လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ
Showing posts with label ဝန်ခံချက် ကိုကိမောင်ဘလော့မှကူးယူးတင်ပါတယ်. Show all posts
Showing posts with label ဝန်ခံချက် ကိုကိမောင်ဘလော့မှကူးယူးတင်ပါတယ်. Show all posts

Thursday, February 17, 2011

အကန်း ၁၀ ပါး

လောကမှာ အကန်းတွေ အမျိုးမျိုးရှိကြပါတယ်။ အမြင်ဓါတ်လုံးလုံးမရတဲ့အတွက် ဘာကိုမှ မမြင်ရတဲ့ တကယ့်ပကတိအကန်း၊ မြင်နေပေမဲ့လဲ မလုပ်ချင် မကိုင်ချင် တာဝန်မဲ့မဲ့နေချင်တဲ့အခါ မမြင်ချင်ယောင်ဆောင်တဲ့ အယောင်ဆောင်အကန်း။ အမြင်ဓါတ်ရှိပေမဲ့ တစ်ခုခု အကာအကွယ်ခံနေတဲ့အတွက် မကန်းပေမဲ့ ကန်းသလိုဖြစ်နေတဲ့အကန်း စသဖြင့် စသဖြင့် အကန်းမျိုးစုံပေါ့ဗျာ။
အကန်းတကာ့အကန်းတွေထဲက ဒီအကန်းလေးတွေကို ခံစားကြည့်ပေးပါဦး။ ။



၁။မောဟ အကန်း

ဘာသာရေး နိုင်ငံရေး လူမှုရေး စီးပွါးရေး စတဲ့ နယ်ပယ်တွေမှာ
အမှန်အမှားကို ခွဲခြားမသိဘဲ၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုပြီး ဇွတ်တရွတ် တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်နေကြတဲ့ မောဟအကန်း

၂။အမှောင်အကန်း
လကွယ်ည သန်းခေါင်ယံ ညဥ့်နက်နက်မှာ မိုးအမှောင်ကျပြီး လောကကြီးအားလုံး ပိတ်ပိတ်ဖုံးဖုံး အမိုက်တိုက်ကြီးသက်သက်ဖြစ်နေတဲ့ အမှောင်အကန်း

၃။အကာအရံအကန်း
တော တောင် ကျောက်ဆောင် သစ်ပင် ရေ တံတိုင်း နံရံ လိုက်ကာ အထပ်သားစတဲ့ အကာအရံတွေကြောင့် ဘာမှ မမြင်ရတဲ့ အကာအရံအကန်း

၎။တစ်ဖက်ကန်း
ဘ၀ပေး ကံကြမ္မာအရ မျက်စိတစ်ဖက်သာ အလင်းရပြီး ကျန်တဲ့ တစ်ဖက် အလင်းမရတဲ့ တစ်ဖက်ကန်း

၅။စုံလုံးကန်း
ဝိပါက်ကြမ္မာ မလွတ်သာ ဆိုသလို မိမိပြုခဲ့တဲ့ အတိတ်အကုသိုလ်ကံဆိုး လိုက်လာပြီးနှောင့်ယှက်တဲ့အတွက် မျက်စိနှစ်ဖက်လုံး မမြင်ရရှာတဲ့ စုံလုံးကန်း

၆။စည်ပင်အကန်း
စည်ပင်သုံး ကားအကောင်းစားကြီးပေါ်မှာ ဇိန်ကျကျထိုင်လိုက်ရင်း မြို့ တော်သန့်ရှင်းရေးအတွက် စစ်ဆေးရေးထွက်တဲ့အခါ အမှိုက်ပုံကြီးကြီးမားမား ကားလမ်းဘေးရှိနေတာကိုတောင် မမြင်ချင်ယောင်ဆောင်နေတဲ့ စည်ပင်အကန်း

၇။လမ်းဗိုလ်အကန်း
နယ်ဘက်တစ်လျှောက် ကားတစ်စီးနှင့် လမ်းကောင်းမကောင်းစစ်ဆေးရေးထွက်တဲ့အခါ လမ်းကောင်းကောင်း ဖြောင့်ဖြောင့်ဖြူးဖြူးရှိနေရင် လမ်းကိုကြည့်ပြီး သဘောခွေ့တတ်ပေမဲ့ လမ်းမကောင်းဘဲ ချိုင့်တွေ ခွက်တွေချည်းဖြစ်နေတဲ့အခါ အိပ်ငိုက်ချင်ယောင်ဆောင်ပြီး မမြင်သလိုနေတဲ့ လမ်းဗိုလ်အကန်း

၈။ချစ်သူအကန်း
ချစ်စိတ်တွေမွန် ရာဂတွေမုံယိုပြီး မဘက်လိုက် မိုက်ဖက်ပါ၊ (ကျားဘက်လိုက်လဲ မိုက်ဖက်ပါ) ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အဟင့် အဟင့် ညုတုတု လုပ်ပြီး ဘာကိုမှ အရေးမထား မီးကုန်ယမ်းကုန် ထင်တိုင်းကြဲနေကြတဲ့ ချစ်သူအကန်း

၉။မိဘအကန်း
သားသမီးဆိုတဲ့အသိနဲ့ ဘာလုပ်လုပ် ငါတို့ကလေးတွေ လုပ်တာ အကုန်မှန်တယ်၊ ဘယ်သူသေသေ ငါတို့သားမာနေရင် ပြီးရော ဆိုပြီး အကြောင်းအကျိုး အကောင်းအဆိုးကို မခွဲခြားတတ်တဲ့ မိဘအကန်း

၁၀။မုဆိုးအကန်း
ကိုယ့်ရဲ့ ပစ်မှတ် သားသမင်ကိုဘဲ မြင်ပြီး ကိုယ့်ကို ရန်ပြုလာမဲ့(ကိုယ်ကိုယ်တိုင် ပစ်မှတ်အဖြစ်ကို ရောက်စေမဲ့) ကျားဘုရင်ကို မမြင်တဲ့ မုဆိုးအကန်း
Related Posts Plugin for WordPress, Blogger...