မသိချင်ယောင်ဆောင်ပြီး
တမင်သက်သက်နေတာလားကောင်မလေးရေ ……..
မင်း …..လက်တွဲရမဲ့သူ
နောက်တစ်ယောက်တွေ့နေလို့လား …………
မင်းအပြုံး
မင်းအကြည့်
မင်းအသံ မကြားရင်
သေနိုင်လောက်တယ်ငါ့မှာ ……..။
မခေါ်ပေမဲ့လည်း
မင်းအနားကိုရောက်အောင်လာခဲ့သူပါ
မင်း……. မကြည်ဖြူမှန်းသိတယ်
ေ၇ွှမျက်နှာမြင်ချင်သူမို့
ကျောခိုင်းစရာမလိုပါဘူး
မျက်လုံးချင်းတောင်မဆုံချင်တော့ရင်
ငါ …….မင်းရဲ့
အဝေးဆုံးကိုထွက်ခွာပေးပါ့မယ်……..
သံယောဇဉ်ဆိုတာ
လွယ်မယောင်နဲ့ခက်
တိမ်မယောင်နဲ့နက်တဲ့အရာ
ဖမ်းဆုပ်မရနိုင်မှန်း ငါသိခဲ့ပြီ ………။
သေချာတယ်မင်းမရှိတဲ့ငါဘဝဟာ
အရာအားလုံးအမှောင်ဖုံးတဲ့ကမ္ဘာတစ်ခုဖြစ်လိမ့်မယ် ။
No comments:
Post a Comment