း ဘယ်အလုပ်မှ ငွေမြန်မြန်ရပြီး မင်းရောဂါကို ကုလို့ရမှာ မဟုတ်ဘူး၊ မင်း တလနှစ်လနဲ့ မင်းလိုချင်တဲ့ ငွေရရင် မင်းအလုပ်က ထွက်လို့ရတယ်။
ကျမ ဒီအလုပ်ကို လအချို့လုပ်ဖို့ ဒီနေရာကိုရောက်နေပါပြီ။ လတချို့နေရင် ငွေစုမိမယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်မိတယ်။ လ အချို့ နေပါတယ်။ ငွေမစုမိဘဲ အကြွေးတောင် တင်နေသေးတယ်၊ အကြွေးကျေအောင် အလုပ်ကို ပိုလုပ်ရတယ်။ ကျန်း မာရေး အခြေအနေဟာလည်း ပိုပို ဆိုးဆိုးလာတယ်။ လူကလည်း တရက်ထက် တရက် ပိန်လာတယ်။ ဟိုဘက်ကမ်းက အမေ့ဆီကိုတောင် မရောက်တာ ကြာနေပြီပဲ။ အမေ့နွေးထွေးတဲ့ ရင်ခွင်လေးကို တမ်းတမိတယ်။ တဖက်ကမ်းဟာ ကျမ နဲ့ ဒီလောက် အလှမ်းဝေးနေပါလားလို့ ပထမဆုံး ခံစားမိတယ်။ အမေဟာ ကျမ မလာတာကြာလို့ ကျမဆီလာမယ်လို့ ပြောနေတယ်။ မဖြစ်ဘူး။ အမေ လာလို့ မဖြစ်ဘူး။ ကျမ တခုခု လုပ်မှ ဖြစ်မယ်။ ကျမဟာ ယောင်္ကျားလေး တယောက်ကို အဖေါ်ခေါ်ပြီး ကျမ မရောက်တာ ကြာပြီဖြစ်တဲ့ ဟိုဘက်ကမ်းကို လေးလံစွာ လှမ်းခဲ့မိတယ်၊ အခု ဒီယောင်္ကျားလေးက ကျမအိမ်ထောင်ပြုတော့မယ့်သူ ဖြစ်ကြောင်း။ ပြီးတော့ အဝေးကြီးမှာရှိတဲ့ ကောင်လေးမိဘတွေဆီကို လိုက်သွားတော့ မယ် ဖြစ်တဲ့အကြောင်းတွေကို ပြောရင်း အမေ့ကို နောက်ဆုံး ကန်တော့ခဲ့တယ်။
ကျမ ကျန်းမာရေးဟာ အလွန်ဆိုးနေပါပြီ၊ ထမင်းမျိုဖို့တောင် ခက်ခဲနေပြီ၊ ကျမချစ်တဲ့…နီးရက်နဲ့ ဝေးနေတဲ့ ကျမရဲ့ ဟို ဘက်ကမ်းနဲ့ မေမေ့ကို လှမ်းမျှော်ရင်း နောက်ဆုံးကန်တော့ခဲ့တုန်းက မေမေ့ရဲ့အံ့သြနေတဲ့ မျက်နှာကိုတွေးရင်း ကျမဟာ ဒီဘက်ကမ်းမှာပဲ ထာဝရ အိပ်စက်ရတော့မယ်ဆိုတာကို သတိရတိုင်း မျက်ရည် ကျမိတယ်။
နေရစ်ခဲ့တော့ ကျမချစ်တဲ့ တဘက်ကမ်းနဲ့ တဘက်ကမ်းက မေမေရေ …
ကျမ ဒီဘက်ကမ်းကနေ ကန်တော့ခဲ့ပါတယ် …။
ကြည်ကြည်ကျော်မြ

Thursday, July 19, 2012
လွယ်လွယ်ကူကူလှပဖို့ခရမ်းချဉ်သီးကိုသုံးကြစို့
အသားအရေစိုပြည်လှပခြင်းဆိုတာလူတစ်ယောက်ရဲ့ရုပ်အင်္ဂါဖြစ်တဲ့အတွက်အသားအရေလှပဖို့နိုင်ငံခြားကလာတဲ့
made in japan. made in USA, made in korea တို့လို skin Careတွေ ၊ cosmetic ပစွည်းတွေကိုဈေးကြီးပေးပြီးဝယ်သုံးနေစရာမလိုပါဘူး။ ကိုယ့်အနီးအနားမှာရှိတဲ့သဘာဝကပေးထားတဲ့skin care တစ်မျိုးက အသားအရေကိုလှပအောင်ကူညီပေးပါလိမ့်မည်။ အဲဒါကတော့ လူတိုင်းရဲ့မိးဖိုချောင်မှာတွေ့နိုင်တဲ့အလွယ်တကူဝယ်ယူနိုင်တဲ့ခရမ်းချဉ်သီးပဲဖြစ်ပါတယ်။
အသားအရေအတွက်ခရမ်းချဉ်သီးရဲ့အာနီသင်များ ...........
ခရမ်းချဉ်သီးမှာပါဝင်တဲ့anti-oxidantတစ်မျိုးဖြစ်တဲ့လိုက်ကိုပီး(န်)ကနေရောက်ခြည်ဒဏ်ကိုကာကွယ်ပေးပြီး
အသားအရေနီရဲရောင်ရမ်းခြမ်းနဲ့ဆဲလ်လေးတွေပျက်စိးခြင်းကိုပြန်လည်ပြုပြင်ပေးရာမှာကူညီပေးပါတယ်။
ခရမ်းချဉ်သီးတစ်လုံးကိုနေ့စဉ်ပုံမှန်စားသုံးခြင်းဖြင့်ခန္ဒာကိုယ်က free Radical တွေကိုလျှော့ချပေးပြီး အသားအရေလိုအပ်တဲ့အစိုဓါတ်ကိုထိန်းသိမ်းပေးပါတယ်။ ချွေးပေါက်ကျယ်ခြင်း၊ ဝက်ခြံအထွက်များခြင်းနဲ့နေလောက်ခြင်းကြောင့်ဖြစ်ပေါ်တတ်တဲ့အနီကွက်တွေ၊ အရေပြားရောင်ရမ်းခြင်းတို့ကိုသက်သာစေပါတယ်။ ချွေးပေါက်ကျယ်ပြီးဝက်ခြံအထွက်များတဲ့လူတွေအတွက်ဆိုရင်
ခရမ်းချဉ်သီးစားပွဲတင်ဇွန်းတစ်ဇွန်းနဲသံပရာရည်အနည်းငယ်ကိုရေယစပ်ပြီးမျက်နှာမှာ ဂွမ်းစလေးဖြင့်ညင်ညင်သာသာလေးပွတ်ပေးပါ။
၁၅မိနစ်လောက်ကြာပါက ရေအေးအေးဖြင့်ဆေးချပါ။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဗီတာမင်အေနဲ့ဗီတာမင်စီကချွေးပေါက်တွေကိုပုံမှန်ဖြစ်စေပြီးဝက်ခြံထွက်နှုန်းကိုသိသိသာသာလျော့ပါးစေသည်။
မျက်နှာအဆီပြန်တဲ့လူတွေဆိုရင်ညအိပ်ရာမဝင်ခင်ခရမ်းချဉ်သီးနဲ့သခွားသီးရောစပ်ထားတဲ့အရည်ကိုလိမ်းပေးပြီး
၁၅မိနစ်လောက်ကြာပါကရေဆေးချပါ။
ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်အဆိအထွက်များခြင်းနဲ့အဆီထွက်ခြင်းကြောင့်ဖြစ်ပေါ်တတ်တဲ့ဝက်ခြံထွက်ခြင်းကို
သိသိသာသာပျောက်ကင်းစေနိုင်ပါတယ်။ ပေါင်းစပ်အသားအရေပိုင်ရှင်(Combinatoin Skin) တွေအတွက်ဆိုရင်ခရမ်းချဉ်သီးနဲထောပတ်ရောစပ်ထားတဲ့အနှစ်ကိုမျက်နှာပြင်မှာမိနစ်၂၀မှ၃၀အထိထားပြီး
ရေအေးအေးဖြင်ဆေးချပါ။
ခရမ်းချဉ်သီးကမျက်နှာပြင်ပေါ်ကအမည်းစက်တွေနဲ့အဆီတွေကိုတဖြည်းဖြည်းသက်သာပျောက်ကင်းစေနိုင်သည်။
နေရာက်ခြည်ဒဏ်ကြောင့်ဖြစ်ပေါ်တတ်တဲ့နေလောင်ခြင်းနဲအနီကွက်တွေကိုသက်သာစေဖို့ခရမ်းချဉ်င်္သးအနှစ်နဲ့
ဘာမှရောစပ်မထားတဲ့ဒိန်ချဉ်သန့်သန့်ကိုရောပြီးမျက်နှာ၊ လည်ပင်းနဲ့နေလောင်ထားတဲ့အရေပြားပေါ်မှာမိနစ်၂၀ခန့်လိမ်းပြီးရေဆေးချပါ။
ဒိန်ချဉ်ကအသားအရေအတွက်လိုအပ်တဲ့ပရိုးတင်းဓာတ်ကိုဖြည့်ဆည်းပေးပြီးခရမ်းချဉ်သီးကအသားအရေကိုအေးမြစေပါတယ်။
အသားအရေမွဲခြောက်နေတဲ့လူတွေအတွက်ဆိုရင်ခရမ်းချဥသီးနဲပျားရည်အနည်းငယ်ကိုရောစပ်ပြီးမျက်နှာနဲ့
လည်ပင်းမှ၁၅မိနစ်ခန့်လိမ်းထားပေးပြိးရေဆေးချပါ။
နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင်မွဲခြောက်ခြင်းကင်းပြီးတောက်ပတဲ့အသားအရေကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ဒီဆောင်းပါးလေးကိုဖတ်ပြီးဆိုရင်ကိုယ့်ရဲ့အနီးအနားမှာရှိတဲ့ခရမ်းချဉ်သီးကတခြားနာမည်ကြီှးှ Skin Care တွေလိုအစွမ်းထက်တယ်ဆိုတာသိလောက်ပြီပေါ့ ။ အဲဒါကြောင့်ခရမ်းချဉ်သီးနဲ့ကိုယ်လိုအပ်တဲ့အသားအရေကိုထိန်းသိမ်းမှူပြုလုပ်ပေးပြီးလှပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ကြ
ပါစေလို့ဆုတောင်းရင်းးးးးးးးးးးးး။

Wednesday, July 18, 2012
တစ်နှစ်ပတ်လုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်နိုင်သော နည်းလမ်း ၁၀ ခု
၁။ ပတ်ဝန်းကျင်ကို လေ့လာပါ
သင့်မှာ အဆင်မပြေမှုတွေ ရှိနေနိုင်ပါတယ်။ ဒါတွေကို ကျော်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အတွက် သင်ရဲ့ အနီးဆုံး ပတ်ဝန်းကျင်ကို လေ့လာပြီး လိုအပ်ချက်ကို ရှာဖွေဖို့ လိုပါတယ်။ သင့်ပတ်ဝန်းကျင်၊ သင့်ဆွေမျိုးတွေနဲ့ သင့်အလုပ်ဝန်းကျင်ကို နားလည်အောင် လေ့လာပြီး ဘာလုပ်သင့်တယ်ဆိုတာ ချရေးပါ။ အဲဒီထဲက အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို ရွေးချယ်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်ပါ။
၂။ အပြုသဘောဆောင်သော အတွေးများကို တွေးပါ
