သူတပါး၏ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲကို လူအများ သိလွယ် မြင်လွယ် ထင်လွယ်ကြပါသည်။
သို့သော်-မိမိသည်ပင် ယခုကတည်းက အိုနေသည် နာနေသည် သေနေသည်ဟု မဆင်ခြင်မိပါ၊ သတိမေ့လျော့နေဆဲ ဖြစ်ပါသည်။
ထို့ကြောင့်- ယခု ငါမအိုသေး ငါမနာသေး ငါမသေသေးဟု ယူဆထားပြီး နောက်မှ အိုမည် နာမည် သေမည်ဟု ထင်နေမိပါသည်။ ထိုသူများ သတိနှင့် အသိလွတ်နေကြပါသည်။
No comments:
Post a Comment