လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Sunday, July 15, 2012

ချစ်တယ်“မ”

ရူးသွပ်မှုများစွာ
ရင်ခုန်သံထပ်တူညီမျှ
ဘဝတစ်သက်တာလက်တွဲဖက်
ရင်ခွင်ဦးအချစ်ဆုံးမ ..............။
စမ်းရေအသွင်
အေးမြတဲ့မအပြုံး
ရယ်သံရေးကပေါ့ပါးတဲ့ဂွမ်းတစ်စလို
လေညှင်ရာသယ်ဆောင်လာတဲ့
မရယ်သံချိုချိုလေး
ကြားရသူတွေအဖို့ဘဝင်နှလုံးငြိမ်းချမ်းပါဘီ .........။
အချစ်ဆိုတာထက်နားလည်မှုများစွာနဲ့
တည်ဆောက်ထားတဲ့သီးသန့်ကမ္ဘာလေးရယ်
ဘယ်သူတွေဘာပဲပြောပြော
ကျွန်တော်ရဲ့နှလုံးခုန်သံတွေ
ရပ်တန့်မသွားသရွေ့မကို
အမြဲထာဝရပိုင်ဆိုင်ခွင့်ပေးပါမရေ ..............။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...