တစ်စုံတစ်ယောက်ကြောင့် ဒါမှမဟုတ် တစ်ခုခုသော အခြေအနေတွေကြောင့် သင့်ကိုယ်သင် ယုံကြည်မှု မရှိသလို ခံစားနေရပါသလား။ သင်ရဲ့ အကောင်းမြင်စိတ်၊ လုပ်ဆောင်မှုတွေနဲ့ ဆွဲဆောင်ပါ။
၃။ ကိုယ်ပိုင်အရည်အချင်းကို မမေ့ပါနှင့် တစ်ချိန်က သင်အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့ အကြောင်းအရာတွေကို ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့။ အဆိုးဆုံး အခြေအနေတစ်ခု ရောက်နေခဲ့ရင်တောင် ကျော်လွှားနိုင်ပါတယ်။ အသက်ကို ဝဝရှူပြီး သင့်ပုံစံက နောက်ထပ် ခြေလှမ်းအသစ် တစ်ခလှမ်းဖို့ အဆင်သင့် ဖြစ်နေပါစေ။
၎။ လေ့ကျင့်ခန်း အနည်းငယ်လုပ်ပါ
လေ့ကျင့်ခန်း အနည်းငယ် လုပ်တာက စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်က ထွက်ရှိတဲ့ ဟော်မုန်းတွေကို လျော့နည်းစေပါတယ်။ သင့်တော်တဲ့ လေ့ကျင့်ခန်းက ပုံမှန် လုပ်ပေးတာက ခန္ဓာကိုယ်က စိတ်ဖိစီးမှု ကင်းဝေးစေပြီး လန်းဆန်းစေပါတယ်။ ဒါ့အပြင် ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုပါ ဖြစ်ပေါ်စေပါတယ်။
၅။ မိသားစုအတွက် အချိန်ပေးပါ
သင်ဟာ သင့်မိဘ၊ သင့်မိသားစု၊ သင့်ဆွေမျိုးနဲ့ သင့်သူငယ်ချင်းတွေနဲ့ ချိန်းပြီး စကားပြောတာ၊ မုန့်အတူစားတာမျိုးတွေ ပြုလုပ်ပေးပါ။ ချစ်ခင်သူတွေနဲ့ အတူနေထိုင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပိုစေပါတယ်။
၆။ ဖိစီးမှုကို မောင်းထုတ်ပါ
သင့်ကို စိတ်ဖိစီးမှု ဖြစ်စေတဲ့အရာက ဘာလဲဆိုတာ သိအောင် အရင်လုပ်ပါ။ ဒီထက်ပိုပြီး လက်ခံမထားပါနဲ့။ သင့်စိတ်ထဲမှာပါ မကျန်ရအောင် မောင်းထုတ်လိုက်ပါ။ ဖိစီးမှု ကင်းကင်းနဲ့ အလုပ်လုပ်တဲ့အခါ အချိန်နဲ့ အလုပ်ကို ညီမျှအောင် လုပ်ဆောင်နိုင်တာကြောင့် ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုကို တိုးပွားစေပါတယ်။
၇။ အသစ်များကို လေ့လာပါ
ဝါသနာပါရာ နောက်ထပ် အသစ်တစ်ခုကို လေ့လာပါ။ အသစ်အဆန်း တစ်ခုကို လေ့လာတာက သင့်ဦးနှောက်နဲ့ စိတ်အတွက် အကောင်းဆုံး အာဟာရ ပေးစွမ်းတာပါ။ သစ်လွင်တဲ့ အတွေးအခေါ်တွေကို တွေးခေါ် မြော်မြင်နိုင်ပြီး အသစ်အသစ်တွေ နားလည် သိရှိလာတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုစေပါတယ်။
၈။ အောင်မြင်မှုကို ပြန်တွေးပါ
သင်ရဲ့ အတိတ်မှာ အောင်မြင်မှုတွေ ရှိခဲ့မှာပါ။ မကြာခဏ ပြန်တွေးပေးပါ။ အခက်အခဲ တစ်စုံတစ်ခုနဲ့ ကြုံတွေ့လာတဲ့ အခါမျိုးမှာ အရင်က ကျော်လွှားနိုင်ခဲ့တာပဲ ဆိုတဲ့ စိတ်ဓာတ်မျိုးကို ပြန်တွေးတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုစေပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။
၉။ ဖုန်းခေါ်ပါ
သူငယ်ချင်းကို ဖုန်းခေါ်ပြီး ခဏတာ စကားပြောပါ။ သင်ရဲ့ အခက်အခဲတွေကို ပြောပြပြီး ရင်ဖွင့်တာ၊ အကြံဉာဏ် ယူတာတွေ ပြုလုပ်ပါ။ သူငယ်ချင်းရဲ့ အားပေးမှုနဲ့ အကြံဉာဏ် ပေးမှုတွေက သင့်ကိုယ်သင် ယုံကြည်မှု ပိုစေပါတယ်။
၁၀။ ဦးနှောက်ကို အစာကျွေးပါ
တေးဂီတသံကို နားထောင်တာ၊ စာအုပ်ဖတ်တာတွေက သင့်စိတ်ကို အာဟာရ ဖြစ်စေပါတယ်။ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာတွေက ခံစားမှုကို ဖြစ်ပေါ်စေတာကြောင့် သင့်စိတ်အတွက် အာဟာရ မဖြစ်စေပါဘူး။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

ကျန်းမာချင်ရင် ပန်းခြံထဲမှာ လမ်းလျှောက်ပါ
(၁) ကိုယ်အလေးချိန် ကျစေတယ် ၆၀ကီလို ဂရမ်ရှိတဲ့ လူတစ်ယောက်ဟာနာရီဝက်ခန့် အမြန် လမ်းလျှောက် ပေးလျှင် ကယ်လိုရီ ၁၅၀ လောင်ကျွမ်းသွားနိုင်တယ်။ (၂) အူမကြီးကင်ဆာတားဆီးနိုင်တယ် ဗြိတိသျှ ကင်ဆာဂျာနယ်၏ လေ့လာမှုအသစ်တစ်ခုအရလေ့ကျင့်ခန်းပုံမှန်လုပ်သူများသည် Polyp ဟုခေါ်သောအူအတွင်းအသားပိုဖြစ် နိုင်ခြင်းကို ၃ ပုံ ၁ပုံ လျော့နည်းစေတယ်။ (Polypက ကြာရင် ကင်ဆာဖြစ်နိုင် ( ၃) နှလုံးရောဂါဖြစ်နိုင်ခြေလျော့စေတယ် နှလုံးရောဂါကြောင့် သေဆုံးမှုများ၏ ၃၇ ရာခိုင်နှုန်းသည် ကိုယ်ကာယလှုပ်ရှားမှု နည်းပါးခြင်းနှင့် ဆက်စပ်လျက်ရှိတယ်။ လမ်းလျှောက်ခြင်းဖြင့် အဲဒီအန္တာယ်ကိုလျော့နည်းစေတယ်။ (၄) အချစ်ကိစ္စ တိုးတက်စေတယ် ယောကျာ်းတွေ အသက်ကြီးလာတဲ့အခါ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ (Erectile Dysfunction) ပိုမြင့်လာတယ်။ ရုပ်ပိုင်းဆိုင်ရာတက်ြွကမှုရှိခြင်းအားဖြင့် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေအခွင့်အလမ်းတစ်ဝက်လျှော့ချနိုင်တယ်။ (၅) အရိုးများသန်စွမ်းစေတယ် လမ်းလျှောက်ခြင်းဖြင့် အရိုးပါးရောဂါမဖြစ်အောင် တားဆီးနိုင်တယ်။ အရိုးသိပ်သည်းဆထိန်းသိမ်းထားနိုင်ရန် တစ်ပတ်လျှင် မိနစ် ၁၈၀ လမ်းလျှောက်ဖို့လိုတယ်။ (၆) သတိမေ့ရောဂါ ကာကွယ်နိုင်တယ် တစ်နေ့လျှင် ၁.၆ ကီလိုမီတာမျှ လမ်းလျှောက်ပေးနိုင်ရင်ပဲအသက်ကြီးလို့ဖြစ်တဲ့ သတိမေ့ရောဂါဖြစ်နိုင်ခြေတစ်ဝက်လျှော့ချနိုင်တယ်။ အမေရိကန်ပြည်ထောင်စုမှ လေ့လာမှုတစ်ခုအရလမ်းလျှောက်ခြင်းဖြင့် သက်ကြီးရွယ်အိုများတွင် ဦးနှောက်အတွင်း၌ Grey Matter ပိုမိုများပြားလာစေကြောင်းတွေ့ရတယ်။ (၇) နှာစေးအအေးမိခြင်းကိုကာကွယ်ပေးတယ် နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးခြင်းဖြင့် ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် ချောင်းဆိုးခြင်း၊ နှာချေခြင်းစတဲ့ အအေးမိရောဂါဖြစ်ပွားမှု နည်းပါးစေတယ်။
တွေးတောခြင်းပိုင်းအစ
ဝေဖန် တွေးတောခြင်း (critical thinking) ဆိုတဲ့စကားရပ်ဟာ ၂၀ ရာစုနှောင်းပိုင်း ပညာသင်ကြားရေး မှာ တော်တော်လေးပဲ ခေတ်စားလာခဲ့ပါ တယ်။ မြန်မာပြည်ထဲက ပုဂ္ဂလိက ကျောင်း တချို့ရဲ့ ကြော်ငြာတွေမှာ သူတို့ကျောင်းရဲ့ သင်ရိုး အဖြစ် ထည့်သွင်းကြော်ငြာထားကြတာကို သတိထားမိခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရကျောင်းသင်ရိုးနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ ကျမတို့အဖို့ ဒီသင်ကြား နည်းဟာ ဘယ်လိုမျိုးလဲဆိုတာ သိဖို့ ခဲယဉ်းခဲ့ပါတယ်။ ကံကောင်းထောက်မ စွာပဲ ၂၀၀၅ ခုနှစ်မှာ ချင်းမိုင်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဆရာများ အတတ်ပညာ သင်တန်းမှာ ဒီသင်ကြားနည်း ကို ထိတွေ့ခွင့်ရခဲ့ပါတယ်။
