လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ
Showing posts with label ရသခံစားချက်. Show all posts
Showing posts with label ရသခံစားချက်. Show all posts

Friday, July 20, 2012

ပုခက်လွှဲတဲ့ လက်

ကလေးဘ၀ သင်ယူခြင်းအစက မိသားစုက စပါတယ်လို့ ဆိုရမှာပါ။ အရင်းနှီးဆုံးက မိခင်ရဲ့ ဆိုဆုံးမမှုပါပဲ။

အမေရိကန်က နာမည်ကြီး စိတ်ပညာရှင် တစ်ဦးဟာ မိခင်ရဲ့ အဆုံးအမဟာ လူတစ်ယောက်ရဲ့ ဘ၀ကို ဘယ်လောက် ပြောင်းလဲစေနိုင်သလဲ ဆိုတာကို စာရင်းကောက် စာတမ်းပြုစုကြည့်ခဲ့တယ်။ အဖက်ဘက်မှာ အောင်မြင်နေတဲ့ လူအယောက် (၅၀)နဲ့ အပြစ်ပေး ထောင်ချခံထားရသူ အယောက်(၅၀)ကို ရွေးချယ်ခဲ့တယ်။

အဲဒီလူအယောက်(၁၀၀)ကို စာပို့ပြီး ငယ်ငယ်က မိခင်ရဲ့ ဆိုဆုံးမမှုတွေကို မေးမြန်းခဲ့တယ်။ ရရှိခဲ့တဲ့ ပြန်စာတွေထဲမှာ အိမ်ဖြူတော်မှာ အမူထမ်းဆောင်နေတဲ့ လူတစ်ယောက်ရဲ့စာနဲ့ ထောင်ကျနေသူ တစ်ယောက်ရဲ့ စာက ပညာရှင်ကို တော်တော်လေး အမှတ်ရစရာ ဖြစ်စေခဲ့တယ်။ တူညီတဲ့ မေးခွန်းဖြစ်ပေမဲ့ မတူညီတဲ့ အဖြေတွေကို ရခဲ့တယ်။ ထောင်ကျနေသူရဲ့ စာက ဒီလိုရေးထားပါတယ်။

ကျွန်တော် ငယ်ငယ်က ဖြစ်ပါတယ်။ တစ်နေ့မှာ အမေက ပန်းသီးတွေ ၀ယ်လာပါတယ်။ ပန်းသီးတွေက နီရဲနေပြီး စားချင်စဖွယ်လေးတွေပါ။ မေမေ့လက်ထဲက အနီဆုံး၊ အကြီးဆုံး ပန်းသီးကို ကျွန်တော်လိုချင်ခဲ့တယ်။ အမေက ပန်းသီးတွေကို စားပွဲပေါ်တင်ရင်း ဘယ်တစ်လုံးကို ယူကြမလဲလို့ ကျွန်တော်နဲ့ ညီလေးကို မေးပါတယ်။

ညီလေးက အကြီးဆုံးတစ်လုံးကို ယူမယ်လို့ ကျွန်တော့်ထက် ဦးအောင် ပြောလိုက်တယ်။ မေမေက ညီလေးကို မျက်စောင်းနဲ့ ကြည့်ပြီး “အကောင်းဆုံးကို တစ်ခြားသူကို ပေးရမယ်လို့ စိတ်ထဲမှတ်ထားရမယ်။ ကိုယ့်ကျိုးအတွက်ဘဲ မကြည့်နဲ့” လို့ ပြောလိုက်တယ်။ ကျွန်တော် ဦးနှောက်ကို တစ်ချက်ကစားလိုက်ပြီး “မေမေ ကျွန်တော့်ကို အသေးဆုံးတစ်လုံးပေးပါ။ ညီလေးကို အကြီးဆုံးတစ်လုံး ပေးလိုက်ပါ” လို့ ပြောလိုက်တယ်။ ကျွန်တော့်စကားကြားတော့ မေမေဟာ ၀မ်းသာပြီး ကျွန်တော့်ကို တစ်ချက်နမ်းလိုက်တယ်။ နောက် ကျွန်တော့်ကို အကြီးဆုံးပန်းသီး ကမ်းပေးပါတယ်။ နောက်ပိုင်း ကျွန်တော်လိုချင်တဲ့ ပစ္စည်းရဖို့အတွက် ကျွန်တော် လိမ်ညာတတ်လာခဲ့တယ်။ ရန်ဖြစ်တတ်လာခဲ့တယ်၊ ခိုးလုတိုက်တတ်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော် အခုလို ထောင်ထဲရောက်လာခဲ့တာပါပဲ။

