လွမ်းလိုက်တာ....
တမ်းတကာ အခါခါမြည်တမ်းသော်လည်း
အလှမ်းကွာ ရေမြေခြားတာကြောင့်
ချစ်ရသူ သက်ရွှေထားကို
လွမ်းစိတ်တွေပို။
နှင်းတွေတောင်အရည်ပျော်ပေါ့....
မျှော်တော်မောင် ဒီလူမှာဖြင့်
ရင်ထဲမှာ အပူမီးတွေနှင့်
အသည်းညှာ ဗျာဗွေမောရတယ်
အိုကွယ်....ရူးရချည့်ရဲ့။
ရေးသားသူ = စနေ
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Monday, September 16, 2013
Sunday, September 15, 2013
ဆုံနိုင်ခွင့်မဲ့ဘဝ
ဝေးလွင့်ခြင်းဆိုမှာတော့
ဆုံးနိုင်ဖို့ ဝေးပြီပေါ့ချစ်သူရေ...........
တွေ့ဆုံခွင်မဲ့တဲ့
တို့နှစ်ယောက်ပြန်နီးနိုင်အုံးမလား ...
အချစ်ကြောင့်ရင်ထဲပူလောင်
ငါ့......
နှလုံးသားထဲ
မင်းတစ်ယောက်ပါချစ်.......
ဆယ်ကမ္ဘာဝေးပါစေ
အသေအချာချစ်ပါတယ်
မင်းတစ်ယောက်ကို........
ဦးနှောက်နဲ့စဉ်းစား
အသိတရားနဲ့ဆုံးဖြတ်ခဲ့တဲ့
တို့နှစ်ယောက်ရဲ့လမ်းတွေ
ဒီဘဝမနီးနိုင်တော့ဘူး ........
ဆုံးနိုင်ဖို့ ဝေးပြီပေါ့ချစ်သူရေ...........
တွေ့ဆုံခွင်မဲ့တဲ့
တို့နှစ်ယောက်ပြန်နီးနိုင်အုံးမလား ...
အချစ်ကြောင့်ရင်ထဲပူလောင်
ငါ့......
နှလုံးသားထဲ
မင်းတစ်ယောက်ပါချစ်.......
ဆယ်ကမ္ဘာဝေးပါစေ
အသေအချာချစ်ပါတယ်
မင်းတစ်ယောက်ကို........
ဦးနှောက်နဲ့စဉ်းစား
အသိတရားနဲ့ဆုံးဖြတ်ခဲ့တဲ့
တို့နှစ်ယောက်ရဲ့လမ်းတွေ
ဒီဘဝမနီးနိုင်တော့ဘူး ........
Monday, May 20, 2013
“တောမြိုင်ခြေလမ်း”
သာယာငယ် ဆန်းတော့၊တောင်တန်းကညိုညို၊
စိမ့်စမ်းကစိုသည်၊
သုတ်လေချို သွင်သွင်ဖြူးပါတဲ့၊
ကြည်နူးဖွယ့်သည်မြိုင်ယံမှာ၊
ကျေးငှက်သံ ကျံကျံကြွေးတော့တယ်လေး။ ။
ပင်သပြေ၀ယ်၊
လင်းမြွေရစ်ပတ်၊
ဆီးခြုံစပ်မှာတော့၊
ပတတ်ကနှစ်ကောင်၊
ရှို့ တောင်ယာဟိုတ၀ိုက်
ယုန်ပိုက်ကိုထောင်ကြရဲ့၊
ပညောင်ညို့ ရိပ်သာ၊
ပလွေညင်းလို့ 
သီချင်းငယ်ညာ၊
ဘာသာအလိုက်၊
နွားကျောင်းသူငယ်၊
ပျော်ရေးကြွယ်၊
တုတ်ငယ်ရိုက်လ
Saturday, December 1, 2012
“ပုဂံကျောင်းက ခေါင်းလောင်းသံ” (တင်မိုး)
ပုဂံကျောင်းက
ရွှေဒေါင်းတောင်ကျိုး၊ ကလောင်ရိုးဖြင့်
ထိုးလိုက်ပါတဲ့ ခေါင်းလောင်းသံ။
...
နေရီချုပ်မိုး၊ ခေါင်းလောင်းထိုးလည်း
ညိုးညိုးမညံ၊ တိုးတိုးသံ။
ပုဂံအတိတ်၊ ပုဂံရိပ်ကို
ကားလိပ်တင်မ၊ ပွဲခင်းပြသို့ ။
ကြွပါကြည့်ပါ၊ ဆင်ခြင်ပါဟု
ပြလာသေးဟန်၊ ရှေးပုဂံ။
တိုးတိုးမြည်ဟန်၊ ခေါင်းလောင်းသံကား
ပုဂံနိမိတ်၊ ပုဂံစိတ်ဟု
စိတ်နေမြင့်မြတ်၊ စိတ်ဓာတ်မြင့်မား
စိတ်ထားမြင့်မို၊ စိတ်လိုမြင့်မာန်
စည်ကြီးသံ။
ပုဂံတရား၊ ပုဂံသားတို့ 
တရားကိုချစ်၊ ဓားကိုချစ်ခဲ့
အသစ်တည်ထောင်၊ နိုင်ငံအောင်ဖို့ 
ရွက်ဆောင်ခဲ့ကြ အားနှင့်မာန်။
ပုဂံကျောင်း၏
တောင်စောင်းတောင်ထိပ်၊ စေတီရိပ်က
တိုးတိတ်ညင်သာ၊ ထိုးခတ်လာသော
ကဗျာငြိမ့်ညောင်း၊ ဤခေါင်းလောင်းကြောင့်
ကောင်းမှုတွေနိုး၊ ကောင်းမျိုးတွေဝေ
ကောင်းစေစိတ်သန်၊ အဓိဌာန်။
ဆွံ့ သူကြား၍
ကြားသူလမ်းမြင်၊ မြင်သူရှေ့ တိုး
အားလုံးနိုးဖို့ 
ထိုးလိုက်ပါတဲ့ ခေါင်းလောင်းသံ။
တင်မိုး
ရွှေဒေါင်းတောင်ကျိုး၊ ကလောင်ရိုးဖြင့်
ထိုးလိုက်ပါတဲ့ ခေါင်းလောင်းသံ။
...
နေရီချုပ်မိုး၊ ခေါင်းလောင်းထိုးလည်း
ညိုးညိုးမညံ၊ တိုးတိုးသံ။
ပုဂံအတိတ်၊ ပုဂံရိပ်ကို
ကားလိပ်တင်မ၊ ပွဲခင်းပြသို့ ။
ကြွပါကြည့်ပါ၊ ဆင်ခြင်ပါဟု
ပြလာသေးဟန်၊ ရှေးပုဂံ။
တိုးတိုးမြည်ဟန်၊ ခေါင်းလောင်းသံကား
ပုဂံနိမိတ်၊ ပုဂံစိတ်ဟု
စိတ်နေမြင့်မြတ်၊ စိတ်ဓာတ်မြင့်မား
စိတ်ထားမြင့်မို၊ စိတ်လိုမြင့်မာန်
စည်ကြီးသံ။
ပုဂံတရား၊ ပုဂံသားတို့ 
တရားကိုချစ်၊ ဓားကိုချစ်ခဲ့
အသစ်တည်ထောင်၊ နိုင်ငံအောင်ဖို့ 
ရွက်ဆောင်ခဲ့ကြ အားနှင့်မာန်။
ပုဂံကျောင်း၏
တောင်စောင်းတောင်ထိပ်၊ စေတီရိပ်က
တိုးတိတ်ညင်သာ၊ ထိုးခတ်လာသော
ကဗျာငြိမ့်ညောင်း၊ ဤခေါင်းလောင်းကြောင့်
ကောင်းမှုတွေနိုး၊ ကောင်းမျိုးတွေဝေ
ကောင်းစေစိတ်သန်၊ အဓိဌာန်။
ဆွံ့ သူကြား၍
ကြားသူလမ်းမြင်၊ မြင်သူရှေ့ တိုး
အားလုံးနိုးဖို့ 
ထိုးလိုက်ပါတဲ့ ခေါင်းလောင်းသံ။
တင်မိုး
Sunday, November 25, 2012
ဘဝခရီး
မိုးတိမ်တွေ့ရွှေ့နေရင်
ခရီးဘယ်မှာအဆုံးသတ်မလဲ။
သံသရာဘဝတစ်ကွေ့
အတ္တ၊မာန
တွေခဝါချချိန်
ငါ့
အသက်ကအိုစာနေပြီ။
အရောင်မှိန်နေပြီလား
ငါ့အတွက် ..........
