ဘာမှမတောင်းဆိုခဲ့ပါဘူး ကောင်မလေးရေ ..........တမ်းတမှု ၊လွမ်းဆွတ်မှု တွေနဲ့နင်ကိုချစ်နေတုံးပါပဲ ........
ဒါပေမဲ့ယုံကြည်ဖို့တော့ခက်ခဲသွားပြီ......။
ရိုးသားမှုမရှိရင်.........
ဘယ်ဟာမှအစစ်အမှန်မဟုတ်ဘူးတဲ့ ။ .........
ချစ်ခြင်းအစက လူတစ်ယောက်ကိုယုံကြည်မှု ၊နည်းလည်မှု ၊ပေးဆပ်မှုတွေပါလိမ့်မယ် .......
အိမ်မက်ဆိုတာမတည်မြဲဘူး ......
ဒါမေဲ့ အဲဒီအိပ်မက်ပဲ ငါထပ်တလည်လည်ပြန်မက်ချင်နေမိတယ် .......
နင်နဲ့ပတ်သတ်ပြီး ........ငါ့ရဲ့
ယုံကြည်မှုတွေ .....အိပ်မက်တွေပျက်စိးခဲ့ပြီလေ ......
ဘာမှမရှိတဲ့ငါ့ ဘဝမှာ .......
နင်တစ်ယောက်တည်းကိုပဲရူးမိုက်စွာချစ်မိခဲ့ပါ .....
မတူညီတဲ့တံတိုင်းတွေကြောင့်လား .........
ငါ့ဘဝပဲသုညဖြစ်နေလို့လား .........
ဟန်ဆောင်ခြင်းကင်းတဲ့ ငါ့ဘဝရဲ့စာမျက်နှာထက်က ......
အရောင်မွဲတဲ့ပကာသနတွေကြောင့်လား ...
ဝေခွဲစဉ်းစားရခက်နေပြီအခု ......
အကြောင်းပြချက်မခိုင်လုံတဲ့နင်ရဲ့ဝါးတားတားအပြောတွေ .......
ငါစိတ်ကုန်နေခဲ့တာကြာပြီ။ ........
နင်နဲ့ငါနှစ်ယောက်အတူမက်ခဲ့တဲ့အိပ်မက်ကဇတ်သိမ်းမကောင်းပေမဲ့
ငါ့ကျေနပ်စွာနဲ့ နောက်ဆုံးမှာနေခဲ့ပေးပါ့မယ် ခလေးရေ .......
နင်သွားမဲ့လမ်းဟာရွှေမှုန်ကြဲ့တဲ့လမ်း .........
ပန်းမွှေရာရွှေကောဇောခမ်းတဲ့လမ်းဖြစ်နိုင်ပါစေကွာ ...........
နင်ပေးတဲ့အမုန်းဆိုတဲ့လက်ဆောင်ကို ငါ့ ........
အမြတ်တနိုးသိမ်းထားရင်းနဲ့ .....
မမေ့နိုင်သေးတဲ့ဒီအိပ်မက်ထဲကနိုးထခွင့်ပြုပါ .........
နင်ဟာငါ့ဘဝရဲ့အိပ်မက်သခင်ပါ ........
နင်မဆွဲဆောင်ခဲ့ဘူး ......
ငါကိုယ်တိုင်စွဲလမ်းခဲ့တာပါ ဒီအိပ်မက်ကို ........
နေပူမှာထီးမိုးပေးမဲ့သူ .......
ငါထက်ပေးဆပ်နိုင်သူကို မင်းတွေ့နိုင်ပါစေ ....အိပ်မက်ခင်ရေ .........
Showing posts with label ရင်တွင်းခံစားချက်. Show all posts

Monday, July 30, 2012
Friday, July 20, 2012
ကြယ်စင်မဲ့ကောင်းကင်
ခလေးမဟုတ်တော့ဘူး ။ .....ဒီနှလုံးသားရင့်ကျက်လာခဲပါပြီ.........
