လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Tuesday, January 4, 2011

ငယ်ချစ်သို့တမ်းချင်း

ဖြူစင်သန်ရှင်းရင်မှာကြည်ဖြူ
အမြဲသူ့အတွက်နေရာပေး
ခရေပင်အောက်ခရေပွင့်လည်းအတူကောက်
စာတွေလည်းအတူကျက်ရင်း
ရင်းနှိးကျွမ်းဝင်ရင်ထဲကအချစ်သူများသိပါ့မလား .............
ရင့်ကျက်စအရာရာကိုသိလာချိန်
အချစ်တွေအရောင်ပြောင်း
အတူဆုတောင်းရောက်ခဲ့ဖူးတဲ့စေတီ
ဘုရားစောင်းတန်းနှစ်ဦးသား
သောက်ခဲဖူးတဲ့ရေအေးတစ်ခွက်
အခုငါ့ရင်ထဲကသောကတွေကိုဖြေပျောက်ပါ့မလား .........
တစ်နေရာစိဝေးနေကြသော်ငှားလည်း
ငါလွမ်းသလိုနင်လည်း
သတိရတမ်းတဖြစ်ရင်
ဆုံဆည်းဖို့အကြောင်းပါကံမကုန်ရင်
ဖြူစင်မှူတစ်ခုတည်းနဲ့
ပြန်ဆုံကြဖို့ငါတိုင်တည်ဆုတောင်းလျက် .................

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...