လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Monday, February 28, 2011

ဘ၀လမ်း

နေစဉ်အမျှ လုပ်နေကြတဲ့
နိုင်ငံရပ်ခြား ညီကိုသားချင်း
မပြော မပြီးမို့ ပြောခွင့်ပေးပါလို့

ငွေဆိုတဲ့ငတိက နှိပ်စက်၊
လာတွဲတဲ့ ၀မ်းရေးကပက်စက်၊
မတ်တပ်ရပ် အိပ်နေရတဲ့တိုင်းတပါးမှာ...
ရဲကဆွဲတွဲပါနေတဲ့ ဓါးပြကချွန်၊
ကျွန်တော် ဘ၀ကျွန်တစ်မျိုးပါပဲ
အဖေပြောတရ် ငွေ........ငွေ........ငွေ....
အော် ...ငွေ ဆိုတာအတောင်ပံပါတဲ့သတ္တ၀ါလား........?
အဖြူ၊အမည်းမသဲကွဲ၊
တွဲလဲခိုနေသော ၀ီရိယတောင်
ရှောင်ပြေးချင်နေပြီ
သတိဆိုတဲ့အကြွေးက
ကျွန်တော် ကိုဝါးမျိုနေတရ်လေ၊
လွတ်အောင်ရုန်းထွက်ဖို့လဲ အတော်ခက်သေး

နောင်တတွေရင်မှာပိုက်၊
လသာခိုက်ဗိုင်းမငင်၊
မိုးရွာတုန်းရေချိုး ၊
အဖျားဆိုတဲ့ ဂျပိုးနဲ့
ကျိုးခဲ့ရတာလည်းမနည်း၊
တွဲခဲ့ရတဲ့ချောင်း
လွဲခဲ့ရတဲ့ကျန်းမာရေး၊
အပေးအယူလုပ်တော့စ၇င်းချုပ်လိုက်တရ်
"အော်".........ဒေါက်တာဆရာမရယ်
အကျွန်.....ကျွန်ုပ်ကိုသာ
သိမ်းပိုက်လိုက်ပါတော့ကွယ်၊

အညတရ ကျွန်တော်ဘဝ
ဘယ်မှာလည်း"သုခ"ဝေလေစွ၊
၁၂လရာသီ တေးပန်ချီလဲမချယ်နိုင်၊
မောမောမှိုင်မှိုင် အပြောပိုင်၊
လူလည်ပွဲစားနားယောင်မှား ဒုက္ခတွေများ
ဤလူသားမှာ ငါးနှစ်ကြာလဲ
မတိုးတက်နိုင် ဒီဘ၀ ဒီမျှ ကြေပါစေဗျာ

ယခုရေးသော ဤစကားစုများ
တကယ် တကယ်ပါ ပေတရာအလား စိတ်မှာမထားပဲ
ဖြူစင်တိမ်းသွား သန့်စင်ထားပါတရ်
ရိုင်းပြစာသား ပါသွားကလည်း
ခွင့်လွတ်စေချင်

(ကြိုးစားပြီး လူတတ်ကြီးလိုရေးထား၏ ဘာမှမတတ်တဲ့ နတ်ဆိုးလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...