အိမ်ဖြူတော်မှာ အမူထမ်းနေသူရဲ့ စာက ဒီလိုရေးထားပါတယ်။
ကျွန်တော် ငယ်ငယ်က ဖြစ်ပါတယ်။ တစ်နေ့မှာ အမေက ပန်းသီးတွေ ၀ယ်လာပါတယ်။ ပန်းသီးတွေက နီရဲနေပြီး စားချင်စဖွယ်လေးတွေပါ။ မေမေ့လက်ထဲက အနီဆုံး၊ အကြီးဆုံး ပန်းသီးကို ကျွန်တော်နဲ့ ညီလေး လိုချင်ခဲ့တယ်။ မေမေက အကြီးဆုံးတစ်လုံးကို ကိုင်ပြီး “ဒီအကြီးဆုံးတစ်လုံးကို လူတိုင်းလိုချင်နေကြတယ်။ ကောင်းပြီ... မေမေပြိုင်ပွဲလေးတစ်ခု လုပ်မယ်။ အိမ်ရှေ့က မြက်ခင်းကို တစ်ယောက်တစ်ပိုင်း နှစ်ပိုင်းခွဲလိုက်မယ်။ ကိုယ့်အပိုင်းက မြက်ကို အရင်ခုတ်ပြီးတဲ့လူမှ ဒီပန်းသီးကို ရမယ်” လို့ ပြောပါတယ်။

ကျွန်တော်တို့ မြက်ရိတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်။ နောက်ဆုံး ကျွန်တော်ဟာ အဲဒီပန်းသီးကို နိုင်ခဲ့တဲ့သူဖြစ်တယ်။ ကမေမေကို ကျွန်တော်အမြဲ ကျေးဇူးတင်နေမိတယ်။ လွယ်ပြီး အရေးကြီး လေးနက်တဲ့ စည်းမျဉ်းတွေကို ကျွန်တော် နားလည်အောင် သင်ပေးခဲ့တယ်။ လိုချင်တဲ့ ပစ္စည်းရဖို့အတွက် ကျွန်တော် အမြဲတမ်း ပထမရအောင် ကြိုးစားခဲ့တယ်။ အိမ်မှာလည်း မေမေက ဒီလိုပဲ အမြဲသင်ပေးခဲ့တယ်။ တစ်ခုခုလိုချင်ရင် ပြိုင်ပွဲလုပ်ပြီး ပြိုင်စေခဲ့တယ်။

လိုချင်ရင် ကြိုးစားရမယ်။ ဒါဟာ တရားကျတဲ့ နည်းလမ်းပါ။ ကိုယ်ဘယ်လောက်ရယူချင်သလဲ ကိုယ်ရယူချင်တဲ့ အတိုင်းအတာအထိတော့ ပေးဆပ်ရမှာပါပဲ။

ပုခက်လွှဲတဲ့ လက်ဟာလည်း ကမ္ဘာကို ကိုင်လှုပ်နိုင်ပါတယ်။ မိခင်ဟာ ကလေးတွေအတွက် ပထမဦးဆုံးသော လက်ဦးဆရာပါ။ စကားပြောသင်စအရွယ် ကလေးကို လိမ်နည်းတွေ သင်ပေးလို့ရသလို အမြဲ ကြိုးစားချင်စိတ်ရှိတဲ့ လူတော်လူကောင်းတစ်ယောက် ဖြစ်အောင်လည်း သင်ပေးလို့ရတယ်။

