-ခွေးသားကို ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ ဆွစ်ဇာလန် စသော နိုင်ငံများတွင်
စားသုံးလေ့ရှိကြသည်။ ကိုရီးယားတွင် သက်ကြီးပိုင်း(Old Generation) များက ပိုမိုစားသုံးကြသည်။-ခွေးသားစားခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို ယခုတိုင်ငြင်းခုံနေကြဆဲပင်ဖြစ်သည်။ ခွေးသားစားသုံးသူများက သူတို့၏ ကျန်း
မာရေးအတွက် ဟုဆိုကာ ယုံယုံကြည်ကြည်စားသုံးကြသည်။ အားအင်ဖြစ်ထွန်ြး
ခင်း၊ အမျိုးသမီးများ၏ အသားအရေ ကောင်းမွန်ခြင်း၊ နွေရာသီ နေရောင်ဒဏ်ကို
သက်သာစေခြင်းစသော အကျိုးကျေးဇူးများရှိသည်ဟု ယုံကြည်ကြလေသည်။
-တစ်ဖက်တွင်လည်း International Fund for Animal Welfare အဖွဲ့အစည်းက“ ခွေးသားစားခြင်းသည် Restorative powers, Curative powers များပေးစွမ်းသည်ဟူသော Scientific သက်သေသာဓက များမရှိ”ဟုဆိုကာ ခွေးသားစားခြင်းကို ဆန့်ကျင်ကြသည်။ ကင်ဆာပင် ပိုမိုဖြစ်ပွားစေသည်ဟူသော တင်ပြချက်အချို့လည်းရှိလေသည်။
- စစ်ဘေးပျက်ကပ်၊ သဘာဝဘေးအန္တရာယ် ပျက်ကပ်များတွင် အစာရေစာပြတ်လပ်ရှားပါးမှုများကြောင့် ခွေးသားကို အစာအာဟာရအဖြစ်စားသုံးသော သာဓကများရှိပါသည်။ ဥပမာအားဖြင့် မက်ဆီကို-အမေရိကန်စစ်ပွဲတွင် အိမ်မွေးခွေးများကို သတ်ဖြတ်စားသုံးသော သာဓကများ ရှိခဲ့ပါသည်..။
-မည်သို့ပင်ဖြစ်စေ ယနေ့ကမ္ဘာပေါ်တွင် ခွေးသားကို နှစ်ခြိုက်စွာ စားသုံးနေသူများ အမြောက်အများရှိနေဆဲပင်ဖြစ်သည်။....
No comments:
Post a Comment