လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Sunday, July 15, 2012

ပန်းတိုင်ရှိရာ

ဒူးမတုန်နဲက ကလေး
ဒီလို ထရပ်လိုက်တာကိုက
ခြေလှမ်းတွေ စနိုင်ဖို့ အတွက်ပါပဲ ။
ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမဆုံးခြေလှမ်း
မင်းစပြီးလှမ်းရမှာ ။
ကြောက်စိတ် မ၀င်နဲ့ ကလေး
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေ စမယ် ။
လေးဘက်တွားပြီးကျေနပ်
ထပြီး မရပ်ဘဲနေမယ့် အစား 
ရပ်စမ်း လဲ စမ်း
ရဲရဲလှမ်းကလေး
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင် ။      ။(ဆရာမောင်စိန်ဝင်းရဲ့ကဗျာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...