လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, May 23, 2012

အဲလိုလား

တစ်နေ့မှာလုပ်ဖော်ကိုင်ဖက်ကရီရီကိုမေးတယ်။ ”နင်နေ့တိုင်းအလုပ်တက်တော့နင့်သားကိုဘယ်သူထိန်းလဲ?” ”ယောက္ခမထိန်းတယ်လေ” “နင်ကံကောင်းလိုက်တာ” “ကံကောင်းတာလဲမဟုတ်ပါဘူးဟ ။ နေ့ဘက်ဆိုရင် ငါ့သားကိုယောက္ခမကထိန်းပေးတယ်။ ညဆိုရင်သူ့သားကိုငါကထိန်းပေးတယ်။ ညီမျှပါတယ်ဟ”

Monday, February 20, 2012

နိုင်တဲ့လူယူကြေး

နယူးယောက်မြီု့၏လမ်းထောင့်တစ်နေရာတွင်ညဥ့်နက်အချိန်၌လုယက်သူနှစ်ဦးကလမ်း
လျှောက်လာသူတစ်ဦးအားရပ်ခိုင်းပြီးပြောသည်။
“ကျေးဇူးပြု၍ကျွန်တော်တို့ကိုဆယ်ပြားစေ့(ဆင့်)တစ်ခုပေးပါ။ ဒါမှမဟုတ်ကျွန်တော်တို့မလွှဲသာမရှောင်သာ”
“ရပါတယ်၊ ရပါတယ် ၊ ဒါနဲ့မောင်ရင်တို့ဘာဖြစ်လို့ဆယ်ပြားစေ့တောင်းတာလဲ ၊ စိတ်ဝင်စားစရာမို့လို့မေးတာပါ၊”
“ဒီလိုပါဒီဆယ်ပြားစေ့နဲ့ကျွန်တော်တို့မြောက်ပန်းလှန်မယ် ၊ နိုင်တဲ့သူက ခင်ဗျားကြီးရဲ့ပိုက်
ဆံအိတ်ကိုရမယ် ၊ ကျန်တဲ့သူကကျန်တာကိုယူမယ်လေ”
Related Posts Plugin for WordPress, Blogger...