ဗုဒွဧ။်အရိပ်အောက်မှာ
ကျင်လည်သူမို့
အို
နာ သေ
ဘဝခရီးရှည်အတွက်
တန်းစီနေတဲ့ဝဋ်နာ
ကံနာတွေ
အလှည့်မရောက်ခင်
ငြိမ်းချမ်းတဲ့နေရာ
ငါရှာဖွေရအုံးမယ်။
Saturday, November 24, 2012
မရင့်ကျက်သေး တဲ့ ပင့်သက် တစ်စုံ
ဝေး .. ခဲ့ကြပြီ ... မ
ဇာတ်လမ်း အစ လယ် အဆုံး ပေါ့ပြက်ပြက် ပြက်လုံး တွေနဲ့ ပဲ ...
ကျွန်တော်တို့ ဝေးခဲ့ ကြပြီ .....။
ပူဆွေးတယ် ဆိုတာ အတော်ဝေးဝေးက နေတစ်စင်း ပဲ ...
ရံဖန်ရံခါ သောက တွေ ဆေးကြောဖို့ အတွက် ....
ကျွန်တော့် အတွေး ထဲ ခဏတော့ ... မ ... စီးမျှော ခွင့် ရှိပါတယ် ... မရယ် ....။
မေ့လို့ မှ မရတာ ...
နံရံ ကို မှီထိုင် .. ဝေဒနာ ပတ်ပျိုး တစ်ပိုဒ်ကို ..
နံပါတ်ကြိုး ပျက်နေတဲ့ ဂစ်တာ အဟောင်းထဲ သိပ်ထည့် ...
ရုပ်တစ်ဝက် နာမ်တစ်ဝက် မကွဲ တဲ့ သွေးစုစု ခန္ဓာ နဲ့ ...
ပြက်လုလု တိမ် တွေ လိုက်ဆက် ရတာ လဲ ...
ကြာတော့ လက်ထိုးပျို့ အန် ပစ်ချင်လောက်အောင် အသက်ရှု ကြပ်တယ် ... မ ... ။
'' တို့ ဝေးဝေးနေကြရင် ကောင်းမယ် ကောင်လေးရယ် ''
ဂုဏ်သရေရှိ အတ္တတွေ ထဲ ယန္တယား ဆန်ဆန် နှလုံးသားနဲ့ ...
ဘ၀မှန် လမ်းမှန် ရင်ခွဲ ရမယ့် ..
ဟောဒီ ပကာသန လွန်ဆွဲ ပွဲ မှာ ကျွန်တော် ရှုံးတယ် မမ ..
.................ကျွန်တော် ရှုံးတယ် .....။
'' သိပ်ချစ်ပါတယ် ကောင်လေး ရယ် ''
ဆန္ဒ တစ်ခု ထဲ နဲ့ ပြောရရင် ဒါလဲ ကမ္ဘာဦး မှာ ရူးနေအောင် ပြုစားလိုက်တာပဲလေ.. ..။
ကျွန်တော့် အတွက်တော့ ...
အချစ်ဆိုတာ နက္ခတ်နဲ့ ယှဉ်မွေးလိုက်တဲ့ အဆိပ်ခွက် လိုပါပဲ ..
နှုတ်ဆက်စကား မပြောခင် အချိန်ထိ အစိမ်းသက်သက် မျိုချ ခဲ့တာပါ .. မ ...
...... .... အစိမ်းသက်သက် မျိုချ ခဲ့တာပါ . ...
ဝေး .. ခဲ့ ပြီးပြီပဲ
အိပ်မက်တွေ လဲ ခါးကျိုး သွားပါပြီ ... မ
ရိုးသားမှု တစ်ခုက ထဲ ပိုင်ဆိုင်တဲ့ ကောင်လေး ....
ကျွန်တော့် နှလုံးသား နောင်ရေးအတွက် ...
မရင့်ကျက်သေး တဲ့ ပင့်သက်တွေနဲ့ ပဲ
နင့် နေအောင် လွမ်းမယ် ...
အထုံးဆက်ထားတဲ့ သံယောဇဉ်ကြိုး တစ်စုံနဲ့ပဲ ...
ကျွန်တော် ... ရိုးသားစွာ လွမ်းတော့ မယ် .... မ .. ရယ် ..
.....................ရိုးသားစွာ ပဲ လွမ်းတော့ မယ်ဗျာ ... ။
( လွင့်ရာဝေ) ( 3.3.2010) တွင် ရေးသားခဲ့ပါသည်...
ဇာတ်လမ်း အစ လယ် အဆုံး ပေါ့ပြက်ပြက် ပြက်လုံး တွေနဲ့ ပဲ ...
ကျွန်တော်တို့ ဝေးခဲ့ ကြပြီ .....။
ပူဆွေးတယ် ဆိုတာ အတော်ဝေးဝေးက နေတစ်စင်း ပဲ ...
ရံဖန်ရံခါ သောက တွေ ဆေးကြောဖို့ အတွက် ....
ကျွန်တော့် အတွေး ထဲ ခဏတော့ ... မ ... စီးမျှော ခွင့် ရှိပါတယ် ... မရယ် ....။
မေ့လို့ မှ မရတာ ...
နံရံ ကို မှီထိုင် .. ဝေဒနာ ပတ်ပျိုး တစ်ပိုဒ်ကို ..
နံပါတ်ကြိုး ပျက်နေတဲ့ ဂစ်တာ အဟောင်းထဲ သိပ်ထည့် ...
ရုပ်တစ်ဝက် နာမ်တစ်ဝက် မကွဲ တဲ့ သွေးစုစု ခန္ဓာ နဲ့ ...
ပြက်လုလု တိမ် တွေ လိုက်ဆက် ရတာ လဲ ...
ကြာတော့ လက်ထိုးပျို့ အန် ပစ်ချင်လောက်အောင် အသက်ရှု ကြပ်တယ် ... မ ... ။
'' တို့ ဝေးဝေးနေကြရင် ကောင်းမယ် ကောင်လေးရယ် ''
ဂုဏ်သရေရှိ အတ္တတွေ ထဲ ယန္တယား ဆန်ဆန် နှလုံးသားနဲ့ ...
ဘ၀မှန် လမ်းမှန် ရင်ခွဲ ရမယ့် ..
ဟောဒီ ပကာသန လွန်ဆွဲ ပွဲ မှာ ကျွန်တော် ရှုံးတယ် မမ ..
.................ကျွန်တော် ရှုံးတယ် .....။
'' သိပ်ချစ်ပါတယ် ကောင်လေး ရယ် ''
ဆန္ဒ တစ်ခု ထဲ နဲ့ ပြောရရင် ဒါလဲ ကမ္ဘာဦး မှာ ရူးနေအောင် ပြုစားလိုက်တာပဲလေ.. ..။
ကျွန်တော့် အတွက်တော့ ...
