လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Sunday, March 13, 2011

ဒီည..........?

မသေချာခြင်းတွေနဲ့
နေထိုင်ခြင်းနောက်ကွယ်
ပူလောင်ခြင်းတစ်ချို့က
ဒီရင်ဘတ်ကြီးထဲက
ရင်တွင်းအပူမီး
ဒီည........မိုးစက်တွေနဲ့
နင်ရှိရာသို့..........
အရောက်လာခဲ့ရင်.........?


စိတ်တွေလေ ညတွေထဲက
မလန်းဆန်းပဲ ဒီည
မနေ့ကလိုပါပဲ
ရင်ဘတ်ထဲက
ပူလောင်ခြင်းဆိုတဲ့အရာက
ထစ်ချုန်းမိုးတွေအလား
ညစဉ်ညတိုင်း
ရွာသွန်းနေရတာ
ငါမောပန်းလှပါပြီ
ချစ်သူရေ ဒီည
ငါစိတ်ရဲ့မိုးတွေနဲ့ ထပ်တူ
မျက်ရည်အပူလိုင်းကြိးနဲ့
ငါဖြတ်သန်းနေခဲ့တာ
ဒီညဆို ၄နှစ်ရယ်တဲ့လား
ချစ်သူ ငါခေါ်နေသံ
မိုးစက်တွေနဲ့အတူဖြတ်သန်းကျော်လွန်
နင်ဘယ်ဘ၀ဆီလဲ
ငါမသိလဲ
ငါအရောက်လာချင်နေမိတရ်

သေဆုံးခြင်းဆိုတဲ့အ၇ာက
ဘာလဲ ငါမသိပါဘူး
ဒါပေမဲ့ချစ်သူရေ
ငါနင်ကိုမတွေ့ရတဲ့
ခံစားချက်နဲ့နှိုင်းလိုက်ရင်လေ
အဲဒီသေဆုံးခြင်းကို
ငါက အကြိမ်တစ်ရာလဲ
ငါစိန်ခေါ်တရ်
ဒီည..........
ငါအချစ်တွေသက်သေပြုလျှက်......
နင်ရှိရာသို့.........


(ခင်မင်လျှက် နတ်ဆိုးလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...