ပန်းသဇင်တို့
နှင်းရည်သောက်ပြီး
ဟေမာန်ဆောင်းရာသီ
ွပွင့်လန်းကြသလို
ကိုယ်နှလုံးသားဟာလည်း
အချိန်ယူပြီးမှ
ကြီးထွားရတဲ့ကျွန်းသစ်ပင်လိုပါပဲ .............
တိတ်တခိုးယုယ
ကိုယ်နှလုံးဥယာဉ်ထဲ
အကြင်နာတွေတဖွဖွနဲ့
အချိန်မှိပွင့်လန်းအောင်
စောင့်ခဲတာ
ရက်၊လ၊နှစ်မတွက်ဆနိုင်တော့ဘူး ........
ရင်ဝှက်ပန်းကလေးရေ
မင်ရဲ့စကားသံ
မင်းရဲ့ပုံရိပ်
ပြုံးရွှင်တဲ့နှလုံး
ဖြူစင်တဲ့စိတ်ထားလေးကို
စွဲချစ်မိလို့
ရင်ခုန်သံချင်း
ထပ်တူညီကြစို့လားကွာ ..........
No comments:
Post a Comment