‘ဝေဖန်ပိုင်းခြား စဉ်းစားရန် စာရေးခြင်းနှင့် စာဖတ်ခြင်း’ (Reading, Writing and Critical Thinking) ဆိုတဲ့ RWCT နည်းလမ်းတွေနဲ့ သင်ခန်းစာ လေ့လာနည်း တွေကို ဒေါက်တာ သိန်းလွင်က ကျမတို့ကို မိတ်ဆက် ပေးခဲ့ပါတယ်။ ဝေဖန် စဉ်းစားခြင်းနဲ့ ထိတွေ့လေ့မရှိတဲ့ ကျမတို့ဟာ အစပိုင်းမှာတော့ စဉ်းစားတွေးတော ရတာတွေဟာ ခက်ခဲသလိုရှိခဲ့ပေမဲ့ အလေ့အကျင့် ရလာချိန်မှာတော့ အင်မတန် ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ သင်ခန်းစာတွေဖြစ်ခဲ့ပြီး တက်ကြွစွာ သင်ယူလိုကြတဲ့ စာသင်သားတွေ ဖြစ်ခဲ့ရပါတယ်။
ဝေဖန်ပိုင်းခြား စဉ်းစားခြင်းနည်းလမ်းဟာ ဗုဒ္ဓဘုရားရှင် အသုံးပြုခဲ့တဲ့ သင်ကြားနည်း ဖြစ်ကြောင်း ဆရာ ဒေါက်တာ သိန်းလွင်က ဆိုပါတယ်။
"ဘုန်းတော်ကြီးက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းသည် ဗုဒ္ဓ၏ သင်ကြားနည်း ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။ ကာလာမရွာသားများအား ဗုဒ္ဓဟောကြားသော တရားတွင် ဝေဖန်ပိုင်းခြား စဉ်းစားမှုရှိရန် ဆုံးမထားပါသည်။
“အစဉ်အလာရှိသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ မကြာခဏ ကြားနေရသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဟောပြောသော ပုဂ္ဂိုလ်၏ အရှိန်အ၀ါကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဆရာသမားက ပြောသည်ဆိုသောကြောင့် လည်း လက်ခံခြင်းမပြုနှင့်၊ ကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှသာ လက်ခံရန်” ဟောကြားပါသည်။ ’(မောက္ခပညာရေး မဂ္ဂဇင်း)
ဒီအဆိုကို ဖတ်မိတော့ ရေးခြင်း ဖတ်ခြင်းသာမက စကားပြောခြင်းတွင်ပါ ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်တတ်ဖို့ လမ်းညွှန်သင်ကြားထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမကို သတိထားမိလာပါတယ်။
မြတ်စွာဘုရားရှင်ဟာ စကားပြောဆိုခြင်းကို အလေးထားဟောကြားခဲ့ပါတယ်။ ကံသုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်တဲ့ ၀စီကံဟာ စောင့်ထိန်းနိုင်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ခါးဝတ်ပုဆိုးလို မြဲရမယ်ဆိုတဲ့ ငါးပါးသီလမှာ မုသားစကား လိမ်ညာပြောဆိုခြင်းကို ရှောင်ကြဉ်ခိုင်းပါတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားအဖြစ် ကျင့်ကြံရမဲ့ မဂ္ဂင်(၈)ပါး ကျင့်စဉ် မှာလည်း သမ္မာဝါစာ ကောင်းသောစကားကို ဆိုပါလို့ သင်ကြားပေးခဲ့ပါတယ်။ မင်္ဂလာဖြစ်ကြောင်း တရား (၃၈)ဖြာ မှာလည်း သုဘာသိသာစ ယာဝါစာ ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတရား ဖြစ်တယ်လို့ ဟောကြား ခဲ့ပါတယ်။
ဘုရားဖြစ်ဖို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ (၁၀)ပါး မှာလည်း သစ္စာပါရမီ ကို အထူးပဲ ဖြည့်ကျင့်ခဲ့ပါတယ်။ ဆရာတော် ရှင်ဇနကာဘိဝံသ က သူ့ရဲ့ ဗုဒ္ဓ၀င် အမေးအဖြေ စာအုပ်မှာ သစ္စာပါရမီနဲ့ ပတ်သက်လို့ ‘လူတစ်ယောက်ကိုဖြစ်စေ၊ အများကိုဖြစ်စေ အထင်မမှားအောင် မုသားလည်းမပြော၊ ကြွားဝါ၍လည်း မပြောဘဲ ပြုနိုင်သလောက်ပြော၍၊ ပြောသည့် အတိုင်း ပြုလုပ်ခြင်းသည် သစ္စာပါရမီတည်း ’ လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။
ဗုဒ္ဓက လူတွေပြောလေ့ရှိတဲ့ စကားအမျိုးအစားတွေကို (၆)မျိုးရှိတယ်လို့ ခွဲခြား ဆန်းစစ်ထားပါတယ်။
၁) မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား
၂) မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား
၃) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၎) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
၅)မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၆) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား တို့ဖြစ်ပါတယ်။
နံပတ်(၁)အမျိုးအစားကတော့ ပြည့်စုံတဲ့စကားအမျိုးအစားပါ။
နံပတ်(၂) အမျိုးအစားကတော့ မှန်ကန်တယ်၊ ပြောလိုက်တဲ့အတွက် အကျိုးတစုံတရာရှိမယ်။ ဒါပေမဲ့ နားထောင်ရတဲ့ သူကတော့မကြိုက်ပါဘူး။ ဥပမာဆိုရရင် မိဘက မလိမ္မာတဲ့ သားသမီးကို ဆုံးမတဲ့ စကားမျိုးဖြစ်လိမ့်မယ် ထင်ပါတယ်။
နံပတ်(၃) အမျိုးအစားကတော့ မှန်ကန်၊ အကျိုးမရှိ၊ နားထောင်တဲ့သူတော့ ကြိုက်တယ်ဆိုတော့ ပေါ့(ပ်)သတင်း စကားမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီး မင်္ဂလာဆောင်တာ ဘယ်လို၊ ဘယ်လောက် ခမ်းနား လိုက်တာ။ ဘယ်သူကတော့ ဘာဆိုလဲပေါ့။ ပြောသူ ကြားသူ အရသာရှိပေမဲ့ အကျိုးမရှိပါဘူး။
နံပတ်(၄)က မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်တဲ့ သူ့အတင်း သူ့ကို တိုက်ရိုက် ပြန်ပြောမိတဲ့ စကားမျိုး ဖြစ်ပါ လိမ့်မယ်။ အနာပေါ်တုတ်ကျ တဲ့စကားမျိုးသွားပြောမိရင် အကျိုးမရှိပဲ အရိုက်ခံ ရဖို့ ရှိနိုင်ပါတယ်။
နံပတ်(၅) စကားက မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက် တဲ့စကားဆိုတာ လိမ်ညာ လှည့်စား တတ်သူတွေ ပြောတတ်တဲ့စကားမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။ ကြားရတဲ့သူက သဘောကျပြီး သူ့ အလိမ်အညာလှိုင်းထဲ မြောပါ သွား တတ်ပါတယ်။
နံပတ်(၆)ကတော့ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ ကြားသူလည်းမနှစ်သက် ဆိုတော့ ကောင်းတာ ဘာမှမရှိတော့ပါဘူး။ အလေနသော၊ ဗလွတ်ရွှတ်တ၊ ပေါက်တတ်ကရ ဆိုတဲ့ စကားမျိုးဖြစ်ပါလိမ့်မယ်။
မြတ်စွာဘုရားက သည်စကားခြောက်မျိုးထဲမှာမှ ပထမ (၂ )မျိုးသည်သာ ပြောသင့်သောစကားဖြစ်ပြီး၊ ကျန်(၄)မျိုးကတော့ မပြောသင့်သော စကားများဖြစ်တယ်လို့ လမ်းညွှန်ဟောကြားခဲ့ပါတယ်။
မှန်လည်းမှန်၊ အကျိုးလည်းရှိမယ်ဆိုရင်တော့ နားထောင်ရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ ပြောသင့်ပါတယ်တဲ့။
စကားဆိုခြင်းအတတ်ပညာဟာ အရေးကြီးလှပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ် ချုပ်က လွတ်ပြီးစ လူထုကို ပြောတဲ့စကားမှာ လူအချင်းချင်း နားလည်မှုရှိဖို့ အတွက် မိမိပြောတဲ့စကားကို အခြားသူ သဘောပေါက် ဖို့ အသေအချာ အရေးကြီးပါတယ်တဲ့။
ဒါကြောင့် လူမှုဆက်ဆံရေးမှာ အရေးပါလှတဲ့ စကားပြောဆိုရာမှာ မြတ်စွာဘုရား ဟောကြား လမ်းညွှန်ခဲ့တဲ့ အတိုင်း မိမိပြောဆိုမဲ့စကားကို ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ပြီးမှ ပြောကြမယ်ဆိုရင် အကျိုးများဖို့ ရှိကြောင်းပါ။
Monday, July 16, 2012
Sunday, July 15, 2012
ဘာကြောင့်စာဖတ်သလဲ .........