အချစ်ဆိုတာ နက္ခတ်နဲ့ ယှဉ်မွေးလိုက်တဲ့ အဆိပ်ခွက် လိုပါပဲ ..
နှုတ်ဆက်စကား မပြောခင် အချိန်ထိ အစိမ်းသက်သက် မျိုချ ခဲ့တာပါ .. မ ...
...... .... အစိမ်းသက်သက် မျိုချ ခဲ့တာပါ . ...
ဝေး .. ခဲ့ ပြီးပြီပဲ
အိပ်မက်တွေ လဲ ခါးကျိုး သွားပါပြီ ... မ
ရိုးသားမှု တစ်ခုက ထဲ ပိုင်ဆိုင်တဲ့ ကောင်လေး ....
ကျွန်တော့် နှလုံးသား နောင်ရေးအတွက် ...
မရင့်ကျက်သေး တဲ့ ပင့်သက်တွေနဲ့ ပဲ
နင့် နေအောင် လွမ်းမယ် ...
အထုံးဆက်ထားတဲ့ သံယောဇဉ်ကြိုး တစ်စုံနဲ့ပဲ ...
ကျွန်တော် ... ရိုးသားစွာ လွမ်းတော့ မယ် .... မ .. ရယ် ..
.....................ရိုးသားစွာ ပဲ လွမ်းတော့ မယ်ဗျာ ... ။
( လွင့်ရာဝေ) ( 3.3.2010) တွင် ရေးသားခဲ့ပါသည်...
Sunday, November 18, 2012
“အညာမြေအလွမ်းပြေ”
ထနောင်း မန်းကျည်း၊ ထန်းလက်ထီးနှင့်
ကုက္ကူပင်သာ၊ ချိုးလင်းပြာတို့
တကူကူသံ၊ ဆူဆူညံပြီး
ဖိုထီးအမ၊ ဇင်ယော်လှသည်
ဥသြသံသာ ရွှေအညာ။
ဘယ်သူဘယ်မြို့၊ ဘယ်သို့သူလွမ်း
ဘယ်လိုမှန်းကာ၊ လွမ်းမိပါလိမ့်
တသိမ့်သိမ့်နှင့်၊ မေးရခြိမ့်နည်း
ဖြေမပြီးအောင်၊ စကားဖောင်ဖွဲ့
သွဲ့သွဲ့ညှင်းညှင်း၊ အညာလေသင်း။
မြို့ရွှေသလ္လာ၊ အညာမှာကား
နှစ်လတိုစွာ၊ နေရပါလည်း
အောက်ပြည်ရွာသူ၊ ငါ့တလူသည်
ဘယ်သူ့မမေ့၊ ဘယ်ဓလေ့ကြောင့်
လွမ်းရလိမ့်နည်း၊ လွမ်းမင်းသမီး။
လွမ်းမင်းသမီး ဆိုက်မှ
ကုက္ကူပင်သာ၊ ချိုးလင်းပြာတို့
တကူကူသံ၊ ဆူဆူညံပြီး
ဖိုထီးအမ၊ ဇင်ယော်လှသည်
ဥသြသံသာ ရွှေအညာ။
ဘယ်သူဘယ်မြို့၊ ဘယ်သို့သူလွမ်း
ဘယ်လိုမှန်းကာ၊ လွမ်းမိပါလိမ့်
တသိမ့်သိမ့်နှင့်၊ မေးရခြိမ့်နည်း
ဖြေမပြီးအောင်၊ စကားဖောင်ဖွဲ့
သွဲ့သွဲ့ညှင်းညှင်း၊ အညာလေသင်း။
မြို့ရွှေသလ္လာ၊ အညာမှာကား
နှစ်လတိုစွာ၊ နေရပါလည်း
အောက်ပြည်ရွာသူ၊ ငါ့တလူသည်
ဘယ်သူ့မမေ့၊ ဘယ်ဓလေ့ကြောင့်
လွမ်းရလိမ့်နည်း၊ လွမ်းမင်းသမီး။
လွမ်းမင်းသမီး ဆိုက်မှ
Wednesday, November 14, 2012
ကိုယ်ကိုကိုယ်လက်ဆောင်ပေးတဲ့ကဗျာ
ခုနစ်လပိုင်း တစ်ရက်
လွန်ခဲ့တဲ့ နှစ်တစ်နှစ်ရဲ့ တစ်ရက်မှာ
အမေ့ရင်ထဲက ဆင်းသက်
( ကျွန်တော်ဟာ....)
ကမ္ဘာမြေကို မိတ်ဆက်တယ်။
အူဝဲ......အူဝဲနဲ့
လူထဲရောက်ပြီး ပညာသင်
အမေ့ရင်၊ အဖေ့ရင် နွေးနွေးမှာ
အေးဆေးသက်သာ ဖြတ်သန်း
လောကလမ်းဆိုတာကို လျှောက်တယ်။
ရိုးသားတဲ့မိဘနှစ်ပါးက မွေးတဲ့ကျွန်တော်
မောက်မာဖို့ မသိပေမယ့်
ထောက်ညှာဖို့တော့ ကြည့်တတ်ခဲ့
ပကတိ အဖြူရောင်နှလုံးသားနဲ့
အမုန်းများကို အဝေးမှာ ထားရင်း
ရိုင်းပင်းတဲ့ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေကြား
ခရီးသွားရင်း ကြီးပြင်းခဲ့ဖူးတယ်။
တစ်ချိန်ပေါ့.......
မေ့လျော့လို့တော့ မဖြစ်နိုင်ခဲ့တဲ့နှစ်
အလှည့်အပြောင်းတွေနဲ့ အသစ်ဖြစ်ခဲ့ရတဲ့အချိန်
ပြက္ခဒိန်ထဲမှာ ကြမ္မာမှိန်ခဲ့ရတဲ့အခါ
လောကထဲက လူတွေကို သိခဲ့ဖူးပါတယ်။
ဘာပဲဖြစ်ဖြစ်
ဒုက္ခဆိုတာ အတွေ့အကြုံအသစ်ပေါ့
စိတ်ဓာတ်တွေ ညစ်နွမ်းမသွားအောင်ပြင်ဆင်
လောကရင်ခွင်ထဲတိုး
လုပ်အားကို ဘယ်နှစ်ဆမှန်းမသိအောင် ပျိုးခဲ့
ဒီလိုနဲ့....
ဘ၀ရဲ့ တစ်ဆစ်ချိုး အ၀င်မှာ
တင့်တယ်တဲ့ ပညာရပ်တွေ သင်ခွင့်ရခဲ့တယ်။
နှလုံးသားက နိုးကြား
ဗီဇက ရိုးသား
ဝါသနာလည်း ထိုးကစားတဲ့အခါ
မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာတွေဖတ်
ထူးအိမ်သင်သီချင်းတွေ ငတ်မွတ်တောင့်တ
တက္ကသိုလ်ကျောင်းသားဘ၀ကို ဖြတ်သန်း
(ပြီးမှ....)
လောကလမ်းမှာ စမ်းတ၀ါးဝါး ဆက်လျှောက်တယ်။
ကဗျာရေး စာရေး
ခံစားချက်တွေ မွေးဖို့ဖြစ်လာရင်
ရံဖန်ရံခါ သီချင်းတွေလည်းရေး
(ဒါပေမဲ့.....)
အောင်မြင်တဲ့ ကဗျာဆရာ၊ စာရေးဆရာ
အဲဒီလိုလည်း ဖြစ်မလာခဲ့
ကိုငှက်နဲ့ မွေးနေ့သာတူပြီး
သူ့လိုလည်း တစ်ခါမျှမဖြစ်
သီချင်းတွေကလည်း သူ့ဘာသာနေ
ကဗျာတွေ စာတွေကလည်း သူ့ဘာသာနေ
( ဒီလိုနဲ့....)
