လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Saturday, July 14, 2012

သိပါစေ

ချစ်သူ ရယ်...

အတ္တဆန်တယ်ဆိုတာ

ငါလူတစ်ယောက်အပေါ်

ချစ်တာတွေ များသွားလို့ပါ

ချစ်သူ .......

ငါ့အဆင့်နဲ့ ငါ့နေရာကို

ပြောပြပေးတဲ့ ချစ်သူကို

ငါက ကျေးဇူးတင်ပါတယ်.....

အပေါ်ယံ ဟန်ဆောင်းမှု့ကို

ငါမုန်းတယ်ချစ်သူ....

မုန်းလျှက်နဲ့ ချစ်တယ်လို့

ငါမပြောတတ်သလို

ချစ်လျှက်နဲ့ မုန်းတယ်လို့လဲ

ငါမညာတတ်ဝူး.....

ငါ့အတ္တကြောင့်

စိတ်ညစ်နေရတယ်ဆိုရင်

ငါ့ စိတ်ကို ငါပြင်မှာပါ

ချစ်သူပါးစပ် စကားတစ်ခွန်းက

တစ်ခါတစ်လေ

ငါ့ရဲ့ မာန နဲ့ ငါ့သိက္ခာကို

ထိခိုက်နေပေမယ့် .....

ခုချိန်မှာ တော့

ငါ့မှာ မာနဆိုတာ မရှိတော့တာ

သေချာနေပြီးလေ

ငါ နင့်ကို မုန်းလို့မှမရတာ

ငါ့ကို နင်မုန်းလဲ ဆက်ချစ်နေတာမို့

ငါ့ကိုလဲ ဟန်ဆောင်မှု့ကင်းတဲ့

အချစ်နဲ့ အတူ

ပြန်ချစ်တာကို လိုချင်မိတယ်......

"နင့်အတွက် အချစ်ဆိုတာ

ဦးနှောက်က ဆုံဖြတ်ပေမယ့်"

"ငါ့အတွက် အချစ်ဆိုတာက

ရင်ဘက်ထဲ နှလုံးသားက

ထွက်ပေါ်လာတဲ့ သံစဉ်ပါ......"

ချစ်သူရယ်.....

"အချစ်ကို ဦးနှောက်က လက်ခံလို့

နင်ချစ်ခဲ့ပေမယ့်"

"ငါ့ရင်ထဲက အချစ်တွေက

ရင်ဘက်ထဲက နှလုံးသား က

လက်ခံလို့ ငါချစ်ခဲ့ တာပါ....."

ငါငိုကြွေးခဲ့တဲ့ နေ့ရက်တိုင်း

ငါ့နှလုံးသားလဲ ငိုနေခဲ့တယ်ချစ်သူ......

ချစ်သူပျော်ရင်

ထာဝရ ကျေနပ်နေသူမို့!!!!!!!

ထာဝရ ချစ်ခွင့်ပေးပါချစ်သူ.........

ငါဘယ်လောက်ချစ်လဲဆို

ငါ့ကိုယ်ငါ အသိဆုံးမို့

နင်မချစ်တော့ရင်လဲ

ငါဆက်ချစ်နေဆဲပါ
ချစ်ရတဲ့ ချစ်သောသူရယ်............

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...