ကျွန်တော်လူမှန်းသိတတ်စအရွယ်မှာ စာအုပ်တွေ နည်းနည်းဖတ်ခဲ့ဖူးပါသည်။ ငယ်စဉ်ကာလ ကလေးဘ၀ အရွယ်တုန်းက ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း စသည့် ကလေးစာပေတွေဖတ်ပြီး ကြီးပြင်းခဲ့ရာမှ လူပျိုပေါက်အရွယ်ရောက်တော့ အချစ်ဝတ္ထုတွေ ဖတ်ရတာ အရသာတွေ့လာသည်။ အိမ်မှာ အချစ်ဝတ္ထုတွေများစွာရှိ၍ အချိန်ရလျှင်ရသလို ဖတ်ခဲ့သည်။ တက္ကသိုလ်တက်ပြီး ပထမနှစ်၊ ဒုတိယနှစ်တိုင်အောင် အချစ်ဝတ္ထုတွေကို ဖြတ်မရခဲ့။
ရံဖန်ရံခါ၌ အချစ်ဝတ္ထုတွေဖတ်ရင်း တခြား သုတစာအုပ်များ၊ တက်ကျမ်းများကို ရသလောက် ဖတ်မိခဲ့ပြန်သည်။ နောက်ပိုင်းကျတော့ လုံးချင်းဝတ္ထုတွေမှာ စိတ်ကမပါတော့ဘဲ တက်ကျမ်းများ၊ သုတစာအုပ်များသာ ဖတ်ချင်လာတော့သည်။ သို့သော် ရှေးခေတ်စာရေးဆရာကြီးများ၏ နာမည်ကျော် ၀တ္ထုရှည်များ၊ ၀တ္ထုတိုများ၊ ဆောင်းပါးများကိုတော့ တွေ့သည့်အခါတိုင်း သေသေချာချာကို ဖတ်ခဲ့မိသည်။
ယခု ဘွဲ့ရ၍ အလုပ်ပင်ဝင်လေပြီ။ အရွယ်အရ လူငယ်သာရှိသေးသည်။ စာဖတ်အားကောင်းသူမဟုတ်သော်ငြား စုံသင့်သလောက်တော့ စုံအောင်ဖတ်ခဲ့ပြီးပြီဟု နားလည်နေမိသည်။ ထိုအခါ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ၀င်လာ၏။ "ဘာကြောင့် စာဖတ်သလဲ" ဆိုသော အတွေး။ အမှန်က မေးခွန်းတစ်ခုဖြစ်သည်။
တွေးကြည့်ပါ။ ကကြီး ခခွေး ရေးတတ်၊ဖတ်တတ်ပြီဆိုသည့် အချိန်ကတည်းက ကျွန်တော်တို့ အသက်ရှင် ရပ်တည်နေချိန် သည်နေ့အထိ စာတွေဖတ်ခဲ့ကြသည်။ ကျောင်းဖတ်စာအုပ်ထဲကစာတွေ၊ ပြင်ပကစာတွေကို စာဖတ်တတ်ချိန်ကတည်းက နည်းနည်းချင်းစီတော့ ဖတ်ခဲ့ပြီးကြပြီ။ ဘာကြောင့် စာဖတ်သလဲ။
အတန်းထဲက စာတွေက ကျွန်တော်တို့ အသိဥာဏ်တွေကို တစ်ဆင့်ချင်းမြှင့်တင်ပေးပြီး ဘ၀မှာ အသက်မွေးဖို့ လမ်းကြောင်းလေးတွေ ချပေးခဲ့သည်။ အပြင်ဘက်က စာတွေကတော့ အတန်းထဲက မရနိုင်သော ရသများ၊ ဗဟုသုတများကို ထပ်လောင်းဖြည့်ဆည်းပေးတာမျိုး ဖြစ်သည်။ ဒါဖြင့် ကျွန်တော်တို့ စာဖတ်သည်က ဦးနှောက်ထဲမှာ အသိဥာဏ်တွေ ပြည့်နေဖို့ ဖြစ်နေသည်။ စင်စစ် ထိုအရာသည် လက်တွေ့ကျသောအဖြေ မဟုတ်ပါ။ သူ့နောက်ကွယ်မှာ အဖြေတစ်ခု ရှိပါသေးသည်။
ဤနေရာ၌ အလျဉ်းသင့်၍ ကျွန်တော် စာဖတ်ရင်း တွေ့ကြုံခံစားရတာတွေကို ဖောက်သည်ချချင်ပါသည်။
ကျွန်တော် အပြင်စာတွေ စဖတ်စက ကိုယ်မသိသေးတာ တစ်ခုကို စာထဲက သိလိုက်ရလျှင် အလွန်ပျော်တတ် ပါသည်။ Iron Cross တီးဝိုင်းကို ဘာကြောင့် သူရဲကောင်းလေးများဟု ခေါ်ရသလဲဟု စဉ်းစားမရခင်က "ဆရာ လင်းယုန်မောင်မောင်"၏ "ဟစ်တလာ"စာအုပ်မှာ ဟစ်တလာ ရသော ဆုများသည် Iron Cross Second Class (တပ်သားကျော် ဒုတိယအဆင့်)၊ Iron Cross First Class (တပ်သားကျော် ပထမအဆင့်) ဖြစ်ပြီး ထိုဆုများသည် သာမန် တပ်သား၊ တပ်ကြပ်များ ရခဲ၍ မြေပြင်မှာ ထူးချွန်စွာ စွမ်းဆောင်နိုင်မှ ရသည်ဖြစ်ရာ သူရဲကောင်းသဖွယ် ပေးအပ်ခြင်းဖြစ်သည်ကို ဖတ်ရှုလိုက်ရတော့မှ Iron Cross တီးဝိုင်းကို သူရဲကောင်းလေးများဟု ခေါ်တာ နားလည်ရင်း ၀မ်းသာခဲ့ရလေသည်။
ထို့ပြင် "မာရဇ္ဇ" ဆိုသော အဆိုတော်နာမည်ကို ဘယ်မှာတွေ့ဖူးပါလိမ့်ဟု စဉ်းစားရင်း ရာမ၊ လက္ခဏ ဇာတ်တော် ထဲက ဒဿဂီရိ၏ ဦးရီးတော် "မာရဇ္ဇ"ကို "ဆရာချစ်ဦးညို"၏ "လင်္ကာဒီပချစ်သူ" ၀တ္ထုပြန်ဖတ်ရင်း တွေ့မိမှ အသံအမျိုးမျိုး ပြောင်းလဲတတ်သော ပညာရှင်ဦးရီးတော် မာရဇ္ဖ၏ အမည်ကို အစွဲပြု၍ မှည့်ဖွယ်ရှိသည်ဟု ကောက်ချက်ချကာ နားလည် ကျေနပ်ခဲ့မိသည်။ မာရဇ္ဖကိုယ်တိုင်ကလည်း ၀န်ခံခဲ့သည်ဟု သိရပါသည်။
တစ်ဖန် ဆရာစိုင်းခမ်းလိတ်ရေး၍ စိုင်းထီးဆိုင် ဆိုထားသော "ခြင်္သေ့လည်ပြန်" သီချင်းခေါင်းစဉ်ကို ယခု နောက်ပိုင်း ထုတ်သော သီချင်းစာအုပ်တွေမှာ "ခြင်္သေ့လည်ပြန်"ဟုသာ တွေ့ရပြီး ဟိုစဉ်က စာအုပ်ဟောင်းတွေမှာ "ခြင်္သေ့လည်ပြန်" (သို့) "ပြန်ညှိရမယ့်ကာရန်" ဟု ဖော်ပြထားရာ ဘာအဓိပ္ပာယ်နှင့် သည်ခေါင်းစဉ်ကြီးတွေ ပေးပါလိမ့်ဟု စဉ်းစားမရ ဖြစ်ခဲ့ဖူး၏။ နောက်မှ ဖျာပုံမြို့၊ နိုင်ငံတော် တန်းမြင့်ကျောင်း အထက်တန်း မြန်မာစာပြ ဆရာကြီး ဦးဘိုးငွေ ရေးသည့် တန်းမြင့် ကဗျာဖွဲ့နည်း ကျမ်းတွင် "လွမ်းချင်းစပ်နည်း"၌ "ပြန်ဂဟပ်" ကာရန်ယူပုံကို "ခြင်္သေ့လည်ပြန်"ဟု ခေါ်ကြောင်း၊ ပြန်ဂဟပ်ကာရန်ယူပုံ ဆိုသည်မှာ ကာရန်တစ်ခုကို ခံထားပြီးနောက် ထိုကာရန်နှင့် မတူသော ကာရန်သစ်တစ်မျိုးကို ထပ်ယူ၍ မူလက ခံခဲ့သော ကာရန်ကို ပြန်အုပ်ခြင်း ဖြစ်ကြောင်း ဖွင့်ဆိုထားရာ ဆရာစိုင်းခမ်းလိတ်ရေးသော သီချင်းစာသားပါ အိမ်ထောင်ရေးမှာ လင်ယောင်္ကျားက မှားနေ၍ အမှန်မြင်ကာ ပြန်လည်ညှိနှိုင်း ပြုပြင်၍ ကြင်နာတော့မည် ဆိုသည့် အကြောင်းနှင့် "ခြင်္သေ့လည်ပြန်" (သို့) "ပြန်ညှိရမယ့်ကာရန်"ဟု ခေါင်းစဉ်တပ်ထားပုံတို့ ဆက်စပ်၍ ရသွား၏။
အမှန်အတိုင်း ၀န်ခံရလျှင် စကားလုံးတို့၏အဖြေကို မသိခင်က ကိုယ့်ဘာသာ ထင်ရာ မြင်ရာ အဓိပ္ပာယ် ယူခဲ့ဖူး၏။ Iron Cross ကို ဘယ်လိုအဓိပ္ပာယ်ယူရမှန်း မသိသော်လည်း အချင်းချင်းနောက်ပြောင်ကာ Iron က သံ၊ Cross က ကြက်ခြေခတ်၊ သံကြက်ခြေခတ်ဟု ဆိုရင်း ရယ်စရာ လုပ်ခဲ့ကြသည်။ မာရဇ္ဖကိုတော့ ဗေဒင်မေး၍ ပေးတာပဲနေမှာဟု တွေးခဲ့ပြီး၊ ခြင်္သေ့လည်ပြန်ကိုတော့ ဆရာစိုင်းခမ်းလိတ်နှင့် စိုင်းထီးဆိုင်က သူတို့ကိုယ်သူတို့ ခြင်္သေ့ကြီးတွေဟု တင်စားကာ သူတို့ဖြတ်သန်းခဲ့ရသည့် ခရီးကို လည်ပြန်လှည့်ကြည့်တာ နေမည်ဟု ပေါ့ပေါ့ပဲ တွေးခဲ့၏။
သည်တော့ စာမဖတ်ခင်က ရှိသည့်အသိနှင့် စာဖတ်ပြီးမှ ရလာသောအသိက ရယ်စရာကောင်းလောက်အောင် ကွာခြားနေတာ တွေ့ရသည်။ သို့သော် သည်စကားလုံးတွေက လောလောဆယ် လူသိများနေသော စကားလုံးတွေ ဖြစ်ပြီး နောက်ကွယ်မှာ အဓိပ္ပာယ် တစ်ခု ရှိသည်ဟု ထင်မြင်ခဲ့ရာမှ သိရှိလာရသော စကားလုံးတွေ ဖြစ်သည်။ ယခု နောက်ပိုင်း အသုံးနည်းလာပြီး နောက်ကွယ်မှာ အဓိပ္ပာယ်မရှိဘူးဟု ထင်ခဲ့ပြီးမှ စာဖတ်ရင်း အဓိပ္ပာယ်တွေ သိလာရသည့် စကားလုံးတွေလည်း ရှိပါသေးသည်။ ဥပမာ "အလွန်ချာသူ"၊ "ဗိုင်းနာမ" စသည့် စကားလုံးတို့သည် ကျွန်တော်တို့ သည်ဘက်ခေတ်မှာ ရံဖန်ရံခါ၌ "တော်တော်ချာတဲ့ ကောင်"ကွာဟု လူကြီးတွေ ပြောသည့်အခါ၊ "ဗိုင်းနာမ"ဟု အရပ်ထဲမှာ ဆိုကြသည့် အခါမှသာ ကြားရသည့် စကားလုံးများ ဖြစ်သည်။
ရှေးခေတ်မြန်မာယောင်္ကျားများ ဆေးမင်ကြောင် အထိုးခံစဉ်၊ အော်သည်၊ သည်းသည်၊ အံကြိတ်ခံသည်ဆိုလျှင် အပျိုတွေက ကွမ်းပေး၍ အနားမှာရှိသော အတီးသမားများကို မျောက်မင်းအူသံကဲ့သို့သော ငိုညည်းသံအစစ်ကို တီးပေးခိုင်းရာ မျောက်မင်းအူသံ အစစ်အစား "အချာပ၀ရ" ချီသော ဘုန်းတော်ဘွဲ့ကို တမင်ဖျက်၍ တီးပေးရ၏။ ခဏခဏ စုတ်ထိုးတတ်သူ၊ သည်းတတ်သူဖြစ်က အတီးသမားများ ခဏခဏ "အချာပ၀ရ" လုပ်ရရာ၊ ခဏခဏ ချာရသူ၊ အလွန်ချာသူ ဖြစ်လာ၏။ ဒါကိုပင် အစွဲပြုကာ အလွန်ချာသူဟု ဆိုခဲ့ကြောင်း ဆရာကြီး "ရန်ကုန်ဘဆွေ"၏ "မြန်မာပြည်သား" စာအုပ်ထဲမှာ ဖတ်ဖူးပြီး သတ္တိနည်းသူကို ဆိုခဲ့ရာမှ ယခုအခါ အရည်အသွေးညံ့သူကို ချာသည့်လူဟု ဆိုနေကြကြောင်း တွေးတော မှတ်ချက်ချနိုင်ခဲ့လေသည်။