အဲဒါတွေက သူ့ဘာသာနေပေမယ့်
ကိုယ့်ဘာသာနေမရတော့ ဆက်သာရေး
လောကထဲက လူတွေကို ပေးဆပ်မယ်လို့ ခပ်ကြီးကြီးတွေးခဲ့ရင်း
နှလုံးသားနဲ့ ရေးခဲ့တာတွေကလည်း တင်းကြမ်းပေါ့။
အလုပ်၊ ငွေ၊ မိဘ၊ ညီအစ်ကို
အပိုအလိုမရှိ ချိန်သားကိုက် ရထားတဲ့ဘ၀မှာ
လက်တွဲဖော်ကို ရှာတွေ့
မေတ္တာနဲ့မွေ့တဲ့အခါ
ကဗျာတွေ ရင်မှာသစ်
အချစ်တွေ ဖြန့်ကျဲ
လောကထဲ ရဲရဲလျှောက်
နှစ်ယောက်တစ်ဘ၀ကို ထူခဲ့တယ်။
နောက်တော့....
ရေခြား၊ မြေခြား၊ အားလုံးခြားမှာနေ
ဘ၀ဆိုတာ ဒီလိုပါလား သုံးသပ်
ဘယ်လိုမှ ရပ်တန့်လို့မရ
ဇရာနဲ့ သင်္ခါရကလည်း
ခဏခဏ ပညာပြလာပြီ။
' ငါသည်မုချ သေရမည် ' ဆိုတဲ့
မိုးကုတ်ဆရာတော် ဘုရားကြီး စကား
အသည်းကြား ဦးနှောက်ကြား ဘယ်တော့မှမမေ့
( ဒါပေမဲ့...)
' အသေမဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါမည် ' ဆိုတဲ့
ဆရာတော် ဘုရားကြီးစကားကိုကျတော့
အရူးသိုင်းနင်း မေ့ချင်ယောင်ဆောင်ထား
လူတွေကြားမှာ ခပ်တည်တည်နဲ့
လူပီသစွာ လမ်းသလားတယ်။
ဆံပင် ဖြူလာပြီ
သွေးတိုးလာပြီ
ဇာတိစတော့ ဇရာပြပြီ
မရဏကိုလည်း ကြိုမသိနိုင်ပြီ
အဲဒီလို တွေးတာတောင် မဆင်ခြင်နိုင်ခဲ့
တစ်ရက် တစ်ရက်နဲ့ ပြင်ဆင်မှုမရှိ
အမှားတွေကလည်း ပြည့်နေသေး
ရင့်ကျက်ခြင်းတွေကလည်း ဝေ့-ဝေ-ဝေး နေတုန်း
( ဘာပဲဖြစ်ဖြစ် ) ဆင်ခြင်တုံတရား နည်းနည်းနဲ့ပဲ
ကိုယ့်ဘ၀ကိုယ် တွေ့-တွေ-တွေး နေတုန်းပါ။
ဇနီးသည်နဲ့ ခိုင်မာတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်
အမိအဘကို တတ်နိုင်သလောက် ကျေးဇူးဆပ်
ညီအစ်ကိုတစ်တွေအတွက် မျှဝေရပ်ခဲ့
ပြီးရင်တော့ အနာဂတ်မှာ
အမျိုး ဘာသာ သာသနာအတွက် သိတတ်တဲ့ ယောကျာ်းမြတ် ဖြစ်ချင်ခဲ့
( ဒီလိုနဲ့....)
သေဖို့တစ်ရက်နီး
မွေးနေ့ဆိုတဲ့ သတိပေးခေါင်းလောင်းသံကြီးကြားမှာ
( ကျွန်တော်ဟာ......)
ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနေခဲ့တာ....
ဪ- နှစ်ပေါင်းများစွာတောင် ကြာခဲ့ပါပေါ့လား။ ။
အဖြူရောင်လမ်းကလေးဆီမှကူးယူသည်။ ..................................
Sunday, November 11, 2012
အမည်မသိဒဏ်ရာ
ရင်တွင်းဝေဒနာ
ဖြေဆည်ပါလည်း
ဆိုးရွားလို့သာ
...
မွန်းကျပ်နေဆဲ။
အတွေးများစွာဝင်လာ
မင်းအကြောင်းသာ
ဆက်လက်တွေးမြဲ။
စိတ်ကိုခိုင်မာဆုံးဖြတ်ကာ
မေ့ပစ်မည်ဟုကြိုးစားသော်လည်း
နှလုံးသားကလက်မခံ
မျက်ရည်များသာသက်သေကျန်ခဲ့
သံယောဇဉ်ကြိုးကငါ့ထံ
ရစ်ပတ်၍သာတဝဲဝဲလည်ခဲ့
ဘယ်သူမပြုမိမိမှုဟု
ငါ့ကိုယ်ငါပင်မုန်းချင်တော့သည်။
ဖြေဆည်ပါလည်း
ဆိုးရွားလို့သာ
...
မွန်းကျပ်နေဆဲ။
အတွေးများစွာဝင်လာ
မင်းအကြောင်းသာ
ဆက်လက်တွေးမြဲ။
စိတ်ကိုခိုင်မာဆုံးဖြတ်ကာ
မေ့ပစ်မည်ဟုကြိုးစားသော်လည်း
နှလုံးသားကလက်မခံ
မျက်ရည်များသာသက်သေကျန်ခဲ့
သံယောဇဉ်ကြိုးကငါ့ထံ
ရစ်ပတ်၍သာတဝဲဝဲလည်ခဲ့
ဘယ်သူမပြုမိမိမှုဟု
ငါ့ကိုယ်ငါပင်မုန်းချင်တော့သည်။
Saturday, November 10, 2012
“ဗုံရှည်သီချင်း”
မိုးပေါ်မှာကြယ်တလုံး
တိမ်ဖုံးပါလို့  လမသာ
သာတော့ခါ သာပါလိမ့်
...
နတ်ဒေ၀ါ သူဖန်ဆင်းတယ်
ဖိုးရွှေလမင်း။
ပျိုလေးတို့  အိမ်အောက်
ဝါ ကောက်လို့  ၀ါ ဖန်
ဗိုင်းငင်လို့  ရှည်ပြန်
လက်ခတ်သံ ညံလိမ့်ထင့်လေး။
ဆေးတံတို တညိုလောက်
ယော့၊ သောက်တော့ပေး။
မယူလိုက်ယင်လှ၊ မိုက်တယ်ဆိုလိမ့်မယ်
ယူလိုက်ယင်လှ၊ ကြိုက်တယ်လို့ ဆိုလိမ့်မယ်
ဆေးတံတို တညိုလောက်
အလိုဗျာ... ယော့၊ သောက်တော့ပါ တဲ့ပေး။
မင်းသုဝဏ်
ပန်းချီ U saw Hlaing
တိမ်ဖုံးပါလို့  လမသာ
သာတော့ခါ သာပါလိမ့်
...
နတ်ဒေ၀ါ သူဖန်ဆင်းတယ်
ဖိုးရွှေလမင်း။
ပျိုလေးတို့  အိမ်အောက်
ဝါ ကောက်လို့  ၀ါ ဖန်
ဗိုင်းငင်လို့  ရှည်ပြန်
လက်ခတ်သံ ညံလိမ့်ထင့်လေး။
ဆေးတံတို တညိုလောက်
ယော့၊ သောက်တော့ပေး။
မယူလိုက်ယင်လှ၊ မိုက်တယ်ဆိုလိမ့်မယ်
ယူလိုက်ယင်လှ၊ ကြိုက်တယ်လို့ ဆိုလိမ့်မယ်
ဆေးတံတို တညိုလောက်
အလိုဗျာ... ယော့၊ သောက်တော့ပါ တဲ့ပေး။
မင်းသုဝဏ်
ပန်းချီ U saw Hlaing
Sunday, October 21, 2012
“ပုပ္ပါးနတ်တောင်ဘွဲ့”
သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား
...