ရင်မှာခံစားးမှုဒဏ်ရာတွေမပြယ်သရွေ့ တောက်ပလင်းလက်တဲ့ ကောင်းကင်ဆိုတာလည်း .......
မရှိနိုင်သေးပါဘူးမ ..........
ခဏတာဝေးကွားခြင်းဆိုရင် အလွမ်းသီးချင်းဆိုရင်တော့ပြယ်မယ်ထင်တယ် ။ .........
ခုတော့ ........ထာဝရဝေးကွားခြင်းပါ........
ပြန်ဆုံရင်တောင် အတူမနေနိုင်တော့ပါဘူး .......(မတူညီတဲ့ရည်မှန်းချက်ကိုယ်စီနဲ့ပေါ့)
ဟိုးအရင် ကဆိုရင် .........ကျနော်ရဲ့ကောင်းကင်မှာ ကြယ်စင်တွေအများကြီး .....
ငွေလမင်းကြီးရဲ့အောက်မှာအတူတူထိုင် ......
ပြောမကုန်နိုင်တဲ့စကားတွေနဲ့ ........နှစ်ယောက်သား ပျော်ရွှင်မဆုံးခဲ့ပါဘူး ........
ကြယ်ကင်မဲ့တဲ့ကောင်းကင်အောက်မှာ ..........
ခုတော့ ..........တစ်ယောက်တည်း
အမှောင်တွေထဲတိုးဝင် .........အနာဂတ်ဆိုတဲ့အိပ်မက်ခရီးရှည်ကြီးအတွက် ...........
စမ်းတဝါးဝါးလှမ်းလျှောက်နေသူပါ .............
မနဲ့ကျနော်လွှဲချော်ခဲ့ပြီးနောက် ...........
အရာအားလုံးဆိတ်သုန်း အပူရင်ခွင်မှာ ..........
လမင်းကြီးလည်းမအေးမြတော့ဘူး ......
ငှက်ကလေးတွေရဲ့တေးဆိုသံတွေလည်းမချိုမြိန်တော့ဘူး ........
ကောင်းကင်အောက်က ကြယ်ကလေးတွေလည်းလင်းလက်တောက်ပမှုမရှိတော့ဘူး ........

Saturday, July 7, 2012
အချစ်ဆိုတဲ့အရာ ......................ဘာလဲ .........?
အချစ်ဆိုတာ အရမ်းကိုဆန်းကြယ်လှတယ်... တစ်ခါတလေ ပူလောင်မူတွေ တစ်ခါတလေ ပျော်ရွင်မူတွေနဲ့.... ။ တစ်နေ့ ကျွန်တော်သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ရတယ်.. ဘာလို့လဲဆိုတော့ သူ့ချစ်သူကြောင့်ပါ... ဒါပေမယ့် ကြားသုံးကြားမ၀င်ရဆိုသလို ကျွန်တော် မသိချင်ယောင်ဆောင်နေတော့မယ်ပေါ့လို့ ဆုံးဖြတ်လိုက်တယ်...။ သူချစ်သူက သူကိုသိပ်အလေးမထားသလိုပဲ သူတို့အကြောင်းတွေကို သေချာမသိရပေမယ့် သူစိတ်ညစ်နေပြီး အသဲကွဲကဗျာတွေရေးကတည်းက သူဘယ်လောက်ခံစားနေရတယ်ဆိုတာ မှန်းဆ နိုင်ပါတယ်...။ သူက သူ့ချစ်သူကို တော်တော်ချစ်တယ်....ဒါကြောင့်... ကျွန်တော် ကိုညီသက်ပိုင်ရုပ်ပြကာတွန်း လေးထဲက အချစ်နဲ့ ပက်သက်တဲ့ အတွေးခေါ်တွေကို ဖော်ပြခြင်မိတယ်..။ ချစ်တက်ဖူးသူတွေ လွမ်းဖူးသူတွေ ကြေကွဲဖူးသူတွေ အချစ်ဆိုတာကို သိချင်နေတဲ့သူတွေ အတွက် ပေါ့....။ ကိုညီသက်ပိုင်စာသားလေးတွေက ဒီလိုဗျ....
