လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Thursday, February 17, 2011

ချစ်သူသို့

လွမ်းရသူအဖို့
လေပြေဝှေ့ရမ်း
သစ်ရွက်ကြွေတောင်
ဆွေးတမြေ့မြေ့
ထင်ကျန်ဆဲမင်းပုံရိပ်
ရင်ခွင်ဗလာပြင်မှာ .............
ချစ်သူရေ
မင်းသိပါစေ
မင်းကြားနိုင်ပါစေ
ငါမင်းကိုချစ်နေတာကို .........
ဝေးကွာကြာရှည်
နှစ်တွေလည်းမနည်းပြီမို့
တို့နှစ်ယောက်
ဟိုအရင်ကလိုပဲ
ပိတိအပြုံးတရှိန်းရှိန်းနွေး
ဆိုးတူကောင်းဖက်မေတ္တာမပျက်
စိမ်းလန်းတဲ့ဘဝသစ်
တည်ဆောက်ကြစို့နော်ချစ်သူ ...........

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...