လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ
Showing posts with label ဒဿန. Show all posts
Showing posts with label ဒဿန. Show all posts

Wednesday, October 24, 2012

တာရာမင်းဝေဧ။် ဒဿန စကားလုံးများ ...............

အချို့လူများသည် ချိန်ခွင်၏လက်များနှင့်တူ၏။
သူတို့သည် အထက်နှင့်အောက်ကို
အပြောင်းအလဲမြန်ကြသည်။
ငါသည်ကား သူတို့ကဲ့သို့မကျင့်။
ခိုင်ကြည်စွာ ရပ်တည်မည်။

အချို့လူများသည် အလွန် စကားများကြ၏။
စကားများသော ကြက်တူရွေးကို
လှောင်အိမ်ထဲမှာ ငါ မြင်ဖူးသည်။
စကားမပြောသော ကြက်တူရွေးတို့ကား
လွတ်လပ်ကြကုန်၏။
ငါသည်လည်း ...
ထိုသို့ပင် တိတ်ဆိတ်စွာ ပျံသန်းသွားမည်။

တောအုပ်ကို မီးရှို့လိုက ‘လေ’ ၏အကူအညီလိုသည်။
အချို့လူများသည်
မိတ်ဆွေကောင်းကို တန်ဖိုးမထားတတ်ကြ။
ငါသည်ကား... တန်ဖိုးထားမည်။
မိတ်ဆွေကောင်းကို လေးမြတ်စွာ ဆက်ဆံမည်။

အချို့လူများသည်
ရေမျက်နှာပြင်ပေါ်မှာ ထကြွသည့်လှိုင်းနှင့်တူသည်။
လျှပ်ပေါ်လော်လည်ကြ၏။
ငါသည်ကား သူတို့ကဲ့သို့မကျင့်။
ကျောက်စာတစ်ချပ်ပေါ်တွင် ထွင်းထားသည့်
အက္ခရာတစ်လုံးကဲ့သို့ ကျင့်မည်။
ငါ့လုပ်ရပ်ကို ခိုင်မာစေမည်။

အချို့လူများသည်
ညစ်ပေသောရေထဲမှာ
အင်္ကျီကို လျှော်ဖွပ်ကြ၏။
ငါကား ... ထိုသို့မကျင့်။
ငါ့ကိုယ်ငါ စင်ကြယ်မှုဖြင့် လျှော်ဖွပ်မည်။

အချို့လူများသည်
ဂွမ်းစကလေးကို သယ်ရွေ့ရန်
ဝန်လေးပျင်းရိနေတတ်ကြ၏။
ငါကား...
တောင်တန်းကြီးများကို မ ရွေ့ရသည့်တိုင်
ညည်ညူခြင်းကို မပြု။

အချို့လူများသည်...
အမှောင်ထဲမှာ မားမားရပ်ကြသည်။
သူတို့ကိုယ် သူတို့ ပြန်မမြင်ကြရ။
လူသည် ကိုယ့်ကိုယ်ကို ပြန်မြင်ရန်လိုသည်။
ငါကား... အလင်းထဲမှာပဲ ရပ်တည်မည်။

အချို့လူများသည်...
ကောင်းမြတ်ခြင်းတရားကို သိကြားသော်လည်း
မလိုက်နာကြ။
ဆေးလွယ်အိတ်ကို လွယ်ပြီး သူတို့ သေကြသည်။
ငါကား သူတို့ကို မတုပ။
ငါ့ဘ၀၏ အနာရောဂါများကို ထိုဆေးဝါးတို့ဖြင့် ကုမည်။

အချို့လူများသည်...
ကောင်းမြတ်ခြင်းတရားကို ဟောပြောသော်လည်း
ညီညွတ်သောလုပ်ရပ်ကို မပြသနိုင်။
ဘုရားစာရွတ်နေသော ကြက်တူရွေးများသဏ္ဌာန်ရှိ၏။
သူတို့၏ ဆုံးရှုံးမှုကို ငါ ဥပမာယူမည်။

အချို့လူများသည်...
ကောင်းမြတ်သောလုပ်ရပ်များကို
မရိုးမသားသောအကြံဉာဏ်ဖြင့် ပြုမူကြ၏။
သူတို့၏ လုပ်ရပ်သည်
ရေပြင်ကို ပစ်ခတ်သော မိုးကြိုးပမာရှိသည်။
ငါ... မချစ်ခင်။

အချို့လူများသည်...
ကိုယ်တိုင်နားမလည်သော ဒဿနတရားတို့ဖြင့်
အခြားသူကို ဦးဆောင်သည်။
အကန်းကိုလမ်းပြသော အကန်းနှင့်တူသည်။
သူ့နောက်သို့ ငါမလိုက်။