-သံယောဇဉ်ဆိုတာ တစ်ယောက်ရင်ညွန့်အောက်က ထွက်လာတဲ့ ကြိုးတစ်ချောင်းနဲ့ နောက်တစ်ယောက် ရင်ညွန့်အောက်က ထွက်လာတဲ့ ကြိုးတစ်ချောင်းချင်း ချည်နှောင်မိကြခြင်းပါပဲ ခိုင်လည်းခိုင်တယ် ပြတ်လဲမပြတ်ဘူး မြင်လဲမမြင်ရဘူး...။
- အချစ်ဆိုတာ ကောင်လေးဆီကပဲ စတင်ပေါက်ဖွားတက်ပြီး အမုန်းဆိုတာ ကောင်မလေးတွေ ဆီကပဲ စတင်ပေါက်ဖွားတက်ပါတယ်..။
- များသောအားဖြင့် ချာတိတ်လေးတွေက အချစ်ဆိုတာ ရယူခြင်းလို့ မြင်တက်ကြပြီး ချာတိတ်မလေးတွေကတော့ အချစ်ဆိုတာပေးဆပ်ခြင်းလို့ မြင်တက်ကြပါတယ်..။
- အချစ်ကြောင့်ရတဲ့ ဝေဒနာကို ဘယ်အရာနဲ့ မှ မကုစားပါနဲ့ မထိရောက်ပါဘူး..။ အချစ်ကြောင့်ရတဲ့ဝေဒနာကို အချစ်နဲ့ပဲ ကုစားပါ အချစ်ကို အချစ်ကပဲ နိုင်တယ်...။
- အချစ်ဆိုတာ လူတွေရဲ့ စိတ်ကူးယဉ် ခံစားမူကနေ ပေါက်ဖွားလာတာပါ.. စိတ်ကူးယဉ်ခံစားမူသာမရှိခဲ့ရင် လူတွေမှာ အချစ်ဆိုတာ မရှိနိုင်ပါဘူး ရမ္မက်တွေပဲရှိပါလိမ့်မယ်....။
- ချစ်တက်လာတဲ့အခါ ကောင်လေးတွေက ပျော့ညံ့သွားတက်ကြပြီး ချစ်တက်လာတဲ့အခါ ကောင်မလေးတွေက သတ္တိတွေ ပိုရှိလာတက်ကြတယ်...။
- အချစ်ဆိုတာ ကောင်မလေးနဲ့ ကောင်လေး အဖြေတွေတောင်းကြ အဖြေတွေပေးကြမှ အချစ်ဖြစ်လာတာ မဟုတ်ပါဘူး..။ အဖြေမတောင်းခင် အဖြေမပေးခင် ရင်ထဲမှာ သန့်သန့်လေး ခံစားကြည်နူးနေတာကိုက အချစ်ပါပဲ..။
- မျက်ရည်ဆိုတာ အမုန်းကြောင့် ကြေကွဲစွာ ကျတက်သလို အချစ်ကြောင့် ပျော်ရွင်ရတဲ့ အခါလည်း ကျတက်ပါတယ်..။
- အချစ်ဆိုတာ ပါးပါးလေး ယုံကြည်မူ ခိုင်မာရင် သစ္စာရှင် ၊ အချစ်ဆိုတာ ပါးပါးလေး ယုံကြည်မူ ပျက်ပြားရင် သစ္စာဖောက်..။
- ပစ်လိုက်မိတဲ့ မြှားလို ပြောလိုက်မိတဲ့ စကားလို ချစ်လိုက်မိတဲ့ အသည်းကလည်း ပြန်လည်း ရုတ်သိမ်းလို့ မရနိုင်တော့ပါဘူး..။
- အချစ်ဆိုတာ အမုန်းတွေကို သိမ်းထုတ်ထားတဲ့ အရာပါ..။ အချစ်ဆိုတဲ့ အကာ ကို ထိရှဖျက်ဆီးမိရင် အမုန်းတွေက ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာပါလိမ့်မယ်...။
- အချစ်ကြောင့် လူတွေဟာ အားလုံးကို စွန့်လွတ်ရဲခဲ့ကြတယ်.. မိမိဓနကို စွန့်ခဲ့ကြတယ်။ မိမိ ဘ၀ ကိုစွန့်ခဲ့ကြတယ်.။ မိမိ အသက်ကိုတောင် စွန့်ခဲ့ကြတယ်..။ အရာအားလုံးကို စွန့်ရဲစေခဲ့တဲ့ သတ္တိကို အချစ်က မွေးဖွားပေးနိုင်ခဲ့ပါတယ်..။
