လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Tuesday, August 14, 2012

ချစ်သူသိပါစေ .......


မတူညီတဲ့ ၀င်ရိုးစွန်းတခုစီမှာ
ငါတို့နှစ်ယောက်ရပ်နေခဲ့ကြတယ်နော်..
အေးချမ်းတဲ့ဘ၀လေးတခုဖြစ်လာအောင်
ငါကြိုးစားနေပါတယ် ချစ်သူ...
ဒီလောက်ချစ်နေလျှက်နဲ့ဝေးနေရတဲ့
ကံကြမ္မာကိုယ်ကျိန်ဆဲမိတာ အမှန်ပဲ...
အရာအားလုံးကိုယ် လူကလုပ်တယ်ဆိုပေမဲ့
မင်းနဲ့ငါ့ကိုယ်ခွဲထားတာက မင်းလဲမဟုတ်သလို
ငါလဲ မဟုတ်ဘူး ချစ်သူ...
ကံကြမ္မာရဲ့ စေခိုင်းမှုအရ ရောက်ရာအရပ်မှာ
ပျော်အောင်နေနေရတဲ့တို့နှစ်ယောက်အတွက်
အတူတူ နေရမဲ့အချိန်ကိုယ်အမြန်ရောက်ချင်ပြီ
ချစ်သူ...
အခု မင်းရပ်တည်နေတဲ့ နေရာလေးမှာ မင်း
ပျော်နေတာကိုယ် မြင်ရလို့ ငါကျေနပ်မိတယ်..ချစ်သူ
အခုငါရပ်တည်နေတဲ့ နေရာဟာ ငါ့အတွက်ကောင်းတယ်
ဆိုပေမဲ့ မင်းမရှိတော့ မပြည့်စုံဘူ ချစ်သူ..
ငါတို့နှစ်ယောက်ရဲ့ ရင်မောနေရတဲ့နေ့ရက်လေးတွေ
အမြန်ကုန်ဆုံးပါစေတော့လို့ ငါအမြဲဆုတောင်းနေပါတယ်..
ချစ်သူရယ်...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...