စုံတောပြား၌
နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနဲ့ရိုးမှား ပန်စကား။
သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်
ရဲမျိုးသမီး
မောင်ကြီးနှမ
ညက်လှပြာစင်
မယ့်သည်ပင်သည်ခရီးသား။
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက
ကျွမ်းဝင်ကြသည်
မွေးဖတူရင်း
မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး
သက်ထက်ဆုံးသည်
နှလုံးမခြားစောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်
ကျိုင်းစင်မြ၀ါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိတုမရှိ။
ပုဂံခေတ်၊ အမည်မသိရှေးစာဆို။
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား
...
စုံတောပြား၌
နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနဲ့ရိုးမှား ပန်စကား။
သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်
ရဲမျိုးသမီး
မောင်ကြီးနှမ
ညက်လှပြာစင်
မယ့်သည်ပင်သည်ခရီးသား။
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက
ကျွမ်းဝင်ကြသည်
မွေးဖတူရင်း
မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး
သက်ထက်ဆုံးသည်
နှလုံးမခြားစောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်
ကျိုင်းစင်မြ၀ါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိတုမရှိ။
ပုဂံခေတ်၊ အမည်မသိရှေးစာဆို။
Tuesday, October 16, 2012
“ကမ္ဘာ နှစ်ခါပျက်စေတော့”
မြမြင်းမိုရ် တောင်ကွဲမှ၊
ရှောင်လွဲမည့်(မဲ့) သက်ကယ်၊
မောင်ဆွဲ(စွဲ)တဲ့ မျက်ခြယ်ကို၊
ပျက်ပြယ်ပြယ် မမုန်း၊
...
မိုးပြိုလို့ မြေထောင်စေ၊
သေတိုင်အောင် စွဲတဲ့ နှလုံး။
ကြွေကျလို့ နေလကွယ်ရင်၊
သွေပမယ် အဆုံး၊
ရွေမျာ့းမယ် တဘုန်းကို (ဖြင့်)၊
မမုန်းဘု အလွန်။
ကမ္ဘာ ကိုနှစ်ခါပျက်စေတော့၊
မခွာရက် ပေါင်းမယ်လို့သွန် (ညွှန်)။
ကြာကနက် သောင်းဝှန်မှာ၊
ဒေါင်း ပုဇွန် ဝံ ငါးနှင့်၊
ညွှန်ကြားတဲ့ စာလေးမယ်၊
ပိန်းပျောက်လို့ကွယ်၊
နှင်းဆက်တဲ့ ဆင်းမျက်ခြယ်ကို၊
ယွင်းကွက်မယ် ကြံဘူးပ(ကွဲ့)လေး။
သစ္စာတိုင်ဖွဲ့
စလေဦးပုည
ပန်းချီ u saw hlaing
( ) ကွင်းအတွင်းရှိစာသားများမှာ မြန်မာမိသားစုဖိုရမ်တွင် ကြယ်စင်စိုး တင်ပေးထားသည့် ကဗျာတွင် ဖော်ပြထားသည့် အတိုင်း ဘာချာသိပ္ပ ဝိစိတြ ကဗျာ့ရာသီကျမ်း မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
ညီမလေး ကြယ်စင်ရဲ့ ကြယ်စင်ချစ်သောကဗျာများထဲမှာ ကျနော် ရှင်းထားတာလေးကို ဆက်တင်ပေးလိုက်ပါတယ် ...
ဒေါင်း၊ ပုစွန်၊ ဝံ၊ ငါး နှင့် ညွှန်ကြားတဲ့ စာလေးမယ် ဆိုတာက စ၊ ဓ၊ ဗ၊ ဝ ဆိုတဲ့ ဓာတ်စမ (စာမ) လေးလုံးကို ပြောတာပါ ...
စာလေးမယ် ဆိုတာ စာလေးလုံးကိုဆိုလိုပါတယ် ... အမယ်လေးမျိုးလို့ ပြောတာပါ ...
ဒေါင်း၊ ပုစွန်၊ ဝံ၊ ငါး ဆိုတဲ့ သတ္တဝါလေးမျိုးနဲ့ အဲဒီစာလေးလုံးကို ညွှန်ကြားပြသထားပါတယ်ပေါ့ ... ဘယ်လိုပြသလဲဆိုတော့ ...
(၁) ‘ဒေါင်း’ ဆိုတာက ဒေါင်းအမြီးဖျားမှာ ‘ဓ’ အက္ခရာ
(၂) ‘ပုစွန်’ ဆိုတာက ပုစွန်လုံး (ကဏန်း) ရဲ့ ကိုယ်မှာ ‘ဗ’ အက္ခရာ
(၃) ‘ဝံ’ ဆိုတာက ဝံ(ဝက်ဝံ) ရဲ့ ရင်ဘတ်မှာက ‘ဝ’ အက္ခရာ
(၄) ‘ငါး’ ဆိုတာက ငါးရံ့ဒိုင်း ရဲ့ အမြီးမှာ ‘စ’ အက္ခရာ ရှိပါတယ်
ကမ္ဘာဦးတည်စကတည်းက ဒီသတ္တဝါလေးမျိုးရဲ့ကိုယ်မှာပါတဲ့ ဘယ်အခါမှ မပျောက်ပျက်နိုင်တဲ့ စာကြီးတွေလို့ အဆိုရှိထားပါတယ် .. အဲဒီစာတွေ ပျောက်ကွယ်သွားတောင်မှ မသွေခွာပါဘူး လို့ သစ္စာတိုင်တည်ထားခြင်း ဖြစ်ပါတယ် ..
“ပုစွန်၊ ဝံ၊ ငါး၊ ဒေါင်းမြီးဖျားမှာ၊ စာလေးပါး ကျေကာမှ၊ သွေပါ့မယ် လှယဉ်ကြူးငဲ့ ...” လို့လဲ ဦးပုညက ဝိဇယပြဇာတ်မှာ ရေးထားပါသေးတယ်။
ဒီ စမလေးလုံးက ဓနသိဒ္ဓိ နဲ့ ပီယသိဒ္ဓိ ဆိုတဲ့ သိဒ္ဓိ ၂-ပါးကို ပြီးစေနိုင်တယ်လို့ လောကီဂမ္ဘီရပညာရှင်တွေက ယူဆကြပါတယ်။
ဟယ်ရီလွင်
ခရမ်းပြာကြယ်စင်လှိုင်းခတ်သံများ မ
ရှောင်လွဲမည့်(မဲ့) သက်ကယ်၊
မောင်ဆွဲ(စွဲ)တဲ့ မျက်ခြယ်ကို၊
ပျက်ပြယ်ပြယ် မမုန်း၊
...