တစ်ဖန် ရှေးခေတ် အပျိုလေးတို့ ၀ဲလင်းဆောင် (အိမ်မ၏ရှေ့၌ အမိုးတစ်ဆင့်ပြု၍ ထုတ်ထားသော ဘေးနှစ်ဖက်အကာနှင့် ခေါင်ပါသည့် မြေစိုက်အဆောင်၊ အိမ်သုံးပစ္စည်း၊ လယ်ယာသုံးပစ္စည်းများလည်း ထားသည့် အဆောင်)၌ ဗိုင်းငင်ရင်း လူပျိုကလေးတွေကို ဧည့်ခံ၍ စကားထာဝှက်ဥာဏ်စမ်းကြရာမှ ထူလွန်း၊ ထိုင်းလွန်း၊ အလွန်း၊ ညံ့ဖျင်းလွန်းသောကြောင့် မည်သည့် ကာလသားကမှ မကြိုက်နိုင်ကြဘဲ စွန့်ပစ်သွားကြ သဖြင့် ဗိုင်းငင်သောအလုပ်ခွင်၌ နာခဲ့ရ၍ "ဗိုင်းနာမ" ဖြစ်တော့မည်ဟု မိမိဘာသာ ရည်ညွှန်းကာ ထိုဘ၀မှ လွတ်မြောက်ရန် စကားထာဝှက်ပါတော့မည်ဆို၍ စကားထာဝှက်ခဲ့ရသည်ဟု ထို "မြန်မာပြည်သား" စာအုပ်မှာပင် ဖတ်ခဲ့ရပြန်ရာ သည်ဘက်ခေတ်၌ ဆဲရေးသည်ဟု ယူဆသော အယူမှာ မှားယွင်းနေကြောင်း နားလည်ခဲ့ရပြန်သည်။
အလျဉ်းသင့်၍ ကျွန်တော်သိထားသော စကားလုံးလေးတွေကို ဖောက်သည်ချရခြင်း ဖြစ်ပါသည်။ ကျွန်တော် အဓိက ဆိုလိုချင်သည်က စာနည်းနည်းဖတ်လျှင် နည်းနည်းသိသည်။ များများဖတ်လျှင် များများသိသည်ဟု နားလည်စေရန် ဖြစ်သည်။ ထိုသို့သိရာ၌ မိမိဗဟုသုတ တိုးပွားလာသလို၊ ရမ်းသန်း၍ ထင်နေသော အထင်များလည်းေ၀၀ါးရာမှ ကြည်လင်ပြတ်သားလာ၏။ အသိဥာဏ်မြင့်မားလာသည်ဟုဆိုလျှင်လည်း ရသည်။ ပြီးတော့ မိမိသိထားသော အသိတစ်ခုကို ပြန်လည် အသုံးချနိုင်လာ၏။ များများဖတ်သူက များများသိထားရာ ရှေ့က သူတို့သိခဲ့သမျှ အသုံးချပြထားသည်ကို ကျွန်တော်တို့လို နည်းနည်းသိသူများက ရှာဖွေလေ့လာရ၏။ သူတို့နည်းတူ သိလာရသောအခါ ကျေနပ်ပျော်ရွှင်ရ၏။
သို့သော် စာဖတ်ခြင်းသည် သိနိုင်သမျှ သိအောင်၊ သိလာသမျှကို ကျေနပ်ပျော်ရွှင်မှု ခံစားရအောင် ဖတ်ခြင်းမျိုး မဟုတ်တာလည်း စာဖတ်သူ ကျွန်တော်တို့ သိနားလည်လာပြန်ပါသည်။ ဒါဖြင့် ဘာကြောင့် စာဖတ်သလဲ။
စာတွေက မျိုးစုံရှိသည်။ အကြောင်းအရာ မျိုးစုံပါသည်။ ကဏ္ဍ များစွာရှိသည်။ ငယ်စဉ်မှ သေသည့် တိုင်အောင်လည်း စာတွေဖတ်ခဲ့ ၊ဖတ်ဆ၊ဲ ဖတ်ကြရဦးမည်။ သေချာသည်ကတော့ စာထဲက တစ်ခုခုကို လိုချင်၍ ဖတ်တာ ထင်ရှားသည်။ အပျင်းပြေဖတ်ဖတ်၊ ရည်ရွယ်၍ ဖတ်ဖတ် တစ်ခုခုကို လိုချင်၍ ဖတ်တာဖြစ်သည်။ ဘာခံစားရမလဲ၊ ဘာတွေ ဗဟုသုတ ရမလဲ၊ ဘယ်သူ့အကြောင်းတွေ သိရမလဲဆိုသည့် အတွေးမျိုးနှင့် ဖတ်တာဖြစ်သည်။ မဖတ်ခင်နှင့် ဖတ်နေဆဲမှာတော့ သည်အတွေးမရှိ။ ရှိလျှင်လည်း စာဖတ်ပြီး ဘာမှမရ။ အဘယ်ကြောင့်ဆိုသော် ဘာရမလဲဆိုသော အတွေးကြီးက လွှမ်းမိုးနေလျှင် တကယ်ဖတ်လျှင် ဘာမှမရတော့တာ ကျွန်တော့်ကိုယ်တွေ့ သိခဲ့ဖူးသည်။
စာကို စာလိုဖတ်၊ ပြီးမှ တွေးတောဆင်ခြင်၊ သည်လိုလုပ်မှ စာရေးသူ၏ အာဘော်ကို ကျက်မိကာ နောက်ဆို သူ့စာပဲ ဖတ်တော့မည်ဆိုပြီး စာကို ရွေးဖတ်ကာ၊ ဘာမရလဲဆိုသည့် မေးခွန်းကို ဖြေပြီးသားဖြစ်သွားတတ်သည်။ စာရေးသူပေးတာနှင့် မိမိလိုချင်တာ ကိုက်ပြီဆိုလျှင် ဘယ်သူက ဘာကို ဖတ်ပါဟု ပြောစရာမလိုတော့။ စာကို စုံအောင် ဖတ်ပါတို့၊ ရွေးဖတ်ပါတို့ ဆိုသော စကားတွေကို နားမ၀င်တော့။ ကိုယ့်ဘာသာ သိလာသည်။ ဘယ်သူက ဘာတွေရေး၍ ဘာတွေပေးနေသည်။ ဘယ်စာအုပ်ဖတ်လျှင် အကျိုးမရှိ။ သည်လိုသိသွားပြီး စာထဲက ဘာရမလဲဆိုသော အတွေးက အလိုလိုပျောက်သွားသည်။ တကယ်ရတာကိုတောင် ခံစားမိနေပြီမဟုတ်လား။ ဒါဖြင့် စာဖတ်ခြင်းသည် သိချင်၊ တတ်ချင်၍ ဖတ်သည်၊ တစ်နည်းအားဖြင့်ဆိုရလျှင် ကျွန်တော်ရှေ့မှာ ဆိုခဲ့သလို ဦးနှောက်ထဲမှာ အသိဥာဏ်တွေ ပြည့်နေဖို့ ဖတ်တာမျိုးဖြစ်သည်ဟု ဆိုရဦးမည်။ သို့သော် အသိဥာဏ်တွေ ဖြည်းဖြည်းချင်း ဖြည့်နေတာ ဘာလုပ်ဖို့လဲ တွေးကြည့်ပါ။ စာရေးဆရာဆိုလျှင်တော့ ဗဟုသုတ ပြည့်လေ ကောင်းလေမို့ သူ့ဘာသာ သူတော့ အကျိုးရှိပေလိမ့်မည်။ တခြားလူအတွက်ကျတော့ ထိုသို့မဟုတ်။ ဗဟုသုတတွေရ၊ အသိဥာဏ်တွေရင့်ကျက်နေခြင်းသည် စာရေးဖို့မဟုတ်။ ပညာရှိ သုခမိန်ကြီးလုပ်ဖို့လည်း မဟုတ်။ ငါတတ်တယ်ကွဟု မော်ကြွားကာ လူရှေ့သူရှေ့ ဟောင်ဖွာဟောင်ဖွာ လုပ်ဖို့လည်း မဟုတ်။ စာအုပ်ဘယ်နှစ်အုပ် ဖတ်ပြီးပါပြီဟု ကြွားချင်၍ စာဖတ်တာလည်းမဟုတ်။
အဓိက က စာဖတ်ပြီး ရလာသော ဗဟုသုတတွေ၊ ရင့်ကျက်လာသော အသိဥာဏ်တွေက ထိုသူကို ပြန်အုပ်ချုပ်ကာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းမောင်းနှင်ဖို့ဆိုတာ သွားတွေ့ရသည်။
လူတောထဲမှာ လူတွေနှင့် နေသည်။ အမှားနည်းအောင် ထိန်းကျောင်းသွန်သင်ဖို့ မိဘ၊ ဆရာသမားနှင့် ရဟန်းသံဃာတွေ ရှိသည်။ စာအုပ် ဖတ်လျှင်တော့ ထိုသူတွေက ဘာမျှမပြောလည်း ကိုယ့်ဘာသာ နားလည်သွားသည်။ ဘယ်သူနှင့်ဆို၊ ဘယ်လို နေရမည်။ ဘယ်လို ဆက်ဆံရမည်။ ဘ၀ကို တိုးတက်အောင် ဘယ်လို ကြိုးစားရမည်။ နောက်ဘ၀ကူး ကောင်းစေချင်သည်။ စသည်ဖြင့် စာစုံလျှင် စုံသလို ကိုယ့်ကိုယ်ကို အနည်းနှင့် အများ ထိန်းကျောင်းသွားနိုင်သည်။ တစ်ခုတော့ရှိသည်။ ထိုသို့ဖြစ်ဖို့ စာအုပ်ကောင်းတွေ ပိုဖတ်ဖို့တော့ လိုမည်။ ဒါလည်း ထူးထူးထွေထွေ ဘာမျှ မလုပ်ရ။ စားများများဖတ်လာလျှင် စာအုပ်တွေကပင် မိမိကို လမ်းညွှန်သွားလိမ့်မည်။ "ငါ့ကိုဖတ်ရင် မင်းအချိန်ကုန်တာပေါ့"၊ "ငါ့ကိုဖတ်ပါ၊ မင်းအသိဥာဏ်တွေ ထပ်ပြီး ပွင့်သွားလိမ့်မယ်" ဟု စာအုပ်တွေကပင် ပြောလိမ့်မည်။
နောက်တစ်ခုက ကိုယ့်ကိုယ်ကို အမြဲထိန်းကျောင်းနေနိုင်ရန် စာအုပ်များကို ဖတ်ရင်းနှင့် ရပ်မပစ်ပါနှင့်။ ဖယ်ရှားမပစ်ပါနှင့်ဟု ဆိုချင်သည်။ ပြတ်တောင်း ပြတ်တောင်း ဖြစ်ချင်ဖြစ်ပါစေ။ စာအုပ်ကောင်းတွေကို ကြုံလျှင် ကြုံသလို စာစုံအောင်ဖတ်ပါဟု ကျွန်တော်က ဆိုပါဦးမည်။ တချို့က သူတို့ကိုယ်သူတို့ စာတော်တော်ဖတ်သည်ဟု အထင်ရောက်ကာ တချို့ စာတွေကို ဖတ်သင့်ပါလျက် ကိုယ့်ဥာဏ်နှင့် ယှဉ်လျှင် နိမ့်သည်ဆိုကာ ဖတ်စာရာမလိုဟု ဖယ်ရှားတတ်သည်။ ထိုသူတွေမှာ ဘာသွားတွေ့ရသလဲဆိုလျှင် ရံဖန်ရံခါ၌ လူအများက လက်မခံနိုင်လောက်သော အမှားမျိုးကို သူတို့က အမှန်ဟု ထင်ကာ လမ်းလွဲနေတာ တွေ့ရလေသည်။
လူတိုင်းကတော့ မှားကြပေလိမ့်မည်။ သို့သော် စာဖတ်သည့်သူ မှားပြီဆိုလျှင် သူများထက် ထူးခြားသည်ဟု ဆိုရလောက်အောင် မှားတတ်ပြန်သည်။ သည်တော့ စာဖတ်သည့်သူ မှားရခြင်းမှာ သူ့အတွက် နောက်ထပ် အသိဥာဏ်တွေ ဖွင့်ပေးမည့်စာ (သို့မဟုတ်) ရှိနေသည့် အသိဥာဏ်ကို လှုပ်နှိုးသည့်စာမျိုးကို ရှောင်ကာ ထပ်မဖတ်ဘဲ ကိုယ့်ဘာသာ လူတတ်ကြီးလုပ်နေ၍သာ မှားခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ပေသည်။