- ထာဝရ ဘုရားသခင်က အချစ်ကို စတင်ဖန်းဆင်လိုက်တဲ့အခါ စာတန်နတ်ဆိုးက အမုန်းကို အမြန်ဖန်ဆင်းလိုက်တယ်...။ ဒါကြောင့် ဒင်္ဂါးပြားရဲ့ မျက်နှာပြင် နှစ်ဖက်လို အချစ်နဲ့အမုန်းက ကျောချင်းကပ်ပြီး မွေးဖွားလာခဲ့ကြပါလေရဲ့..။
- အချစ်ဆိုတာ သေမိန့်တစ်ခုပါပဲ အချစ်မရှိခင်က ငါတို့အားလုံးဟာ အပူပင်မဲ့စွာ လွတ်လပ်ခဲ့ကြတယ်..။ အဲ့ဒီလွတ်လပ်မူတွေကို သေဆုံးစေခဲ့တဲ့အရာကတော့ အချစ်ပါပဲ...။ အချစ်ကြောင့် ငါတို့အားလုံး သေဆုံးခဲ့ကြတယ်....။ ညီသက်ပိုင်
ကဲ ဆရာညီသက်ပိုင် ရေးသွားတဲ့ အချစ်အတွေးခေါ်လေးတွေကတော့ တော်တော်ကိုကောင်းတယ်နော်.......ဒီလိုပဲ ကျွန်တော်လဲပြန်လည်းတွေးမိတာတွေရှိတယ် လောကမှာ အချစ်ကြောင့် ရာဇာဝင်တွေပြန်ကြည့်ရင်... စပါတာ300 ဇတ်ကားမှာ စပါတာ ဘုရင်ဟာ သူစစ်ထွက်သွားချိန်မှာ သူဇနီးကို စိတ်ထဲကနေပဲ..(.နူတ်ဆက်ခဲ့ပါတယ်အချစ်ရယ်လို့) ပြောခဲ့ပြီး နူတ်ကမထွက်ခဲ့ဘူးတဲ့လေ...ဘာလို့လည်းဆိုတော့ စပါတာသားတွေဟာ နှလုံးသားမာကျောရမယ်ဆိုတာကြောင့်ပါပဲ.....။ ဒီလိုပဲ try ကားကို ကြည့်ဖူးကြမှာပါ.... မိန်ကလေးတစ်ယောက်တွက်နဲ့ စစ်ဖြစ်ခဲ့ရတဲ့ try ဇတ်ကားပေါ့.....သူချစ်သူကို မစွန့်လွတ်နိုင်လို့ သူရဲကောင်းများစွာ သေဆုံးခဲ့ရတယ်.. try ဟာ လည်းပျက်သုန်းခဲ့ရတယ်...ဒါဟာ သမိုင်းမှာ ထင်ကျန်နေဆဲပေါ့....။ နောက်ပြီး တိုက်တန်းနစ် ကားထဲမှာ လီယိုနာဒိုဟာ သူချစ်သူအတွက် တံခါးချပ်ပေါ်တက်စေခဲ့ပြီး သူကတော့ ရေထဲမှာနေနေခဲ့တယ် အအေးဒဏ်တွေကြားမှာ သူချစ်သူလက်ကလေးကို ဆုပ်ကိုင်ရင်းး သူ့ချစ်သူသီချင်းသံကိုနားထောင်နေခဲ့တယ်..တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်းနဲ့ ကျွန်တော်သိချင်လိုက်တာ တစ်ခုက ခွဲခွားရကြတော့ချစ်သူနှစ်ယောက် ရင်ထဲမှာ ဘာတွေရှိနေမလဲဆိုတာကိုပေါ့... နောက်ဆုံးတော့ လီယိုနာဒိုဟာ ပင်လယ်ကြမ်းပြင်ကို မြုပ်သွားခဲ့တယ်... သူချစ်သူကတော့ အသက်ရှင်ခဲ့တယ်...ဒါဟာပေးဆပ်ခြင်းတစ်ခုပေလာ.....အချစ်ဆိုတာ အရမ်းကိုဆန်းကြယ်လှပြီး အမျိုးမျိုးရှင်သန်နေတဲ့ အရာလို့ပဲ ပြောရလေမလား.....အချစ်ကြောင့်ပျော်ရွင်မူတွေရှိသလို အချစ်ကြောင့်ပူဆွေးမူတွေလည်းရှိတယ်...။
အချစ်ဆိုတာ .......ဘယ်လိုလဲလို့ ကျွန်တော် စာဖတ်ပရိတ်သတ်တွေကို ပြန်မေးလိုက်ပါရစေ..........?