မိုးပြိုလို့ မြေထောင်စေ၊
သေတိုင်အောင် စွဲတဲ့ နှလုံး။
ကြွေကျလို့ နေလကွယ်ရင်၊
သွေပမယ် အဆုံး၊
ရွေမျာ့းမယ် တဘုန်းကို (ဖြင့်)၊
မမုန်းဘု အလွန်။
ကမ္ဘာ ကိုနှစ်ခါပျက်စေတော့၊
မခွာရက် ပေါင်းမယ်လို့သွန် (ညွှန်)။
ကြာကနက် သောင်းဝှန်မှာ၊
ဒေါင်း ပုဇွန် ဝံ ငါးနှင့်၊
ညွှန်ကြားတဲ့ စာလေးမယ်၊
ပိန်းပျောက်လို့ကွယ်၊
နှင်းဆက်တဲ့ ဆင်းမျက်ခြယ်ကို၊
ယွင်းကွက်မယ် ကြံဘူးပ(ကွဲ့)လေး။
သစ္စာတိုင်ဖွဲ့
စလေဦးပုည
ပန်းချီ u saw hlaing
( ) ကွင်းအတွင်းရှိစာသားများမှာ မြန်မာမိသားစုဖိုရမ်တွင် ကြယ်စင်စိုး တင်ပေးထားသည့် ကဗျာတွင် ဖော်ပြထားသည့် အတိုင်း ဘာချာသိပ္ပ ဝိစိတြ ကဗျာ့ရာသီကျမ်း မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
ညီမလေး ကြယ်စင်ရဲ့ ကြယ်စင်ချစ်သောကဗျာများထဲမှာ ကျနော် ရှင်းထားတာလေးကို ဆက်တင်ပေးလိုက်ပါတယ် ...
ဒေါင်း၊ ပုစွန်၊ ဝံ၊ ငါး နှင့် ညွှန်ကြားတဲ့ စာလေးမယ် ဆိုတာက စ၊ ဓ၊ ဗ၊ ဝ ဆိုတဲ့ ဓာတ်စမ (စာမ) လေးလုံးကို ပြောတာပါ ...
စာလေးမယ် ဆိုတာ စာလေးလုံးကိုဆိုလိုပါတယ် ... အမယ်လေးမျိုးလို့ ပြောတာပါ ...
ဒေါင်း၊ ပုစွန်၊ ဝံ၊ ငါး ဆိုတဲ့ သတ္တဝါလေးမျိုးနဲ့ အဲဒီစာလေးလုံးကို ညွှန်ကြားပြသထားပါတယ်ပေါ့ ... ဘယ်လိုပြသလဲဆိုတော့ ...
(၁) ‘ဒေါင်း’ ဆိုတာက ဒေါင်းအမြီးဖျားမှာ ‘ဓ’ အက္ခရာ
(၂) ‘ပုစွန်’ ဆိုတာက ပုစွန်လုံး (ကဏန်း) ရဲ့ ကိုယ်မှာ ‘ဗ’ အက္ခရာ
(၃) ‘ဝံ’ ဆိုတာက ဝံ(ဝက်ဝံ) ရဲ့ ရင်ဘတ်မှာက ‘ဝ’ အက္ခရာ
(၄) ‘ငါး’ ဆိုတာက ငါးရံ့ဒိုင်း ရဲ့ အမြီးမှာ ‘စ’ အက္ခရာ ရှိပါတယ်
ကမ္ဘာဦးတည်စကတည်းက ဒီသတ္တဝါလေးမျိုးရဲ့ကိုယ်မှာပါတဲ့ ဘယ်အခါမှ မပျောက်ပျက်နိုင်တဲ့ စာကြီးတွေလို့ အဆိုရှိထားပါတယ် .. အဲဒီစာတွေ ပျောက်ကွယ်သွားတောင်မှ မသွေခွာပါဘူး လို့ သစ္စာတိုင်တည်ထားခြင်း ဖြစ်ပါတယ် ..
“ပုစွန်၊ ဝံ၊ ငါး၊ ဒေါင်းမြီးဖျားမှာ၊ စာလေးပါး ကျေကာမှ၊ သွေပါ့မယ် လှယဉ်ကြူးငဲ့ ...” လို့လဲ ဦးပုညက ဝိဇယပြဇာတ်မှာ ရေးထားပါသေးတယ်။
ဒီ စမလေးလုံးက ဓနသိဒ္ဓိ နဲ့ ပီယသိဒ္ဓိ ဆိုတဲ့ သိဒ္ဓိ ၂-ပါးကို ပြီးစေနိုင်တယ်လို့ လောကီဂမ္ဘီရပညာရှင်တွေက ယူဆကြပါတယ်။
ဟယ်ရီလွင်
ခရမ်းပြာကြယ်စင်လှိုင်းခတ်သံများ မ
Monday, October 15, 2012
“နှမလိပ်ပြာရွှင်စေ့မယ်”
ခါတခေါက် ရွာရောက်ကယ်လှမ်းခဲ့ပ၊
သာတမ်းဖြင့်ရှိစေတော့၊အမိတို့တောရွာအိမ်၊
...
သည်ချိန်ကိုပဲစင်အောက် လပြောက်မှာဗိုင်းငင်၊
ရွှေရင် အင်္ကျီသိုင်းလို့ တပိုင်းဘိုကရိုနှင့်၊
အကို့ ကိုဘမ်းပြလိုက်မယ်လေး။
တဘက်ကယ်မှောင်ကာ တခြမ်းဟာမှာ၊
နံ့သာလိမ်းကွက် လရောက်ပြက်မှာ၊
အသက်ကယ်နှင်းဆောင် ။
နွားခွံခင်းတဲ့တလင်းပြောင်ဝယ်၊
ရိပ်ရောင်မထင် လူခြေတိတ်ကိုမှ၊
ရွှေလိပ်ပြာရွှင်စေ့မယ်၊
ဦးရင်တို့မြို့သူလို တို့တောမူတယ်မကြမ်းပါဘူ့၊
ခြေရေကုန်လည်ဆံကမ်းချိန်မှ ဘမ်းပမယ်လေး။
ဦးကြီး
သာတမ်းဖြင့်ရှိစေတော့၊အမိတို့တောရွာအိမ်၊
...
သည်ချိန်ကိုပဲစင်အောက် လပြောက်မှာဗိုင်းငင်၊
ရွှေရင် အင်္ကျီသိုင်းလို့ တပိုင်းဘိုကရိုနှင့်၊
အကို့ ကိုဘမ်းပြလိုက်မယ်လေး။
တဘက်ကယ်မှောင်ကာ တခြမ်းဟာမှာ၊
နံ့သာလိမ်းကွက် လရောက်ပြက်မှာ၊
အသက်ကယ်နှင်းဆောင် ။
နွားခွံခင်းတဲ့တလင်းပြောင်ဝယ်၊
ရိပ်ရောင်မထင် လူခြေတိတ်ကိုမှ၊
ရွှေလိပ်ပြာရွှင်စေ့မယ်၊
ဦးရင်တို့မြို့သူလို တို့တောမူတယ်မကြမ်းပါဘူ့၊
ခြေရေကုန်လည်ဆံကမ်းချိန်မှ ဘမ်းပမယ်လေး။
ဦးကြီး
Saturday, October 6, 2012
“အမရွာပြန်”
မလွမ်းသင့်သော်ကော့ ခွန်းဆင့်ငယ်ညီးကာ၊
ညဉ့်ဆည်းဈာမှာ ရွှေဘုတ်ဝါ ပင်ညိုငြိမ့်ငယ်က၊
...
နေနိမ့်လို့ သူအီ သီကရီ လှမ်းပါရတယ်လေး။
ယောက်ထည်းငယ့်တကိုယ် လျင်စလိုငယ်၊
ခင်လျှိုရေကျ သည်တောစက ၊
အမရွာပြန် ဖားအိုးအံနှင့်၊
ထက်သန်စီစီ ခရုချီလို့၊
နေရီမူန်မှင် အောင်တုတ်ကယ်ရောပါလို့၊
မြောက်တောသူဝင်ခဲ့တယ်၊
ရွာအပြင်တခိုမှာ ရွှေမိုးညိုတကိုယ်ရွှဲငယ်က
သဲခဲ့ပြီလေး။
ဦးကြီး
ညဉ့်ဆည်းဈာမှာ ရွှေဘုတ်ဝါ ပင်ညိုငြိမ့်ငယ်က၊
...