သင်ဟာ လူငယ်တစ်ယောက်ဆိုရင် မေမေ့ကို ဒီပုံပြင်လေး ပြောပြပါ။
သင်ဟာ မိခင်တစ်ဦးဆိုရင်..........

original from http://www.youthwant.com.tw


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Sunday, February 27, 2011

ဘ၀အောင်မြင်မှု ရယူနည်း - Larry Burkett

ဆုတောင်းလျှင်လည်း ကာမဂုဏ် ခံစားစရာတို့ ရှိစေခြင်းငှာ အလွဲတောင်းသောကြောင့် မရကြ။ ရှင်ယုဒ ၄း ၃
  ဘ၀အောင်မြင်ခြင်းကို  ဘုရားရှင်၏ အမြင်မှာ လောကသားအမြင်နှင့် မတူညီပါ။ ဘုရားရှင်အလိုကျ လောကအောင်မြင်မှုရဖို့ သင်မည်သို့ စွန့်လွှတ်အနစ်နာခံရမည်နည်း?
 ယနေ့ မဂ္ဂဇင်းစာအုပ်များစွာတွင် ဘ၀အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်များကို ထုတ်ဖေါ်ပေးမည်ဟုသော ကြော်ငြာများစွာ တွေ့ရှိပေမည်။ အမှန်ပြောရလျှင် သူတို့သည် ဘ၀အောင်မြင်မှုလျှို့ဝှက်ချက် များကို မဖေါ်ပြနိုင်ပါ။ သင်ကိုယ်တိုင် တုံ့ပြန်မှုရှိမှသာ လျှို့ဝှက်ချက်များကို ရနိုင်ပေသည်။ သို့သော် သူတို့ပြောသော ဘ၀အောင်မြင်မှု ဆိုသည်မှာ ငွေ၊ အာဏာ၊ ရာထူး များကို ဆိုလိုကြောင်း ထင်ရှားလှပေသည်။
 ယနေ့ ဘ၀အောင်မြင်မှုဆိုသည်မှာလည်း ယခင်ကနှင့် သိပ်မခြားလှပါ။ ပထမဦးစွာ ပစ္စည်းဥစ္စာ ဘယ်လောက်ကြွယ်ဝသနည်း ဆိုသည်နှင့် ဘ၀အောင်မြင်မှုကို တိုင်းတာကြသည်။ လူအသိုင်းအ၀ိုင်း၏ ကြည်ညိုလေးစား၊ မင်္ဂလာရှိမှုပါ ရရှိပါက တဆင့်ပိုမိုပြီး အောင်မြင်သည်ဟု သတ်မှတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော ပစ္စည်းဥစ္စာကြွယ်ဝမှုကို လိမ်ညာ၊ ရက်စက်၊ ညစ်ညမ်းမှုများဖြင့်လည်း ရရှိသူများ ရှိနေသောကြောင့် ဖြစ်သည်။
  ယနေ့တွင် ဘ၀အောင်မြင်သူများဟု လူအများက သတ်မှတ်ထားသူများကို ကြည့်ပါက၊ သူတို့ဘ၀တွင် ကြိတ်မနိုင်ခဲမရဖြစ်နေသူများ၊ ၀မ်းနည်းကြေကွဲနေသူများ၊ မိသားစုပြဿနာကြီးများကို တွေ့နေရသည်။ အချို့မှာ လောကတွင် မနေချင်တော့၍ မိမိဘ၀ကိုပင် အဆုံး စီရင်လိုက်သူများပင် တွေ့ရပေသည်။ ထို ဘ၀အောင်မြင်သူများ ဆိုးဝါးစွာဖြစ်နေရခြင်းမှာ သူတို့ ဘ၀ရည်မှန်းချက် ပန်းတိုင်သို့ရောက်ရန် ဘုရားရှင်မပါပဲ ချီတက်နေကြသောကြောင့် ဖြစ်သည်။ ဘ၀ခရီးချီတက်နေရာမှ နောက်ပြန်လှည့်ကြည့်သောအခါ ဘုရားရှင်မပါသောဘ၀သည် ပစ္စည်းဥစ္စာကြွယ်ဝသော်လည်း အဓိပ္ပါယ်မရှိ၊ အချည်းနှီးဖြစ်နေသည်ကို ကိုယ်တိုင် မြင်ရလေသည်။
  ဘ၀အောင်မြင်မှုဆိုသည်မှာ  ရည်မှန်းချက်ပန်းတိုင်များကို လုပ်ဆောင်ခဲ့ပြီးနောက်၊ ထိုဆောင်ရွက်မှုများ၏ ရလဒ်များကိုကြည့်ကာ ၀မ်းမြောက်နေသူပင်ဖြစ်သည်။