Saturday, February 19, 2011
အရောင်မွဲတဲ့မျှော်လင့်ချက်
မ ..................
ဒီကမ္ဘာကြီးမှာလူးသားတိုင်းမျှော်လင့်ချက်နဲ့အသက်ရှင်နေကြတာပါ ............
ဘဝမှာခံယူချက်လေးနက်ပြီးဦးတည်ချက်ပြတ်သားတဲ့လူတစ်ယောက်အဖို့ပန်းတိုင်းဆိုတာရှိပြီးသားပါ။ ......
အမှန်တရားတစ်ခုဖြစ်ပေါ်ဖို့(သို့)အောင်မြင်မှုတစ်ခုရရှိဖို့အချိန်ကာလ .........
တစ်ခုစောင့်ဆိုင်းရတာမလည်းအသိပါ .............
ဘာကြောင့်များ .............ကျနော်ကို
မစောင့်နိုင်ခဲတာလဲမရေ .............
ကျနော်လျှောက်နေတဲ့လမ်း .......
ကျနော်နေတဲ့ကမ္ဘာဟာ ........
သံစဉ်ချိုမြပြီးသာယာမှုအပေါင်းခညောင်းမှုမရှိရင်တောင် .........
ငိုရှိုက်သံတွေကင်းမဲ့ပြီးချုပ်ခြယ်မှုကင်းဝေးစေရမယ်မ .........
အရာရာကိုပြီးပြည့်စုံအောင်ဖန်ဆင်းနိုင်ခြင်းမရှိပေမဲ့ ............
လိုအပ်သလောက်ဖြည့်ဆည်းပေးမဲ့သူပါ မ ...........
အရာဝတ္ထုတစ်ခု(သို့)မျှော်လင့်ချက်ဖြစ်တည်ဖို့အရေး ........
သူနဲ့တန်သောတန်ပြန်တုံ့ပြန်မှုကိုပေးရမှာပါ။ ..........
အခုကျနော် .......မကိုပိုင်ဆိုင်ရယူဖို့မျှော်လင့်ထားခဲလို့အလွမ်းတပိုးကြီးနဲ့ ..........
မပြယ်နိုင်သေးတဲ့မုန်းတိုင်တစ်ခုလို ........
ရင်ကိုလာရိုက်ခတ်တာလည်းအကြိမ်ပေါင်းမနည်းတော့ပါဘူးမ ...........
မရေ .........
မကိုချစ်ရသူကျနော်အဖို့ ရေကြည်ထဲကလရိပ်လမာ ......
ကမ်းနားသစ်ပင်လိုတည်ငြိမ်မှုမရှိလှပါဘူး ...........
ဝေးကြမှာသိလျက်ဇွတ်ချစ်မိနေတဲ့နှလုံးသားကိုလည်း .......
ကိုယ်တိုင်ရိုက်ချိုးပြီးအံကြိတ်ခံရုံပေါ့မရေ ...........

Subscribe to:
Posts (Atom)