လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Wednesday, March 16, 2011

မှေးစက်ရာလရောင်

နားခိုရာ ရင်ခွင်ရိပ်မှာ
မျှော်လင့်ခြင်းနဲ့ ခတ်တဲ့အလင်းအိမ်လည်း
ထွန်းလင်းသင့်ပြီ….

အကြည့်တွေလည်း ဟိုတုန်းကနဲ့မတူ
ပိုပြီးဝေးကွာလာခဲ့
နေ့စွဲအလွဲတွေသာ ကမ်းလင့်တဲ့ငါ့လက်ဖ၀ါးထဲ
သွန်းလောင်းလိုက်ပါ…

မပြင်ဆင်နိုင်ခြင်းထောင့်ချိုးနဲ့
မနက်ဖြန်တွေက စီးဆင်းကောင်းဆဲ
ငါမေးမယ်……..ဟေး   လရောင်
နင်ဘယ်ကို ထွက်ပြေးခဲ့သလဲ

ဘာ့ကြောင့်လဲ
ငါ့နှုတ်ခမ်းများမှာ မျက်ရည်တွေစွတ်စို
အချစ်သစ်ပင်မှာလည်း အလွမ်းတွေဖားဖားဝေ
နွေဦးကိုတောင် မစောင့်နိုင်တော့ဘူး

အမှောင်တွေ  ရစ်သမ်ညှိသူ
အချိန်လင့်တဲ့ အလင်းအိမ်ရေ..
ငါ့ရင်ခွင်တံခါးနဲ့ဝေးရာသာ  ပျံပါကွယ်….

မျှော်လင့်ခြင်းနဲ့ ခတ်တဲ့  မီးတောက်လေးလည်း
တစ်ချက်…..တစ်ချက်….
…………………………………
လောင်စာခမ်းလုလု……….
……………………………………
အခုထက်ထိ
တို့နှစ်ယောက်နဲ့ ပျော်ရွှင်မှုက
သတ်ပုံမမှန်ခဲ့ဘူး….။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...