လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Wednesday, January 5, 2011

ငတ်မွတ်ခြင်း


အရိပ်စစ်နဲ့ဝေးကွာ
ရင်မှာအေးမြမှုပျောက်
ကိုယ်ခန္ခာအပူမိးကြား
လောင်ကျွမ်းနေတဲ့အတ္တတစ်ခု ………….
တောင်းတမှုကမိဘရင်ခွင်
လိုအပ်နေတဲ့ချစ်ခြင်းမေတ္တာ
အငွေ့ပျံခန်းခြောက်နေခဲ့ကြာပြီ …………
အာဟာရပြတ်တဲ့ခလေးလို
ငတ်မွတ်ဆာလောင်
နို့ချိုတစ်စက်ကူညီတိုက်ကျွေး
ဘယ်သူပေးမှာလဲ ………….
ဂရုဏမဲ့ရပ်ဝန်း
ခြောက်သွေ့ပူလောင်တဲ့ဒီအရပ်ထဲ
ငါဘယ်လောက်ထိလည်ပတ်ရအုံးမလဲ ………
အတ္တခြေထောက်အောက်က
ဖိနပ်တွေမပါးခင်
အိမ်ပြန်ရောက်ချင်ပြီအမေရေ …

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...