တမ်းတသတိရ
ရင်ထဲအမှတ်တရ
အချိန်တိုင်းသတိရ
မင်းတစ်ယောက်ကိုမေ့မရ။
သံယောဇဉ်
ခင်မင်မှုနှောင်ကြိုး
နားလည်တဲ့ကိုယ်ဘဝကို
ခွင့်လွှတ်လည်းမင်းမကယ်နိုင် ။
လောကမှာငွေလို
အချစ်အတွက်အကြင်နာပိုချင်လို့
ဝေဒနာတစ်ချို့ကို
ဂစ်တာတစ်လက်နဲ့
သီချင်းတစ်ပုဒ်အဖြစ်
ညည်းတွားသီဆိုရင်း
တောက်ပတဲ့နေ့သစ်တွေ
ငါ ……ရရှိပိုင်ဆိုင်ဖို့
ဒုက္ခကြားငြိမ်သက်ဆဲပါအချစ်ရေ ……….
No comments:
Post a Comment