အချို့လူများသည်...
ကောင်းမြတ်သောတေးသွားကို တီးခတ်ရန်
မိမိကိုယ်ကို စောင်းကြိုးညှိခြင်း မပြုကြ။
ငါကား ထိုဂီတကို ကြားလိုလှသည်။
ညှိယူပြီးဖြစ်သော ငါ့စောင်းကြိုးတို့ကို
စင်ကြယ်စွာ တီးခတ်မည်။

တာရာမင်းဝေ
(ကြယ်သီချင်းနှင့်လမင်းသံစဉ်....မှ)
My Blog List

Sunday, July 8, 2012

ဘဝဒဿနစာစုများ

ဘဝမှာမပြတ်နိုင်ဆုံးကသံယောဇဉ် .........
ဘဝမှာအတောင်းရအခက်ဆုံးက ချစ်ခြင်းမေတ္တာ .............
ဘဝမှာပြန်ပေးရအခက်ဆုံးက လူမှု့ရေး .........
ဘဝမှာရယူဖို့အခက်ဆုံးက သူငယ်ချင်း ...........
ဘဝမှာခွဲခွာထားရစ်ဖို့အခက်ဆုံးက မိသားစု ...........
ဘဝမှာရှာရအခက်ဆုံးက တစ်ကယ်မေတ္တာစစ်...............
ဘဝမှာ ခံရအခက်ဆုံးက အကြင်နာမဲ့ ..........
ဘဝမှာခန့်မှန်းရအခက်ဆုံးက စိတ် .........
ဘဝမှာ ပြန်ဆပ်ရအခက်ဆုံးက ကျေးဇူး.............
ဘဝမှာနာကျင်ရအခက်ဆုံးက တုန့်ပြန်မှုမရှိတဲ့ ချစ်ခြင်း ..........

Saturday, July 7, 2012

ချစ်တတ်သူသို့

အကယ်၍မင်းတစ်ယောက်သောသူကိုမချစ်တော့ဘူးဆိုရင် လမ်းခွဲလိုက်ပါ။ သူများကသူကိုချစ်ဖို့အခွင့်အရေးပေးလိုက်ပါ ။................
အကယ်၍မင်းချစ်သူကမင်းကိုထားသွားရင်စိတ်လျော့လိုက်ပါ။ တခြားတစ်ယောက်ကိုချစ်ဖို့အခွင့်အရေးရတာပေါ့ ။..............
တချို့ပစွည်းကိုမင်းဘယ်လောက်ကြိုက်ကြိုက် မင်းအတွက်ဖြစ်ချင်မှဖြစ်မှာ...... တချို့ပစွည်းကိုမင်းကြိုက်နေလည်းစွန့်လွှတ်ချင်စွန့်လွှတ်ရမယ် .........
ဘဝမှာအမျိုးမျိုးရှိတယ် .......ရေစက်ရှိတိုင်းပိုင်ဆိုင်ရယူနိုင်မယ်လို့မဆိုလို့ဘူး။တချို့ရေစက်ဆိုဆုံးရှူံးရတာပဲ.... တချို့ကျတော့ဘာရလာဒ်ကောင်းမှမရနိုင်ဘူး။.......
လူတစ်ယောက်ကိုချစ်ခွင့်ရရုံနဲ့ပိုင်ဆိုင်ဖို့ဆိုတာမသေချာဘူး ....... ဒါပေမဲ့တယောက်ယောက်ကိုပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်းလေးသူကိုပြန်ချစ်ပါ .............
ယောက်ျားလေးတွေငိုတာတကယ်ချစ်လို့ဖြစ်တယ် မိန်းကလေးတွေငိုတကယ်စွန့်လွှတ်၇လို့ဖြစ်တယ်.......
အကယ်၍ရိုးသားခြင်းဟာထိခိုက်စေနိုင်တယ်ဆိုရင် မုသားကိုပဲရွေးချယ်မယ် ........
အကယ်၍မုသားစကားဟာထိခိုက်စေမယ်ဆိုရင်ဆိတ်ဆိတ်နေခြင်းကိုရွေးချယ်မယ် .......
အကယ်၍ဆိတ်ဆိတ်နေခြင်းဟာထိခိုက်စေနိုင်တယ်ဆိုရင်ခွဲခွာခြင်းကိုရွေးချယ်မယ် .........
အကယ်၍ ဆုံးရှုံးခြင်းကိုဒုက္ခလို့ဆိုရင်မင်းပေးဆပ်ရမှာကိုကြောက်နေသလား .............
အကယ်၍စွဲလမ်းခြင်းဟာဒုက္ခဆိုရင်မင်းပြီးဆုံးခြင်းကိုရွေးချယ်မလား ........
အကယ်၍ရရှိအောင်ကြိုးစားခြင်းကိုဒုက္ခဆို၇င်မင်းတယူသန်ဖြစ်ခြင်းကိုရွေးချယ်မလား .......
အကယ်၍ခွဲခွာခြင်းဟာဒုက္ခဆိုရင်မင်းဘယ်သူကိုရင်ဖွင့်မလဲ။ .........
ကိစွတော်တော်များများဟာပြီးသွားမှရှင်းရှင်းလင်းလင်းသိရတယ် ......ဖြစ်နေချိန်မှာဒုက္ခဆိုရင်တောင် ဒုက္ခလို့မခံစားမိဘူး ......ကိစွတော်တော်များများကိုဖြစ်နေချိန်မှာ အကောင်းအဆိုးကွဲကွဲပြားပြားမခွဲခြားနိုင်ပဲအဆုံးသတ်မှ အဖြေရှာလို့တွေ့တတ်တယ်။ ......

