လာလည်တဲ့သူငယ်ချင်းအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ပါစေ

Friday, August 24, 2012

“ဒို့ အရပ်နဲ့ ဒို့ ဇာတ်”

အရပ်ထဲမှာ နေ
ရွာလေသံ ရွာစကား
ရွာကို ငါဆောင်
ရွာသွေး ငါတကောင်ဟဲ့
ယာတောင်ပြင် ယာခရိုးမှာ
သူခိုးတွေ ရွာခြေမကပ်ရအောင်
စောင့်ကြပ်မယ့် ဓား။

တစ်ရွာနှစ်ရွာ အရွာရွာပေါင်း
တစ်ကျောင်းနှစ်ကျောင်း အတူဆုံ
ရွှေဘုံသာ ဘုရား။
ပွဲတော်မှာ နွှဲပျော်ကြမှာမို့ 
လှည်းကလို့  ရွှေခြူဆင်
ပွဲကြည့်စင် ရှေ့ တန်းက
လွမ်းခန်း တငိုငို
အဆိုအက တွေမှာတော့
အလိုကျရှာတဲ့
ဟာသတွေ တဝေါဝေါ
သောသော ညံစီစီနဲ့ 
ရောင်နီပေါ်တော့ ပွဲပြန်လှ
ဒို့ ဘ၀နဲ့  ဒို့ ရွာသား။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...