လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Friday, January 28, 2011

ပြုစားသူ

နေကွယ်ချိန်ကုန်ဆုံးမဲ့
အချစ်မျှင်သည်းသည်းလေး
ဝိုးတစ်ဝါးနဲ့မပီပြင်ဘူး။
များပြားလွန်းတဲ့မင်းရဲ့
အချစ်မြူနှင်းတောက
ငါဟာ………..
မြူတစ်မှုန်စာလား
သွန်လိုသွန်မှောက်လို့မှောက်
မင်းရဲ့အချစ်ရမက်ကြား
ငါဟာ……..
တစ္ဆေကမျက်ကန်းကိုကောက်ယူသလို။
လွှတ်မလားလို့ရုန်းကြည့်ပေမဲ့
ငါဟာ………..
ကြာတွေဖုံးထားတဲ့
ရေကန်အောက်က
လမင်းကိုငေးကြည့်နေတဲ့
ငါးကလေးပေါ့……….

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...