နေနိမ့်လို့ သူအီ သီကရီ လှမ်းပါရတယ်လေး။
ယောက်ထည်းငယ့်တကိုယ် လျင်စလိုငယ်၊
ခင်လျှိုရေကျ သည်တောစက ၊
အမရွာပြန် ဖားအိုးအံနှင့်၊
ထက်သန်စီစီ ခရုချီလို့၊
နေရီမူန်မှင် အောင်တုတ်ကယ်ရောပါလို့၊
မြောက်တောသူဝင်ခဲ့တယ်၊
ရွာအပြင်တခိုမှာ ရွှေမိုးညိုတကိုယ်ရွှဲငယ်က
သဲခဲ့ပြီလေး။
ဦးကြီး
Tuesday, October 2, 2012
“လာခဲ့ပကျုပ်တို့ရွာ”
ခါတလှဲ့ လာခဲ့ပကျုပ်တို့ရွာ၊
ဝေးမကွာ ပြေးလာလျှင်တာမထောက်ပါဘူ့၊
ရွာမြောက်က မန်ကျည်းစင်။
ရွာဝင်မှာပင်စောင်ချမ်းငယ်နှင့်၊
မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ၊
ကြောက်စဖွယ်မျက်နှာထားပါလို့၊
ရွာသားတွေအာဏာကြို့ရ၊
မင်းပြည်စိုးအိမ်အိုတောင်မှာ
အခေါင်စောက်နှင့်တဲကိုလေး။
ဖျာမလွန် နွားခွံအခင်း
မြေတလင်းမှာနေခင်းပျော်အင်၊
လိမ်းကျောက်ပြင်နှင့် ဗိုင်းငင်ဝါဖန်၊
အိမ်လုံးသာညံတော့၊
သန်းယံချိန်ကျော် လူချင်းကိုလှ၊
အပျင်းပြေဖျော်ရအောင်၊
လုံးတော်ပုပြောင်းဆန်ကို
ပေါင်းလန်အောင် အဖျော်ဟင်းငယ်နှင့်၊
ဦးရင်းရေမျိုချဉ်းအောင် သွင်းစေ့မယ်လေး။
ဦးကြီး
ဝေးမကွာ ပြေးလာလျှင်တာမထောက်ပါဘူ့၊
ရွာမြောက်က မန်ကျည်းစင်။
ရွာဝင်မှာပင်စောင်ချမ်းငယ်နှင့်၊
မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ၊
ကြောက်စဖွယ်မျက်နှာထားပါလို့၊
ရွာသားတွေအာဏာကြို့ရ၊
မင်းပြည်စိုးအိမ်အိုတောင်မှာ
အခေါင်စောက်နှင့်တဲကိုလေး။
ဖျာမလွန် နွားခွံအခင်း
မြေတလင်းမှာနေခင်းပျော်အင်၊
လိမ်းကျောက်ပြင်နှင့် ဗိုင်းငင်ဝါဖန်၊
အိမ်လုံးသာညံတော့၊
သန်းယံချိန်ကျော် လူချင်းကိုလှ၊
အပျင်းပြေဖျော်ရအောင်၊
လုံးတော်ပုပြောင်းဆန်ကို
ပေါင်းလန်အောင် အဖျော်ဟင်းငယ်နှင့်၊
ဦးရင်းရေမျိုချဉ်းအောင် သွင်းစေ့မယ်လေး။
ဦးကြီး
Sunday, September 30, 2012
“လယ်သမားနှင့် သမားတော်” (မင်းသုဝဏ်)
လယ်ယာကိစ္စ၊ ဆွေးနွေးရအောင်
ရွာက တက်ကာ၊ မြို့သို့လာသည်
လဟာပြင်က လယ်ဦးကြီး။
...
ထွန်မည် ယက်မည်၊ စိုက်ပျိုးမည်နှင့်
ရိတ်မည် နယ်မည်၊ လှေ့သိမ်းမည်ဟု
တိုင်းပြည်အကျိုး၊ သူမျှော်ကိုး၍
အားကြိုးမာန်တက်၊ သူနှုတ်သွက်သည်
သူ့အသက်နှင့် မမျှတည်း။
သို့ပါသော်လည်း
မြို့ပေါ်လူမှု၊ မြို့ဥတုကို
ဂရုမထား၊ နေ့ညမှားလျက်
စိတ်သွားကိုယ်ပါ၊ ဆောင်ရွက်ရာတွင်
ဖျားနာ ဝင်ခဲ့ပါလေသည်။
တစ်သက်လုံးမှာ၊ သည်တစ်ခါလျှင်
ဖျားနာဝင်ဖူး၊ ဘယ်ညာလူး၍
မမြူးမရွှင်၊ အိပ်ဆောင်ခွင်၌
ကောက်ပင်လဲ့ဝင်း၊ ရွှေအဆင်းကို
စိတိတွင်းမြင်ယောင်၊ လွမ်းမိုးမှောင်စဉ်
သည်တောင် ကျော်နိုင်ပါမည်လား။
သတင်းရသော်၊ သမားတော်သည်
အခေါ်မစောင့် ကြာမနှောင့်ဘဲ
ဖြောင့်ဖြောင့်ရောက်လာ၊ စစ်ဆေးကာလျှင်
မေးကာ မြန်းကာ၊ အားပေးကာဖြင့်
ကျန်းမာဖို့ရေး၊ ဆေးကိုပေးက
ကျေးဇူးတင်သည့် သူ့အပြုံး။
နောက်နေ့နံနက်၊ အရုဏ်တက်၌
ကိုယ်လက်ပေါ့ပါး၊ လယ်သမားသည်
စိတ်သွားကိုယ်ပါ၊ ကျန်းမာလာ၍
လယ်ယာကိစ္စ၊ ဆွေးနွေးရအောင်
မမျှအသက်၊ အားမာန်တက်လျက်
ထွန်ယက်စိုက်မည်၊ နယ်လှေ့မည်နှင့်
တိုင်းပြည်တွက်တာ၊ စဉ်းစားရာတွင်
ကျန်းမာဖို့ရေး၊ ဆေးကိုပေးသည့်
စိတ်အေးရွှင်ပျော်၊ သမားတော်ကို
ရည်မျှော်စိတ်တွင်၊ ကျေးဇူးတင်သည်
မိခင်အသစ် ရသည်သို့။ ။
မင်းသုဝဏ်
ပန်းချီ hla phone aung
“ချဉ်ပေါင်ညို ”
အယဉ်ငယ်ကြီးပါတဲ့ ဇနီးရယ်ပျော်လို၊
ဖျဉ်းနားတိုတွင်၊ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊
ငါးလူးငယ်မျှင်မျှင်၊ကြေးမသင်ရေလုံပြုတ်ပါလို့၊
...
အင်ကုပ်ကယ်ကျယ်ကျယ်နှင့်၊
မင်းဘွယ်စိုးရ လောက်ပေလေး။
လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊
ဆာမွတ်ချိန်ကျသောကြောင့်၊
ဆံစလိပ်ခွေ ဖားလျားဝေနှင့်၊
အိမ်နေသူသက်ပန်၊ချက်ပြောင်းဆန်ကို၊
တပန်းကန်ကုန်အောင်၊တက်တက်သာပြောင်တော့၊
ကိုတောင်သူအနေ၊ပိုက်ဝမ်းရေပါတ်လည်ကျရယ်နှင့်၊
ယဉ်လှတယ်လေး။
ဦးဆောင်း
ချဉ်ပေါင်ညိုဆိုတာကတော့မူရင်နာမည်ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်
ဖျဉ်းနားတိုတွင်၊ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊
ငါးလူးငယ်မျှင်မျှင်၊ကြေးမသင်ရေလုံပြုတ်ပါလို့၊
...
