လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Friday, June 8, 2012

မျက်ရည်မြစ်ကျဉ်း

 စိတ်ကိုရွေ့လျား
   မေ့ထားရုံနဲ့၊
   မေ့သွားရင်လည်း
   အကောင်းသား။

   မမေ့ မမုန်း
   တစ်နေ့လုံး ... သူ၊
   စိတ်ကိုယူငင်
   ရစ်တွင်ရစ်ဖွဲ့၊ နှောင်တွယ်နွဲ့ပြုံး
   အလွမ်းဆုံး ... မြစ်
   လှော်ရင်းနစ်ပြီ။

   မပျော်နေ့ည
   မေ့မရလို့၊
   တွေ့ကြတဲ့အခါ၊
   သူမြင်သာအောင်၊
   ကြင်နာအရိပ်၊ အလွမ်းစိတ်ကို
   ပါးစပ်ပိတ်ထား၊နှလုံးသားမှ
   မျက်ရည်များဖြင့် ပြချင်တယ် ... ။


   မောင်လှမျိုး ( ချင်းချောင်းခြံ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...