လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Saturday, July 14, 2012

အိမ်ဝေးငှက်များ

ငါတို့ဟာ
လာရာအရပ်တူခဲ့သလို
လားရာမှာလည်းတူရမယ်
ရည်မှန်းသလောက်မရလည်း
ရည်ရွယ်ချက်တွေမပျောက်ခဲ့ဘူး။
ငါတို့ဟာ
အကင်းမသေသေးတဲ့
အတွင်းဒဏ်ရာဟောင်းတွေကို
နာကျည်းပေမဲ့မနာကျင်သလိုခံစားတယ
်။
ငါတို့ဟာ
ဘယ်လောက်ပျံသန်းပျံသန်း
တောင်ပံတွေမညောင်းအောင်
ငါတို့ရဲ့နောက်မှာ
အားဖြည့်ပေးသူတွေအပြည့်နဲ့
တစ်ချို့ကအိမ်သူသက်ထားရဲ့ကြင်နာမှုအသံနဲ့
တစ်ချို့ကငှက်ငယ်လေးတွေရဲ့
အစာတောင်းခံမှုအသံအတွက်
တစ်ချို့ကမျိုးဆက်သစ်လေးတွေရဲ့
အမြင့်ပျံသန်းနိုင်ဖို့အတွက်
တစ်ချို့ကအသိုက်အမြုံလေးပြုပြင်ဖို့အတွက်
တစ်ချို့ကကြင်ဖော်နဲ့ချစ်ခြင်းဖလှယ်ဖို့အတွက်
သေချာတာကတော့
လောကဓံလေနီကြမ်း
ဘယ်လောက်ပဲသရမ်းပါစေ
ငါတို့ဟာ အိမ်နဲ့နီးသထက်နီးနိုင်ဖို့အတွက
ပျံသန်းပြီးရင်ပျံသန်းနေရဦးမှာပဲ။
မင်းထက်တန်(ရွှေဘို)ရေးသားသည်။
ဒီကဗျာလေးကိုကျနော်အရမ်းကြိုက်တယ်
ကျနော်တို့လိုပြည်ပရောက်နေတဲ့ညီကိုမောင်နှမအပေါင်းတို့လည်းကြိုက်လမ့်မယ်လို့မျှော်လင့်မိတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...