ကိုယ်တစ်ကယ်ချစ်တဲ့သူနဲ့ဆုံခဲ့ရင်

ကိုယ်တစ်ကယ်ချစ်တဲ့သူနဲ့ဆုံတဲ့အခါသူနဲ့တစ်သက်တာလက်တွဲဖို့ကြိုးစားပါ ။
သူမရှိတော့ရင်အရာအားလုံးကနှောင်းသွားလိမ့်မယ် ။
ကိုယ်ယုံကြည်ရတဲ့သူငယ်ချင်းနဲ့ဆုံတဲ့အခါသင့်မြတ်အောင်နေထိုင်ဖို့ကြိုးစားပါ ။
ဘဝတစ်လျှောက်မှာကိုယ်နဲ့သဘောထားချင်းတိုက်ဆိုင်သူနဲ့ဆုံဖို့မလွယ်လှဘူး ။
ကိုယ့်ဘဝကိုကူညီတဲ့လူနဲ့ဆုံတဲ့အခါသူ့ကျေးဇူးကိုမှတ်ထားပါ ။
သူဟာကိုယ်ဘဝကိုပြောင်းလဲပေးခဲ့သူဖြစ်လို့ပါ။
ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ဆုံတဲ့အခါပြုံးပြနှုတ်ဆက်ပါ ။
သူ့ကြောင့်အချစ်ကိုပိုနားလည်စေခဲ့လို့ပါ ။
ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ဆုံတဲ့အခါပြုံးပြပြီးနှုတ်ဆက်လိုက်ပါ ။သူကြောင့်ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ ။
ကိုယ်နဲ့အတူနေနေတဲ့၊ကိုယ့်ကိုအဖော်ပြုနေသူကိုလုံးဝကျေးဇူးတင်ပါ။
သူကြောင့်ပျှော်ရွှင်ကြည်းနှုးမှုနဲ့ချစ်ခြင်းမေတ္တာတွေကိုကိုယ်ရနေလို့ပါ ။
ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးတဲ့သူနဲ့ဆုံတဲ့အခါ သူပျော်ရွှင်ဖို့တောင်းဆုပြုပါ။
သူ့ကိုကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲကိုယ်မြင်ချင်ခဲ့လို့ပါ။
ကိုယ်ကိုထားခဲ့သူနဲ့ဆုံတဲ့အခါကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ်ဘဝမှာအမှတ်တရအတိတ်ခြေရာလေးတွေထင်ကျန်အောင်သူနင်းလျှောက်ခဲ့လို့ပါပဲ ။
တစ်ခါပဲဖြစ်ခွင့်ရတဲ့ဘဝမှာလုပ်ခွင့်ရတဲ့အခွင့်အရေးဟာလည်း တစ်ခါပဲရှိတယ်။

