လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Sunday, November 11, 2012

အမည်မသိဒဏ်ရာ

ရင်တွင်းဝေဒနာ
ဖြေဆည်ပါလည်း
ဆိုးရွားလို့သာ
...
မွန်းကျပ်နေဆဲ။

အတွေးများစွာဝင်လာ
မင်းအကြောင်းသာ
ဆက်လက်တွေးမြဲ။

စိတ်ကိုခိုင်မာဆုံးဖြတ်ကာ
မေ့ပစ်မည်ဟုကြိုးစားသော်လည်း
နှလုံးသားကလက်မခံ
မျက်ရည်များသာသက်သေကျန်ခဲ့
သံယောဇဉ်ကြိုးကငါ့ထံ
ရစ်ပတ်၍သာတဝဲဝဲလည်ခဲ့
ဘယ်သူမပြုမိမိမှုဟု
ငါ့ကိုယ်ငါပင်မုန်းချင်တော့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...