လူချင်းဝေးပါစေ
စိတ်ချင်းနီးရင်တော်ပါပြီ
ချစ်သူရေ .........
တစ်သစ်စာအတွက်
တခဏဝေးကြတာပါ ။
လေတိုက်တိုင်း
ပန်းကြွေရင်
ပန်းပွင့်ဆိုတာ
မြင်ဖူးမှာတောင်မဟုတ်ဘူး ။
အားမငယ်ပါနဲ့
ချစ်သူ
ရဲ့ရင့်တဲ့စိတ်မျိုးနဲ့
လှပတဲ့တို့နှလုံးသားတွေကို
အကောင်းဆုံး
သီအိုရီသုံးပြီး
ပုံဖော်ကြမယ်လေ ။
အဓိက
တစ်ယောက်ကိုတစ်ယောက်
ခိုင်မြဲစွာချစ်နေကြဖို့
မဟုတ်လား ။
No comments:
Post a Comment