သည်မျှဆိုလျှင် "ဘာကြောင့်စာဖတ်သလဲ" ဆိုသော မေးခွန်းကလေး ရှင်းလောက်ပေပြီ။ ကျွန်တော်တို့ ဖြတ်သန်းရသော ဘ၀မှာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းမောင်းနှင်ဖို့ စာတွေဖတ်ရသည်ဟု နားလည်နိုင်ပြီ ထင်ပါသည်။ ထပ်ဆိုပါရစေ။ စာကောင်းတွေကို များများဖတ်ပါ။ ကိုယ့်ကိုယ်ကို တွန်းအားပေးရန်၊ သတိပေးရန် အတွက်လည်း အဆက်မပြတ်အောင် ဖတ်ပါ။ ထိုသို့ဖတ်မှလည်း စာဖတ်သည်ဆိုသော အလုပ်နှင့်အညီ ရလဒ်ကောင်းတွေ ရလာမည်ဖြစ်သည်။
အသေချာဆုံးကတော့ စာကောင်းတွေကို အနည်းနှင့် အများ ဖတ်သူသည် သူ၏ အသိဥာဏ် အနည်းနှင့် အများ ပွင့်လင်းတိုးတက်နေမည် ဖြစ်ပြီး လောကထဲမှာ နေထိုင်ရာ၌ တခြားသူတွေထက် အဆင်ပြေချောမွေ့မှု၊ တိုးတက်အောင်မြင်မှုတွေ အနည်းနှင့် အများ သာလွန်နေမှာဖြစ်ကြောင်း လေ့လာသုံးသပ်မိပါတော့သည်။ ။
ဆူးသစ်
မှုခင်းရှုထောင့်မဂ္ဂဇင်း
၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလ

Tuesday, July 10, 2012
ရခိုင်လူမျိုး
ရခိုင်လူမျိုးတို့ သည် ၄င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။
ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။
ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓည၀တီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။ မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ီရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။
ရခိုင်များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။
ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။ ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည် မှုတွင် အစဉ်အလာ ကြီးမားသည်။ ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကိုရိုးရာပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ကြသည်။အမျိုးသမီးများသည်ဇာပုဝါကိုရင်စလွယ်သိုင်းပြီးကော် လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၅ မှ ၁၈ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြို့တွင်လေ့လာ နိုင်သည်။
ရခိုင် စာပေသည် ဓည၀တီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓည၀တီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့ပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင် ကျောက်စာများအနက် ထင်ရှားသော ကျောက်စာများမှာ လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့ ဖြစ်သည်။ လောင်းကြက်တောင်မော် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ကျော်ကြားသည်။
မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
အောက်အာကာဗွီ၊ ၀ါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနှင့်
ပထ၀ီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် တို့ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။
ကိုးကား = wikimyanmar.co.cc မှကူးယူသည် ။
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။
ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓည၀တီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။ မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ီရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။
ရခိုင်များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။
ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။ ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည် မှုတွင် အစဉ်အလာ ကြီးမားသည်။ ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကိုရိုးရာပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ကြသည်။အမျိုးသမီးများသည်ဇာပုဝါကိုရင်စလွယ်သိုင်းပြီးကော် လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၅ မှ ၁၈ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြို့တွင်လေ့လာ နိုင်သည်။
ရခိုင် စာပေသည် ဓည၀တီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓည၀တီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့ပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင် ကျောက်စာများအနက် ထင်ရှားသော ကျောက်စာများမှာ လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့ ဖြစ်သည်။ လောင်းကြက်တောင်မော် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ကျော်ကြားသည်။
မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
အောက်အာကာဗွီ၊ ၀ါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနှင့်
ပထ၀ီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် တို့ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။
ကိုးကား = wikimyanmar.co.cc မှကူးယူသည် ။
Sunday, July 8, 2012
ချွတ်ယွင်းမှု၌ တွေးခေါ်ခြင်း
ခုတလောမှာ အတွေးတစ်ခု ကို ချဲ့ ထွင်ပြီးတွေးမိနေပါတယ်။ ကျွန်တော်ဘာတွေးမိနေသလဲဆိုတာလေး တင်ပြ ချင်စိတ်ကလေး ဖြစ်လာတာနဲ့  ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ မိဝေးဘဝေး နိုင်ငံဝေး နဲ့  ပညာသင် တဲ့ သူကသင်၊ ငွေရှာတဲ့သူကရှာနဲ့  နိုင်ငံရပ်ခြားမှာ အေးအေးပူပူ ကောင်းကောင်းဆိုးဆိုး နေထိုင် နေ ကြ ရပါတယ်။ ကျွန်တော့်အတွေးက ဒီကနေစပါတယ်။ ကုသိုလ် ပညာ ဥစ္စာ တွေ ရဖို့  သင့်တော်တဲ့ အရပ်ဒေသ မှာ အခိုက် အတန် ဖြစ်စေ အမြဲဖြစ် စေ မိဝေးဖဝေး ဆွေဝေးမျိုးဝေးနဲ့ တပါးသောတိုင်းပြည်မှာ ကျွန်တော်တို့  ဘယ်လို နေထိုင်နေကြပါသလဲ။ လွမ်းရတာတွေလည်း ရှိတာပေါ့၊ ဆွေးရတာ တွေက လည်း ဒုနဲ့ ဒေး၊ အားမတန် လို့ မာန်လျော့ မချိပြုံးပြုံးခဲ့ရတာတွေကလည်း အကြိမ်ကြမ်၊ ဒုက္ခတွေတွေ့ ရလို့ ဆင်းရဲ တွေ နဲ့ ကြုံရလို့  ဝမ်းနည်း အားငယ်ခဲ့ရတာလည်း အခါခါ၊ စသဖြင့်၊ ခြုံပြောရရင် အဆင်မပြေမှုတွေကြားမှာပဲ ပျော် အောင်နေနေ ကြရပါ တယ်။
