လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Wednesday, July 18, 2012

မနက်ဖြန် – မောင်စိန်ဝင်း ( ပုတီးကုန်း )

ပန်းကလေးတွေလဲ
မခြွေပဲ ကြွေတတ်တယ်။

ကြယ်ကလေးတွေလဲ
မခြွေပဲ ကြွေတတ်တယ်။

မျှော်လင့်ခြင်းတွေလဲ
မခြွေပဲ ကြွေတတ်တယ်။

မခြွေပဲ၊ ကြွေလဲ
အနေရဲ၊ ဝေဆဲပါလေ…

ပန်းတွေလဲ မပျောက်ကွယ်
ကြယ်တွေလဲ မကုန်
ယုံကြည်မျှော်လင့်ခြင်းတွေလဲ မပျက်
မနက်ဖြန်ဆိုတာ ရှိနေမယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...