အင်ကုပ်ကယ်ကျယ်ကျယ်နှင့်၊
မင်းဘွယ်စိုးရ လောက်ပေလေး။
လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊
ဆာမွတ်ချိန်ကျသောကြောင့်၊
ဆံစလိပ်ခွေ ဖားလျားဝေနှင့်၊
အိမ်နေသူသက်ပန်၊ချက်ပြောင်းဆန်ကို၊
တပန်းကန်ကုန်အောင်၊တက်တက်သာပြောင်တော့၊
ကိုတောင်သူအနေ၊ပိုက်ဝမ်းရေပါတ်လည်ကျရယ်နှင့်၊
ယဉ်လှတယ်လေး။
ဦးဆောင်း
ချဉ်ပေါင်ညိုဆိုတာကတော့မူရင်နာမည်ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်
Sunday, September 23, 2012
အတိတ်အိပ်မက်
ချယ်ရီပန်းခြောက်တွေစာအုပ်ထဲမှာယူပြီးမွှေးတော့
ချစ်သူ့အကြောင်းသတိရတယ်။
စိန်ပန်းပြာတွေဇွေးဖွေးလှုပ်တဲ့
မြက်ခင်းစိမ်းလေးနဘေးက
ခုံတန်းလျားလေးသိတဲ့အကြောင်းက
အဲဒီနေ့က ချစ်သူ့ပြောတဲ့
သံယောဇဉ်ရနံ့သင်းတဲ့ချစ်ခြင်းဖွဲ့ကဗျာကို
ခုတော့ သူကမေးနေပြီ။
သင်္ကြန်ရက်တွေမှာတူတူလည်ရင်း
ရေစိုချမ်းတုန်နေတဲ့သူကို
ဂျင်းအကျီင်္လေးကာမိုးပေးကာ
ဘေးနားရှိခဲ့ဖူးသူလေး။
ခုတော့သူက လူပျောက်ကြော်ငြာ
ကြေညာမောင်းထုရှာရဦးမယ်
သူလေ ဘယ်ရောက်နေသလဲ။
တိတ်တခိုးအချစ်တွေဖွင့်ဟပြောဖို့
ချစ်သူရှိရာသူလာခဲ့စဉ်
ဝေးကွာခရီးမိုင်ပေါင်းများစွာ
သူ့ရင်ထဲမှာ သက်ပြင်းမောသာ
တိတ်တခိုးချ ပြန်ခဲ့ရသူ။
တနေ့တွေ့နိုး တနေ့ဆုံနိုး
ရာသီအလီလီ စက်ဝန်းလည်ပတ်
အချိန်ရထား ချန်ထားရစ်ခဲ့
ဘယ်ဘူတာမှာ တစ်ခါဆုံမယ်
မျှော်လင့်ရင်ခုန် စောင့်စားခဲ့သည့်
ဆယ်စုနှစ်များရဲ့သခင် ချစ်သခင်ရယ်။
တွေ့မယ့်တွေ့တော့ အပြုံးတွေရင့်ကျက်
ဘ၀တွေ အဆစ်ချိုး ဒဏ်ရာဒဏ်ချက်တွေနဲ့
အသက်ရှုမ၀တဲ့အချိန်၊ လေပြေလေညှင်းလေးတွေနဲ့အတူ
မသင်းပျံ့နိုင်ပေမယ့် လွမ်းဆွတ်လျှက်ရှိတဲ့
အချစ်စိတ်လေးတွေနဲ့ တစိမ့်စိမ့်ကြည့်ရင်း
အပြုံးယဲ့ယဲ့သာ ပြုံးနိုင်တဲ့
လောကရဲ့ ဒဏ်ရာဒဏ်ချက်တွေ
မြှားချက်ရင်ဝ စိုက်ထိချိန်မှတဲ့။
(ယွန်းဆုဝဿန်)
“ပန်းချီမနိုင်”
ရွှေပဒုံ ကြာအချပ်ကိုလ၊
လေအဟုန် လာပြီးခတ်စဉ်က၊
ကညာနတ်ထွက်ခဲ့တယ်။
သန္ဓေဘွားဟာမို့၊
ရွှေသားကို ပန်းချီပြင်ပြီး၊
သည်ခင်ကို စုတ်တံနှင့်ရေးသော်လည်း
ဆေးရနိုင်ဖွယ်။
စခန်းနော် လိုရာကွန့်နိုင်တဲ့၊
မန်းပေါ်မှာ ကိုကြာညွန့်သော်မှ
ရွံ့ ပါလိမ့်သူ့ နိကာယ်လို
ရှိတယ်လို ဟုတ်ပြီဘူး။
တပါးဟန်
သိကြားရယ် မကြာဖန်တော့
ကာရန်မှာ တူမည်ဝေးပါငဲ့
တို့ တမေ ခင်ခင်လေးမှာကွယ်
ရှေးကုသိုလ်ထူး။ ။
အချုပ်တန်းဆရာဖေ
“ဆောင်းဘွဲ့လေးဆစ်သဖြန်” အချုပ်တန်းဆရာဖေ
ခန်းဆောင်ရွှေ ရဝေတွင်းမှာလ၊
ချမ်းပေါင်လေ တဖေတင်းသော်လဲ၊
ဖြေရင်းနှင့် ခိုက်ခိုက်တုန်။
မျက်တခပ်၊ ပြက်လျှပ်ကယ် တဗီဇနာမျှ၊
ထည်အလွှာ အကုန်ထွေးသော်လဲ၊
ကြည်အသာ မလုံသေးပါဘု၊
မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့၊
သွေးလန့်လို့ ခုန်။
ရမ်းရောင်ကာ တ-လျက် ညည်းမိတော့၊
သန်းခေါင်မှာ မြကြက်သီးရယ်က၊
တဘီးဘီး ပျံ့လို့ငယ်အုံ၊
ဗျာဆုံတဲ့ ရာသီဘဲ။
ငွေနှင်းငယ်မှုံ၊ လေညှင်းရယ် တသုန်သုန်နှင့်၊
ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊
မန်းတုန်အောင် လမ်းဆုံမှာ ဟစ်ချင်တော့၊
သည်ခေတ်မှာ သည်လိုဟာဖြင့်၊
သည်ကိုယ်မှာ သေသေလုပါပေါ့၊
ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်၊ ဆောင်းရတုပွဲ။ …
အချုပ်တန်းဆရာဖေ
ချမ်းပေါင်လေ တဖေတင်းသော်လဲ၊
ဖြေရင်းနှင့် ခိုက်ခိုက်တုန်။
မျက်တခပ်၊ ပြက်လျှပ်ကယ် တဗီဇနာမျှ၊
ထည်အလွှာ အကုန်ထွေးသော်လဲ၊
ကြည်အသာ မလုံသေးပါဘု၊
မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့၊
သွေးလန့်လို့ ခုန်။
ရမ်းရောင်ကာ တ-လျက် ညည်းမိတော့၊
သန်းခေါင်မှာ မြကြက်သီးရယ်က၊
တဘီးဘီး ပျံ့လို့ငယ်အုံ၊
ဗျာဆုံတဲ့ ရာသီဘဲ။
ငွေနှင်းငယ်မှုံ၊ လေညှင်းရယ် တသုန်သုန်နှင့်၊
ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊
မန်းတုန်အောင် လမ်းဆုံမှာ ဟစ်ချင်တော့၊
သည်ခေတ်မှာ သည်လိုဟာဖြင့်၊
သည်ကိုယ်မှာ သေသေလုပါပေါ့၊
ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်၊ ဆောင်းရတုပွဲ။ …
အချုပ်တန်းဆရာဖေ
Subscribe to:
Posts (Atom)

