Monday, January 9, 2012

ရည်မှန်းချက်ပန်းတိုင်

လင်းလက်တောက်ပတဲ့နေ့သစ်ရောက်ဖို့အမှောင်ညကိုဖြတ်ကျော်ရသတဲ့။
အောင်မြင်ပျှော်ရွှင်တဲ့ဘဝတစ်ခုရဖို့ဆင်းရဲပင်ပန်းမှုတွေကိုရင်ဆိုင်ဖြေရှင်းရတယ်။
ဘဝမှာပြဿနာတစ်ခုခုနဲ့ကြုံတိုင်းကျနော်ကတော့ဒီစာသားလေးတွေကိုအမြဲ
တမ်းဖတ်ဖြစ်တယ်။
(၁)အများနဲ့မတူတာထူးခြားမှုပဲ၊ထူးခြားမှုဟာအောင်မြင်မှုကိုရစေတယ်။
(၂) ငွေကိုနည်းနည်းကလေးမှစ၍မစုနိုင်လျှင်ဘယ်လိုလုပ်ပြီးအများကြီးကိုရအောင်စု
ဆောင်းနိုင်မလဲ?
(၃)ရွှေကမ္မလာခြုံလွှမ်းထားသော်လည်းမြည်းသည်မြင်းဖြစ်မလာပါ။ ဆိုလိုခြင်းကမိမိ၏ရည်မှန်းချက်သည်ကိုယ်ဘဝအခြေအနေနဲ့ကိုက်ညီဖို့လိုအပ်
သည်၊
(၄)ခြင်္သေ့သည်ကြုံလှီသော်မြက်ကိုမစား။ အမျိုးကောင်းသားသည်ဆင်းရဲခြင်းအဖြစ်သို့ရောက်နေသော်လည်းယုတ်သော
အပြုအမှုကိုမပြုလုပ်။
(၅)ကမ္ဘာ့သမိုင်းကိုပြန်ကြည်လျှင်ပညာတတ်ပုဂ္ဂိုလ်ပေါင်းများစွာတို့သည်တက္ကသိုလ်ပညာကိုမသင်ခဲ့ဖူးကြောင့်တွေ့ရသည်။(သြရစ်ဆင်ဆွိမာဒင်)
(၆)ဆင်းရဲခြင်းကြောင့်ရှုံးဆုံး၏ ။ ဆင်းရဲခြင်းကြောင့်အထင်အမြင်သေးခံရ၏ ။
ဆင်းရဲခြင်းကြောင့်အသက်ကိုစောင့်ရှောက်ခြင်းငှာမတတ်နိုင်။ ဆင်းရဲဖူးသူသည်ဆင်းရဲမှုကိုအလွန်ကြောက်၏ ။ ဆင်းရဲခြင်း၏ခါးသီးမှုကို
ဆင်းရဲဖူးသူမှသိနိုင်မည်။(ဟိန်းဇေ)
(၇)ဒေါသထွက်တာဟာတခြားလူရဲ့အမှားကိုယူပြီးကိုယ့်ကိုအပြစ်ပေးနေတာပဲ။
(ဂ)ဘဝမှာသူငယ်ချင်းဆိုတာမရှိရင်ဘဝမှာနေရောင်ခြည်ဆိုတာမရှိဘူး။
(၉)မနက်ဖန်အတွက်မျှော်လင့်ချက်ဟာဒီနေ့ရဲ့နာကြင်ဝမ်းနည်းမှုကိုမေ့စေတယ်။
(၁၀)အိပ်မက်၊စိတ်ကူးနဲ့အတွေးမရှိတဲ့ဘဝဟာအကိုင်း၊အခက်၊အရွက်မရှိတဲ့သစ်ခြောက်ပင်နဲ့တူတယ်။
(၁၁)လူ့တန်ဖိုးဆိုတာမြူဆွယ်ဖြားယောင်းခံရတဲ့တခဏမှာအဆုံးအဖြစ်ပေးလိမ့်မယ်။ကြင်နာမှုမရှိတဲ့စကားလုံးတိုင်းဟာအရသာကင်းမဲ့လှတယ်။
(၁၂)ဘယ်အချိန်မှာစတင်ခဲ့တာပဲဖြစ်ဖြစ်အရေးကြီးတာစတင်ပြီးတဲ့နောက်မရပ်
နားဖို့ပါပဲ။ ဘယ်အချိန်မှာအဆုံးသတ်တာပဲဖြစ်ဖြစ်အရေးကြီးတာအဆုံးသတ်ပြီးနောက်နောင်တမရဖို့ပါပဲ။
(၁၃)ပျင်းရီခြင်းသည်လူ၏အသိညဏ်ကိုသံချေးတက်စေပါတယ်။
(၁၄)ပျှော်ရွှင်မှုဆိုတာကိုမျှဝေတတ်ရမယ်။ ဒါမှပျှော်ရွှင်မှုတွေဆင့်ပွားလိမ့်မယ်။
(၁၅)လူတွေဟာလက်ရှိပိုင်ဆိုင်မှုတွေကိုမေ့ထားပြီးမရသေးတဲ့အရာကိုမှပိုတန်ဖိုးထားတတ်ကြတယ်။
လူတိုင်းမှာခံယူချက်ကိုယ်စိရှိကြပါတယ်၊နောက်ပြီးပန်းတိုင်ဆိုတာလည်းရှိကြမှာပါ
ပန်းတိုင်မရှိရင်ဦးတည်ချက်မဲ့မြှားနဲ့တူတယ်၊ဦးတည်ချက်မရှိတဲ့မြှားဟာရောက်ချင်ရာရောက်၊မှန်ချင်ရာမှန်မှာပေါ့ ဒါကြောင့်လူတိုင်းမှာရည်မှန်းချက်ပန်းတိုင်ရှိကိုရှိသင့်တယ်။
(ဒဿနစာစုများ)
Related Posts Plugin for WordPress, Blogger...