လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Tuesday, June 5, 2012

အတိတ်ခါးခါး

လေနှင်ရာ လွင့်တဲ့
အဖြူရောင် လမင်းလေ ရေ...
လေညင်း လာတဲ့ အရပ်မှာ
နင်ပျော် နေပြီ ဆိုတော့လည်း
ငါ ကျေနပ်ပါတယ်လေ
ပုံစံ မတူတဲ့ အချစ်တစ်ခုအတွက်
ဆုံရန်လမ်း မရှိမှန်း သိပေမယ့်လည်း
ရင်မှာ တွယ်ရစ် ဖြစ်ခဲ့မိတဲ့ သံယောဇဉ်လေးကို
ဘယ်လို တားဆီးလို့ ရမလဲကွယ်

ကမ္ဘာဦး အစက အာဒံနဲ့ ဧ၀ ချစ်ခဲ့တဲ့ အချစ်မှာ
တားဆီးမယ့် လူတွေ မရှိတော့လည်း
အဖြူရောင်ထည်လေးပဲပေါ့
ဒါပေမယ့် ချစ်သူရယ်
အစွန်းရောက်နေတဲ့ အသိုင်းအ၀ိုင်း
တစ်ဖက်သတ် အမြင်တွေကြောင့်
ငါ တို့ အချစ်တွေ ဖြူစင်ခဲ့ ပေမယ့်လည်း
လူမမြင်တဲ့ နေရမှာ သဂြိုခဲ့ရတယ်နော်
ဝမ်းနည်းပါတယ်လေ
တစ်ခန်းရပ်ပုံပြင်လေး လို
ရိုးရိုးလေးနဲ့ သွေးအေးစွာ လမ်းခွဲခဲ့ရပေမယ့်
အချစ်တွေက တော့
နင့်အတွက် အရင်လို နွေထွေးဆဲ ပဲလေ

လမ်းခွဲကြတာပေါ့ ချစ်သူရယ်
ရေတွင်းထဲက လရောင်ကို ဆယ်ယူလို့မရမှတော့
ရှိလျက် အဖြစ်လေးကို လက်ပြဖို့ နှုတ်ဆက်ရင်း
လမ်းခွဲ ကြတာပေါ့
နင်အဆင်ပြေပါစေတော့လေ....
ငါတို့ ချစ်ခဲ့ အမှတ်တရတွေနဲ့ အတူ
လွမ်းစရာလေးတွေ ငါယူခဲ့ လိုက်ပြီပဲ
လမ်းမှာ တွေ့ရင်လည်း
သူစိမ်းလိုပဲ နေကြတော့တာပေါ့ ချစ်သူရယ်
အရာ အားလုံးဟာ ငါတို့ အတွက် နောက်ကျသွားခဲ့ ပြီ.......။
♥....♥....♥....♥....♥....♥..........................♥.
— with ဦး သုခ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...