လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Sunday, November 18, 2012

“အညာမြေအလွမ်းပြေ”

ထနောင်း မန်းကျည်း၊ ထန်းလက်ထီးနှင့်
ကုက္ကူပင်သာ၊ ချိုးလင်းပြာတို့
တကူကူသံ၊ ဆူဆူညံပြီး
ဖိုထီးအမ၊ ဇင်ယော်လှသည်
ဥသြသံသာ ရွှေအညာ။

ဘယ်သူဘယ်မြို့၊ ဘယ်သို့သူလွမ်း
ဘယ်လိုမှန်းကာ၊ လွမ်းမိပါလိမ့်
တသိမ့်သိမ့်နှင့်၊ မေးရခြိမ့်နည်း
ဖြေမပြီးအောင်၊ စကားဖောင်ဖွဲ့
သွဲ့သွဲ့ညှင်းညှင်း၊ အညာလေသင်း။

မြို့ရွှေသလ္လာ၊ အညာမှာကား
နှစ်လတိုစွာ၊ နေရပါလည်း
အောက်ပြည်ရွာသူ၊ ငါ့တလူသည်
ဘယ်သူ့မမေ့၊ ဘယ်ဓလေ့ကြောင့်
လွမ်းရလိမ့်နည်း၊ လွမ်းမင်းသမီး။

လွမ်းမင်းသမီး ဆိုက်မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...