ဒီအခါမှာ ကျွန်တော်တွေးမိလာလေးက adaptation ဆိုတဲ့စကားလုံးလေးပါ။ အဘိဓါန်မှာတော့ သင့်လျော် အောင် စီစဉ်ခြင်း။ ဆလျော်အောင် ပြုပြင်ခြင်း။ (ဇီဝဗေဒအနက်) သပ္ပါယ ဖြစ်ခြင်း။ သပ္ပါယပြုခြင်း။ (ဥပဒေစကား ရပ်များ) အစားထိုး ပြောင်းလဲခြင်း။ .... စသည် စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ပါတယ်။ မြန်မာလို တိုတိုလိုရင်း ပြောရ ရင် တော့ မျှတအောင်သင့်လျော်အောင် အဆင်ပြေအောင်နေတယ်ပေါ့။ နောက်တစ်ခုက compensation ဆိုတဲ့ စကားပါ။ ဒီစကားလုံးမှာ အဓိပ္ပါယ်အမျိုးမျိုးရှိပါတယ်။ ကျွန်တော်ပြောချင်တဲ့ အဓိပ္ပါယ်ကတော့ “something that makes you feel better when you have suffered something bad" လို့  ကမ်းဘရစ်ခ်ျ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်က အနက် ဖွင့်ပါတယ်။ တစ်ခုခု စိတ်ထဲ မကောင်းဖြစ်နေရင် ကောင်းသွားအောင် ခံစားနေရတာတွေ ကို နေသာသွားအောင်လုပ်ခြင်းပေါ့။ ဒီတော့က ကျွန်တော်တို့ တွေ ရဲ့  နွမ်းနေ လွမ်းနေတဲ့ စိတ်ကလေးတွေ ကြမ်းနေ ပန်းနေတဲ့ နေ့ ရက်ချိန်ခါတွေမှာ နည်းမျိုး လမ်းစုံနဲ့  ဒီအရာတွေ ကိုဖြေ ဖျောက်ခဲ့ကြရတယ်။ ပျောက် တာ တွေ လည်း ရှိပါတယ်၊ မပျောက်သော်လည်း မတတ်နိုင်တဲ့အဆုံး မှိတ်ပြီး နေ လိုက်ရတဲ့အခါတွေလည်း ရှိမှာ ပါ။ ကျွန်တော်စကားချီးတွေ များနေတာနဲ့ တင် လိုရာမရောက်ဖြစ်တော့မယ်။ ကျွန် တော့်အတွေးက ဒီပြဿနာ မဟုတ်ပါ။ စာရှုသူ မြင်သာ သိသာမယ့် ထင်ရှားတဲ့ ဥပမာကလေး ထုတ် နှုတ် တင်ပြလိုက်ခြင်းသာဖြစ်ပါတယ်။
လူတွေမှာ ပြုပြင်လို့ ရတဲ့အားနည်းချက်တွေ ရှိပါတယ်။ ဆိုပါတော့ စကား ကို နားမခံသာအောင် ကျယ်ကျယ် လောင်လောင် ပြောတတ်တဲ့သူတစ်ယောက်ဟာ ပုံမှန်လေသံနဲ့ ပြောတတ်ဖို့ ကျင့်ယူလို့ ရပါတယ်။ အပြေးနှေး တဲ့သူ ဟာ လည်း မြန်လာအောင်လေ့ကျင့်ယူလို့ ရပါတယ်။ အဆုံးစွန်ဆုံးပြောရရင် မိုက်နေတဲ့သူကိုတောင် လိမ္မာရေးခြားရှိလာအောင် သွန်သင်လို့ ရပါတယ်။ ဒါလိုဆို ပြင်လို့ မရတဲ့အားနည်းချက်တွေကဘာတွေလဲ။ ကျွန် တော်လှည့်ပတ်တွေး ကြည့်ပါတယ်။ ခေါင်းထဲမှာလည်း ကျွန်တော့အမြင်ကို ဆန့်  ကျင်တဲ့ အတွေးတွေက ချေပ လာ ပြန်တယ်။ လူတစ်ယောက်ဟာ အင်မတန် အရုပ်ဆိုးတယ် ဆိုကြပါစို့ ။ ဟိုး အရင့် အရင်အချိန်ကာလတွေ က တော့ ဒါဟာ ပြင်လို့ မရတဲ့ ချွတ်ယွင်း ချက် ဖြစ်ခဲ့မှာပါ။ ဟောခု တကယ်သာ ဆန္ဒ ရှိခဲ့ရင် ချောသွားအောင် လှသွားအောင် ပြင်လို့ ရနေပြီ။ ကိုးရီးယား နိုင်ငံက မင်းသား မင်းသမီးတွေက သက်သေပါပဲ။ ဒီလို ဆင်ခြေတက် တဲ့ အတွေးမျိုးပါ။
ကဲဒါဆိုရင် ကျွန်တော်ဘာတွေးပါသလဲ။ လူဟာ ကိုယ့်မှာ ဘာချွတ်ယွင်းနေသလဲဆိုတာကို တော်တော်များများ က သိထား ကြပါတယ်။ (မသိသေးရင်လည်း သိထားဖို့ သင့်လှတယ်လို့ ဆိုချင်ပါတယ်။) သိထားကြလို့ လဲ ဦးဖြူ ၊ ဒေါ်မဲ၊ ဦးပြာ ၊ဒေါ်နီ စသဖြင့် ကွဲလွဲကုန်ကြတာပါ။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်နေသဘောထားကို ဆိုချင်ခြင်း ဖြစ် ပါတယ်။ ဒီလူကတော့ စိတ်ကောင်းရှိတယ် သူကတော့ စိတ်ယုတ်တယ် မကောင်းဘူး စသည်ဖြင့်ပေါ့။ ဒီလို စိတ် ကောင်းရှိတယ်ဆိုတဲ့ မကောင်းဘူးတော်တော်ဆိုးတယ်ဆိုတဲ့ နာမဝိသေသန တွေ ဘယ်လို ဖြစ်လာရသလဲ။ ဒီ နေရာမှာ ဆက်တွေးကြည့်မယ်ဆိုရင် ဘာတွေက အဲဒီလူတွေကို စိတ်ကောင်းရှိစေ တာလဲ မကောင်းတဲ့ စိတ် ဖြစ် စေတာလဲ ဆိုတာ တွေးစရာဖြစ်လာပါတယ်။ သူတို့ မှာ ချွတ်ယွင်းချက်တွေ ရှိနေလို့ ဒီလိုအမျိုးမျိုး အစား စား ကွဲပြားသွားတာဖြစ်တယ်လို့ ထင်မိပါတယ်။ ဒါနဲ့ ဘယ်လိုချွတ်ယွင်းချက်တွေ ကြောင့်ဒီလို ကွဲသွားကြသလဲ။ ဒီနေ ရာမှာ တော်တော် ကလေး ဝိရောဓိ ဖြစ်စရာဖြစ်လာပါတယ်။
ဒီတော့ ဥပမာလေး တွေ ရှာကြည့်မိတယ်။ ဆိုကြပါစို့  မောင်ဖြူဟာ အင်မတန် အရုပ်ဆိုးပါတယ် ဒါပေမယ့် အင်မ တန် စိတ်ထားကောင်းတယ်။ နောက် မောင်ညိုကလည်း အင်မတန် အရုပ်ဆိုးတာပဲ။ ဒါပေမယ့်သူကျပြန်တော့ စိတ်ထား မကောင်းဘူး၊ ကောက်ကျစ်ချင်တယ် ညစ်ပတ်ချင်တယ်။ ဒါဆို အရုပ်ဆိုးသူချင်းတူတူ ဘာလို့ မတူရ သလဲ။ ခပ်ကပ်ကပ်ဖြေရင်တော့ဆက်တွေးဖို့ မလိုဘူးပေါ့။ “ဟ လူချင်းမှ မတူတာ အသက်ရှူကွဲ တာပေါ့ကွာ” လို့ ပြောတာနဲ့ ပြတ်ချင် ပြတ်ပါလိမ့်မယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ မောင်ဖြူက အရုပ်ဆိုးပေမယ့် “ငါ အရုပ် ဆိုးတာ ငါ့ကံ ငါ့ အကြောင်းပဲ စိတ်ကောင်းဖို့ က အရေးကြီးတယ် ”လို့ တွေးချင်တွေးမပေါ့။ မောင်ညိုကျပြန်တော့ “ငါ အရုပ်ဆိုးတယ် ကွာ အရုပ်ချောတဲ့လူတွေ တွေ့ ရင် တွယ်လိုက်ဦးမယ်ကွာ၊ နှိပ်ကွပ်လိုက်ဦးမယ်ကွာ၊ ဆိုတဲ့ စိတ်ရှိလို့  လူတွေကသူ့ ကို စိတ်မကောင်းဘူး ညစ်ပတ်တယ် လို့ ပြောကြတာကော မဖြစ်နိုင်ဘူးလား။ ဒီတော့ မောင်ဖြူက သူ့ ကိုယ်သူ adaptation လုပ်နိုင်တဲ့ သူဖြစ်တယ်။ “ငါကောင်းရင်တော့ ငါ့အရုပ်ဆိုးတာ ကွယ် လောက် တယ်။ မှေးမှိန်သွားလောက်တယ်။ ငါ ကောင်းအောင်၊ အသုံးဝင်တဲ့သူတစ်ယောက် အဆင်းမရှိပေမယ့် အချင်းရှိတဲ့သူတစ်ယောက် ဖြစ်အောင်၊နေမှပဲ ”ဆိုပြီးတွေးလို့ ပေါ့။ ဒီတော့သူက ကြိုးစား လာရတယ်။ အသိ ပညာ နဲ့ ပြည့်စုံအောင် လူ့ လောကမှာ သူဟာ အသုံးဝင်တဲ့ သူ ဖြစ်အောင် ကြိုးစားတယ် အားထုတ်တယ်။ ဒီ တော့ သူဟာ မှန်ကန်တဲ့ compensation တစ်နည်းအားဖြင့် adaptation လုပ်တာပဲ။ သူဟာ ထင်ပေါ်ကျော် ကြားလာမယ် အောင်မြင်မှုတွေရလာမယ်။ သူ့ ထက် အရုပ်ချောသူတွေကလည်း သူ့ ကိုရိုသေလာမယ်။ အဲဒီလူ တွေ ထက်လည်း ပညာတတ်လာမယ်။ မိမိရဲ့ ချွတ်ယွင်းမှု တစ်ခု အတွက် စိတ်ပျက်အားငယ် နေလို့ အကျိုးမရှိနိုင် ဘူးလို့  ဒီနေရာမှာ လေးထားပြီးဆိုလိုချင်တာပါ။ မောင်ညို့ အကြောင်းကိုချဲ့ ကားပြောစရာမလိုတော့ဟု ထင်ပါ တယ်။
ဒီတော့ အထက်မှာ ဥပမာနဲ့ စပ်လျင်းပြီး တင်ပြထားတဲ့ adaptation နဲ့ compensation ဆိုတဲ့စကားမှာ ကျွန် တော်က compensation ကိုသုံးရင်နေရာပိုကျလိမ့်မယ်လို့ ထင်ပါတယ်။ (အဓိပ္ပါယ်ချင်းတော့ ခပ်ဆင်ဆင် တူပါတယ်) ဆိုတော့က လူတစ်ယောက် ကောင်း တယ် ဆိုး တယ်ဆိုတာ သူ ဘယ်လို ခံစားတယ် (ဘယ်လို compensate လုပ်တယ်) ဆိုတဲ့ အပေါ်မှာ မူတည်ပါ တယ်။ ဒီတော့ compensation ဟာ သူ့ ရဲ့ အတွေး အမြင်ဖြစ်လာပါတယ်။ တစ်နည်းအားဖြင့်သူ့ အတွေး အမြင်မှန်လာရင် compensation လုပ်နိုင်လာမယ်။ မိမိစိတ်ကို ထိန်းညှိခြင်းဟာ လူတစ်ယောက် အတွက် အင်မတန် အရေးကြီးပါလားဆိုတာကျွန်တော် လင်းလင်းကြီးတွေ့ မိတယ်။ အင်မတန် ခက်ပါလားလို့ လည်း မြင်မိတယ်။
ဒီတော့ ပြုပြင်လို့ မရတဲ့ ချွတ်ယွင်းချက် တွေရှိနေတဲ့ လူသားတစ်ယောက် အနေနဲ့  မှန်ကန်တဲ့ အတွေးရှိဖို့  မှန် ကန်တဲ့ compensation ရှိဖို့ အင်မတန်အရေးကြီးပါတယ်။ (၃၈) ဖြာမင်္ဂလာတရားတော်မှာလည်း အတ္တသမာ ပဏိဒိစ- မိမိ ကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း ဆိုတာရှိပါတယ်။ ဒီတော့ မှန်ကန်တဲ့ compensation ဟာ လည်း ဒီမင်္ဂလာ တရားတော်ရဲ့ အစိတ်အပိုင်းဖြစ်ကောင်းတယ်လို့  ယူဆမိပါတယ်။ ဒါ့ကြောင့် ဘယ်နယ်ပယ် မှာ ပဲဖြစ်ဖြစ် ကမ္ဘာကျော်နိုင်ငံကျော်ပုဂ္ဂိုလ်တွေဟာ ငယ်ဘဝက ဆင်းရဲ မွဲတေသူတွေ ချွတ်ယွင်းချက်အမျိုးမျိုး ရှိခဲ့ သူတွေ ဖြစ်ခဲ့ကြတယ် ဆိုတာ သူတို့ ရဲ့ အတ္ထုပ္ပတ္တိတွေမှာ အထင်အရှားတွေ့ နိုင်ပါတယ်။ သူတို့ ဟာ မှန်ကန်တဲ့ compensation ရှိခဲ့ကြလို့ ပဲလို့ ဆိုနိုင်မယ်ထင်ပါတယ်။ သူတို့ ရဲ့ ကံတရား အပါအဝင် ရုပ်ပိုင်းဆိုင်ရာ အားနည်းမှု ကြောင့် ရရှိလာတဲ့ ပြင်းရှတဲ့ ခံစားမှုတွေ ကို အားအဖြစ်ပြောင်းလဲ တတ်ဖို့  သိပ် အရေးကြီးတာကို တွေ့ ရမှာဖြစ် ပါတယ်။