Thursday, February 17, 2011

အလွမ်း ၁၀ ပါး

အကန်း ၁၀ ပါးရေးပြီးတဲ့အခါမှာ သူရဲ့ ကာရန်ခပ်ညီညီဖြစ်တဲ့ အလွမ်း ၁၀ ပါးကို ခပ်ကြောင်ကြောင် ကြံဖန်ရေးရရင်ကောင်းမှာဘဲဆိုပြီး ကျနော် ခံစားမိတဲ့ အလွမ်း ၁၀ မျိုးကို ရေးလိုက်မိပါတယ်။
မိဝေးဖဝေး ဆရာဝေး နိုင်ငံဝေးပြီး တစ်နယ်တစ်ကျေးမှာ ပညာရှာနေရပေမဲ့ အလွမ်းဓါတ်ခံ ရှိသူမို့
နေပူရင်လဲ လွမ်းတယ်။ မိုးရွာရင်လဲ လွမ်းတယ်။ နှင်းကျရင်လဲ လွမ်းတယ်။ သစ်ရွက်ကလေးတွေ ကြွေကျရင်လဲ လွမ်းတယ်။ ပူအိုက်ရင်လဲ လွမ်းတယ်။ ချမ်းအေးရင်လဲ လွမ်းတယ်။ အကုန်လုံး လွမ်းစရာတွေချည်းပါဘဲဗျာ။

လွမ်းစရာတွေ ဆွေးစရာတွေ အများအပြားရှိပေမဲ့လဲ အခု အလွမ်း ၁၀ ပါးကတော့ အလွမ်းတကာ့ အလွမ်းဆုံးလေးတွေရယ်ပါ။ ဖတ်ပြီးရင် ခပ်ကြောင်ကြောင်ကောင်ဘဲလို့ စိတ်ထဲ ရေရွတ်လိုက်ကြဦးပေါ့။ ဒါမှ ဖတ်ရကျိုးနပ်မှာ မဟုတ်လား။ ဟဲ ဟဲ။


၁။ဘုရားအလွမ်း

လန်ဒန်တံတား လန်ဒန်မျက်စိ ဂရင်းနစ် နန်းတော် ပြတိုက်စတဲ့ စိတ်ဝင်စားစရာတွေ အများအပြားရှိပေမဲ့ ရန်ကုန်က ရွှေရောင်ပြောင်ပြောင် ကြည်ညိုဂုဏ်ကိုဆောင်တဲ့ ရွှေတိဂုံဘုရား အလွမ်း
၂။မိဘအလွမ်း
လန်ဒန်မှာ ဘုရင်မကြီး ၀န်ကြီးချုပ်စတဲ့ အဆင့်မြင့်မြင့်အုပ်ချုပ်မှုအောက် နွေးထွေးစွာ နေခွင့်ရရှိပေမဲ့ မရှိအတူတူ ရှိအတူတူ ထမင်းရည်ပူအတူတူ သောက်ခဲ့ကြတဲ့ မိဘအလွမ်း