တစ်ခါတစ်ရံမှာ အဲဒီလို အားငယ်မှုတွေ နာကျင်မှုတွေ ကြောင့်လူတွေဟာ ဘာသာရေးအဆုံးအမတွေ၊ လူကြီး သူမ တွေရဲ့  အဆုံး အမတွေ၊ သဘာဝရဲ့ သဘော တရားတွေ နဲ့ လွတ်ပြီး တွေးခေါ်မိတဲ့အခါ တရားလက်လွတ် တွေ ဖြစ်ကုန်တတ်ပါတယ်။ အပြစ်ရှာမရတော့ တဲ့အခါ ကံဆိုးလိုက် လေခြင်းဆိုပြီး ကိုယ့်ကံကြမ္မာကို အပြစ်ရှာ ကြ တယ်။ နောက် ဒီအပေါ်မှာ အားငယ်စိတ်တွေ တစ်လှေကြီးဝင်လာကြ၊ စိတ်ဖိစီးမှုခံစားလာရ ဖြစ်လာကြ တယ်။ ကြောက်ရွံ့  တုန်လှုပ်လာကြတယ်။ ဒေါသတွေ ဖြစ်လာကြတယ်။ အဲဒီနေရာ မှာ စတင်မှားကြ တော့တာ ပါပဲ။ ပေါက်ကွဲလာကြတယ်။ မိမိကိုယ်ကို အပြင် ပတ်ဝန်း ကျင်ကိုလည်း နှိပ်စက်လာကြတယ်။ ပတ်ဝန်းကျင်ကို ပြန်လည် တိုက်ခိုက်လာကြတယ်။ သူ ဟာ အသုံးဝင်တဲ့သူ အရေးပါတဲ့သူ အရည် အချင်းရှိတယ် သူဖြစ်တယ် ဆို တာ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ပြသလာကြတယ်။ ဒီအရာ တွေ အားလုံးဟာ မှားယွင်းတဲ့ compensation လို့ ဆိုချင်ပါတယ်။
စိတ်ကို ထားတတ်ဖို့  အင်မတန်အရေးကြီး ပါ တယ်။ စိတ်ထားတတ်တဲ့သူဟာ ဘယ်လောက် ဆိုးရွားတဲ့ အခြေ အနေမှာပဲဖြစ်ဖြစ် compensate လုပ်နိုင်ပါ တယ်။ ဒီလို လုပ်နိုင်ရင် နည်းလမ်းဆိုတာ ပေါ်လာတာပါပဲ။ မိမိရဲ့  ဆန္ဒ လက်တွေ့ ဘဝမှာ ဖြစ်ထွန်းပေါ်ပေါက် လာ ဖို့ “နည်းလမ်းကောင်း” ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဆိုးရွားနေ တဲ့ ဖြစ်တည်မှု သို့ မဟုတ် အခြေအနေတစ်ခုခုက ရလာတဲ့ ခံစားမှုကို အားအဖြစ်ဖန်တီးနိုင်ဖို့ လိုပါတယ်။ စိတ်ဆို တာ မထားတတ်ရင် compensation မလုပ်နိုင်ရင် မျှတစွာ မတွေးတတ်ရင် မချမ်းသာပါ ဘူး။ ထို့ အတူပဲ မိမိ ကိုယ်တိုင် (စိတ်) ချမ်းသာမှု မရှိတဲ့သူဟာ တပါးသူအပေါ် ကောင်းကျိုးချမ်းသာ ပြုနိုင်ဖို့ မဖြစ်နိုင်ပါ။ ကု သိုလ် ပညာ ဥစ္စာတွေ ရဖို့  မပျော်ပေမယ့် တော်ရာ အရပ်မှာနေ ကြရလို့  ပျော်အောင် တစ်နည်း အားဖြင့် မပျော် သော် မှ နေသာအောင် compensate လုပ် ပြီးနေကြရသလို မိမိကိုယ်မှာ ရှိနေတဲ့ မပြည့်စုံမှု ချွတ်ယွင်းမှုတွေကြောင့် နင့်နင့်သည်းသည်း နာနာကျင်ကျင် ခံစားရတဲ့အခါမှာလည်း compensate လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ် ရှည် သည်းခံဖို့ အရေးကြီးပါတယ် စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်လို လူတွေ ဘယ်လို နေနေကြရသ လဲ ဆိုတာမျိုး လေ့လာတတ်ဖို့ လိုပါတယ်။
ဘာဖြစ်လို့ ကျွန်တော် အထပ်ထပ် တွေးမိနေလဲဆိုတော့ တချို့ ကိစ္စ တွေဟာ ဘယ်သူမှ မသိနိုင်ပေမယ့် ကိုယ် တစ်ယောက်တည်း ကြိတ်ပြီးခံစားနေရတာမျိုးတွေ ရှိတဲ့ အတွက်ကြောင့်ပါ။ လျှို့ ဝှက်အပ်တဲ့ လူသိမခံနိုင်တဲ့ အားနည်းချက်တွေဟာ လူတစ်ယောက်ရဲ့ အတွေးအခေါ်ကို များစွာပြောင်းလဲစေတတ် လို့ ဖြစ်ပါတယ်။ လူတိုင်း မှာ ဒီလို ယွင်းချွတ်မှုတွေ ရှိနေမှာ မလွဲတဲ့အတွက် လူတိုင်း လူတိုင်းဆင်ခြင်သင့်လှတယ်လို့ တွေးမိပါ တယ်။ ဒီ စာလေးဖတ်ပြီး တွေးစရာလေးတွေ ရသွားလိမ့်မယ်လို့ လည်းမျှော်လင့်ပါတယ်။ ပြုပြင်လို့ မရတဲ့ အားနည်း ချက် များအတွက် မှန်ကန် ကောင်းမွန်တဲ့ compensation တစ်နည်းအားဖြင့် သင့်တင့်မျှတအောင် တွေးခေါ်ယူဆခြင်း သည် များစွာလိုအပ်လှပါကြောင်း တွေးမိတာလေး ဖောက်သည်ချရင်း တင်ပြလိုက်ရပါတယ်။

Saturday, July 7, 2012
ခွေးသားစားခြင်း၏နောက်
-ခွေးသားကို ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ ဆွစ်ဇာလန် စသော နိုင်ငံများတွင်
စားသုံးလေ့ရှိကြသည်။ ကိုရီးယားတွင် သက်ကြီးပိုင်း(Old Generation) များက ပိုမိုစားသုံးကြသည်။-ခွေးသားစားခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို ယခုတိုင်ငြင်းခုံနေကြဆဲပင်ဖြစ်သည်။ ခွေးသားစားသုံးသူများက သူတို့၏ ကျန်း
မာရေးအတွက် ဟုဆိုကာ ယုံယုံကြည်ကြည်စားသုံးကြသည်။ အားအင်ဖြစ်ထွန်ြး
ခင်း၊ အမျိုးသမီးများ၏ အသားအရေ ကောင်းမွန်ခြင်း၊ နွေရာသီ နေရောင်ဒဏ်ကို
သက်သာစေခြင်းစသော အကျိုးကျေးဇူးများရှိသည်ဟု ယုံကြည်ကြလေသည်။
Wednesday, March 16, 2011
ငွေရှိတိုင်း မဖြစ်တဲ့ လောက
လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်…
အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။
1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊
စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊
မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး။
5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို့မရဘူး။
6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊
ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့မရဘူး။
8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊
လေးစားမှု (Respect) ကို ဝယ်လို့မရဘူး။
9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကို မင်းဝယ်လို့ရလိမ့်မယ်၊
လှပ တင့်တယ်မှု (Beauty) ကို ဝယ်လို့မရဘူး။
10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
အချိန် (Time) ကို ဝယ်လို့မရဘူး။
11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊
မိတ်ဆွေစစ်တွေ (Friends) ကို ဝယ်လို့မရဘူး။
13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။
သစ္စာရှိမှု (Faithfulness) ကို ဝယ်လို့မရဘူး။
14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။
ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့မရဘူး။
15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊
လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။
16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊
အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။
17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊
အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး သိက္ခာဆည်လို့မရဘူး။
18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊
လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင် ပြန်ကာလို့မရဘူး။
19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊
အကောင်းမြင်ခိုင်းလို့မရဘူး။
20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို သုံးချင်သူ။
(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

Subscribe to:
Posts (Atom)