၃။စာဥအလွမ်း
လန်ဒန်သူတွေ ဥရောပသူတွေ ကုလားမလေးတွေ နိုင်ငံတကာမှ ကာလာစုံလေးတွေ နတ်သမီးတမျှ လှပပေမဲ့လဲ ရန်ကုန်မှာ ကျန်ရစ်ခဲ့တဲ့ တောဆန်ဆန် စာဥအလွမ်း

၎။ကန်ဇွန်းရွက်အလွမ်း
လန်ဒန်မှာ ကြက်သား ၀က်သား ဆိတ်သား KFC, FISH & CHIPS တွေ မှိုလိုပေါပေမဲ့ မြန်မာမှာ စားခဲ့ရတဲ့ ကန်ဇွန်းရွက်အလွမ်း

၅။စူပါကော်ဖီမစ်အလွမ်း
လန်ဒန်မှာ အက်စ်ပရက်ဆို ကပုချီနိုစတဲ့ ရှယ်ကော်ဖီတွေ ရှိပေမဲ့
မြန်မာပြည်က ခပ်ခါးခါး ပလိန်း စူပါကော်ဖီမစ် အလွမ်း

၆။ဘတ်စ်ကားအလွမ်း
မြေအောက်ရထား မြေပေါ်ရထား ဘတ်စ်ကားစတဲ့ အကောင်းစား ယာဉ်တွေချည်း စီးနေရပေမဲ့ ရန်ကုန်က ခပ်ကြပ်ကြပ် ချွေးနံ့သင်းပျံ ပျံ့  စီးခဲ့ရတဲ့ ၄၃လိုင်း ဘတ်စ်ကားအလွမ်း

၇။ကြိမ်ကုလားထိုင်အလွမ်း
ဆိုဖာ မွေ့ယာစတဲ့ ဇိမ်ခံပစ္စည်း ခပ်အိအိတွေကို အလျံပယ်သုံးနေရပေမဲ့
မြန်မာက တောဖြစ် ကြိမ်ကုလားထိုင်အလွမ်း

၈။နွားနီတံဆိပ် နို့မှုန့်အလွမ်း
နွားနို့ ဆိတ်နို့ နို့မှုန့်စတဲ့ ယူကေစတန်းဒါတ် နို့ပေါင်းစုံသောက်ခွင့်ရပေမဲ့
မြန်မာပြည်က စာဥ... အ.ဲ... နွားနီ နို့မှုန့်အလွမ်း

၉။ကားလမ်းအလွမ်း
လန်ဒန်မှာ အဝေးပြေးလမ်းမကြီးတွေ မြို့ ထဲလမ်းတွေ ချောမွတ်နူးညံ့ပြီး သာသာယာသာ ငြိမ့်ငြိမ့်ငြောင်းငြောင်း စီးလို့ အရမ်းကောင်းပေမဲ့ ကားစီးခရီးသွားတဲ့အခါ ထမင်းစားပြီး အစာကြေဆေးမလိုဘဲ အစာကြေသွားလောက်အောင် တစ်ဂျုန်းဂျုန်းဆောင့်တဲ့ မြန်မာနိုင်ငံက ဖုန်တထောင်းထောင်း ချိုင့်တွေဗလပွနဲ့ ကားလမ်းအလွမ်း

၁၀။သစ်တောအလွမ်း
လန်ဒန်မှာ တော်ဝင်ဥယျာဉ်တွေ သဘာဝသစ်တောတွေ အပြည့်အ၀ရှိပေမဲ့ တောရိုင်းပန်းနံ့များ သင်းပျံ့ နေတဲ့
ရွာအရှေ့ ဘက် နှစ်မိုင်ကျော်အကွာအဝေးမှာရှိတဲ့ သစ်တောအလွမ်း
Related Posts Plugin for WordPress, Blogger...